ကူးစက် သတ်ပုံ

၁။ HIV ကူးဆက်ခံရတယ်ဆိုလို့ပါဆရာ

ကူးစက်လို့ ရေးရတယ်။

၂။ ကိုယ်ဝန်ဆောင်မိခင်မှာ ကာလသားရောဂါရှိနေမယ်ဆို မွေးထာမဲ့ ကလေးကိုကူးစပ်နိုင်ပါသလား ဆရာ။

ကူးစက်လို့ ရေးရတယ်။

၃။ ကျွန်မအသက်က ၃၅ နှစ်ပါဆရာ။ ဘယ်ဖက်နှာခေါင်းကိုညစ်မှပွင့်ပါတယ်။ စက်စပ်နေတာများလားဆရာ။

ဆက်စပ်လို့သာရေးရတယ်။

၎။ ဆရာ ကျွန်မ ကလေးရအောင် ဘယ်လို စက်လက်ပြုလုပ်နိုင်ရင် ကောင်းမလဲဆရာ။

ဆက်လက်လို့သာရေးရတယ်။

၅။ ဆုံးမစာတခုက အိက်ဆက်အနားယူပါလို့ရေးတယ်။

အိပ်စက်လို့သာရေးရတယ်။

၆။ မ 35 yrs အနည်းငယ်အစက်ပါတာစားလျင် ပါးစောင်တွင်အဖုတွေပေါက်လာပြီးပေါက်ပြဲလာခြင်း

အစပ်လို့ရေးတာထင်တယ်။

၇။ ဆရာရှင့် မရိုမသေ ကျမ သားဆက်ခြားနည်လမ်းတခုထဲက သုံးလဆေးကို တခါထိုးပြီး ရပ်လိုက်ပါတယ်။ အခုဆို marvelon သုံးတာ ၄ရက်မြောက်ရှိပါပြီ။ သုံးလဆေးနဲ့ marvelon ပြောင်းသောက်တဲ့ ဆက်ကူးမက်ကူးကာလမှာ ရာသီသွေးမပေါ်သေးပါဆရာ။

စပ်ကူးမတ်ကူးလို့ ရေးရ။

၈။ ဆရာရှင့် ကျမအသက် ၃၈ ပါ။့ က အရမ်းပူစက်စက်ဖြစ်နေလို့။

ပူစပ်စပ်လို့ ရေးရ။

၉။ ဆရာ ကျောင်းသားလေးကို အူတီဘီလို့ယူဆပြီး ဆေးရုံသွားခိုင်းတယ်။ စိုးရိမ်ရသလား။ တခြားလူကိုရော ကူးဆက်နိုင်ပါသလားဆရာ။

ကူးစက်လို့သာ ရေးရတယ်။

၁၀။ ဆုံးမစာတခုက အိက်ဆက်အနားယူပါလို့ရေးတယ်။

အိပ်စက်လို့သာရေးရတယ်။

စက် နဲ့ ဆက် https://doctortintswe.blogspot.com/2016/12/blog-post_5.html

စပ် စက် ဆက် https://doctortintswe.blogspot.com/2018/08/blog-post_79.html

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး