Alcohol and Depression အရက်က စိတ်ကျစေတယ်

စောစောကတင်တာ ဖတ်မရဆိုလို့ စစ်ကြည့်တယ်။ ဟုတ်တယ်။ ဘလော့မှာတောင် မရှိတော့။ ဘာ့ကြောင့်လဲမသိ။ သိမ်းထားတဲ့ဖိုင်တွေထဲကနေ လိုက်ရှာရတယ်။ ဆောရီး။ ရေးထားတာ ၅ နှစ်ရှိပြီ။

ကျွန်တော် အသက်က ၃၁ ကျော်ပါပြီ။ အခု့ မှာ ရောက်နေပါတယ်။ အရက်ကို ၂ နှစ်လောက် နေ့တိုင်း သောက်ပါတယ်။ မနှစ်က ၁ဝ လပိုင်းကစပြီး အရက်ဖြတ်လိုက်တာ ၃ လ လောက်ရှိပါပြီ။ ဘယ်ဘက် ခေါင်းအောက်ပိုင်းက ထိုးပြီး မကြာခဏ ကိုက်ပါတယ်။ စိတ်ဂနာမငြိမ် ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရင် သေချင်သလို ရူးချင်သလို ဖြစ်ပါတယ်။ ဗိုက်ကလဲ တဂွီဂွီနဲ့ လေထိုးသေးပါတယ်။ ဆေးခန်းသွားပြတော့ အာရုံကြော အားနည်းတယ် ဆိုပြီး ဒရစ်သွင်းပေးပါတယ်။ ပြီးတော့ ဗီတာမင် Flavetts Neuroforte နဲ့ Xana (Alprazolam) ဆေးတွေပေးပါတယ်။ ညဆိုရင် ၁၂ နာရီ လောက် အိပ်ပြီး မနက်ကြရင် ၉ နာရီလောက် နိုးပါတယ်။ ဝမ်းလည်း နည်းနည်းချုပ်ပါတယ်။ Pricolax ဆေးသောက်ရပါတယ်။ အဲဒီလိုဖြစ်ရင် ရူးချင်သလို ဖြစ်ပါတယ်။ တခါတခါ သတ်သေချင်စိတ်တောင် ပေါက်ပါတယ်။ စိတ်ကလည်း မကြည်၊ လူကလည်း မလန်းပါဘူး။ ဒီလ ၇ ရက် နေ့လောက်မှ စဖြစ်တာ။ အရင် ၁ လ ၂ လ လောက်ကတော့ နည်းနည်းတော့ ဖြစ်တယ်။ ဒီလောက် မဆိုးပါဘူး။ အခု တော်တော် ခံနေရလို့ပါ။

အခုအရက်ဖြတ်ထားနိုင်တာ အတော်ချီးကျူးဘို့ ကောင်းတယ်။ Congratulations! ဆက်ထိန်းထားစေချင်တယ်။ စိတ်ပိုင်းကိုတော့ ကုရပါမယ်။

Alprazolam (Niravam, Xanax, Xanax XR) ဆေးက စိတ်ကျလို့ဖြစ်ရတဲ့ စိုးရိမ်စိတ်ကဲတာတွေကို အများကြီး သက်သာစေတယ်။ အတော် ကောင်းပါတယ်။ ဒီဆေးကို ကျောက်ကပ်၊ အသဲ၊ ရေတိမ်ရောဂါ မရှိသူတွေကိုသာ ပေးတယ်။ အရက်နဲ့ မတည့်ပါ။ အရက်အရှိန်ကဲစေမယ်။ စိတ်ကျနေသူ၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ဖြစ်သူ၊ ဆေး-အရက်စွဲသူတွေကို ပေးဘို့ စိတ်အထူးကု-ဆရာဝန်ကနေ ဆုံးဖြတ်ပါမယ်။

အရက်ဆိုတာ တခါတလေ စိတ်အားငယ်စေတယ်။ စိတ်ဓါတ်ကျနေမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။
တခါတလေ ကြမ်းတမ်းတယ်။ သူများကို ရန်လုပ်၊ အပြစ်တွေသာ တင်နေမယ်။ သူများ သတ်ချင်စိတ် ဝင်လိုက် ကိုယ့်ကိုယ်ကို သတ်ချင်စိတ် ပေါ်လိုက် ဖြစ်ကြရတယ်။

အကောင်းဆုံး အကြံပေးရရင် အရက်ကို ဖြတ်လိုက်ပါ။ စိတ်အထူးကုဆရာဝန်ကို ပြသပါ။ သက်သာရာကနေ ကောင်းသွားမှာပါ။ လွယ်တာတော့ မဟုတ်ပါ။ ဒီကြားထဲမှာ ငါ အရက်ဖြတ်မယ်။ ရောဂါကိုကုမယ်ဆိုတဲ့ အဆုံးအဖြတ် ကလွဲရင် တခြားအရေးပါတာတွေ မဆုံးဖြတ်ပါနဲ့။ မှားတာတွေ ဖြစ်တတ်လို့ နောင်တရပြီး စိတ်ဓါတ်ပိုကျစေနိုင်တယ်။ အဲလိုလူမျိုး ကိုယ်တယောက်ထတည်းမဟုတ်ပါ။ လူရွယ်တွေ များမှများဘဲ။ ဒိထက် ဆိုးသွားသူတွေလဲ တအားပေါတယ်။ ကိုယ့်ကျန်းမာရေးအတွက် မေးဘို့ အသိတရား ရှိနေတာကိုက ပျောက်မဲ့သူ ဖြစ်တယ်။ You can do it!

အရက်ကနေဖြစ်စေတဲ့ စိတ်ကျလက္ခဏာများ
1. Fatigue အားယုတ်၊
2. Insomnia အိပ်မရ၊
3. Sleeping too much အလွန်အအိပ်များ၊
4. Feelings of guilt, worthlessness, and helplessness နောင်တရနေ၊ အသုံးမကျလို့ထင်မှတ်နေ၊ ကယ်မဲ့သူမရှိလို့ထင်မှတ်နေ၊
5. Pessimism and hopelessness အဆိုးမြင်၊ မျှော်လင်ချက်ကင်းမဲ့နေ၊
6. Anxiety စိုးရိမ်စိတ်ဖြစ်နေ၊
7. Feelings of emptiness ဘာမှမရှိသလိုခံစား၊
8. Restlessness ဂနာမငြိမ်၊
9. Aches and pains နာ ကိုက်ခဲ၊
10. Suicidal thoughts or attempts ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်။

ကုသရာမှာ ရောဂါက ၂ မျိုး။ အရက်သောက်လိုခြင်းနဲ့ စိတ်ဓါတ်ကျခြင်း။ အထူးကုဆရာဝန်နဲ့ ဌာနမှာကုသသင့်တယ်။

1. Antidepressant medications စိတ်မကျဆေးပးခြင်း၊
2. Cognitive behavioral therapy အသိတရား ကိုယ်အမူအယာပြုပြင်နည်း၊
3. Motivational interviewing စိတ်ဓါတ်ခွန်အားပေဒ အင်တာဗျူး၊
4. Trauma therapy ထိခိုက်ဒဏ်ရာကုသနည်း၊
5. Family systems therapy မိသားစု အသိုင်းအဝိုင်းနည်း။

Dr. တင့်ဆွေ
၂၅-၈-၂၀၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး