ကိုစံရွှေမြင့် ရှင့်

သည်ကနံမယ် အင်္ဂါအပြည့်အစုံကတော့ ချိုသက်ပိုင်ရယ်ပါ - တချို့ကတော့ ခါးဖြတ်ပြီး ပိုင့့် တဲ့။ ပိုင့်စာကိုတော့ မိတ်ဆက်စာလို့ပဲ ယူဆယူဆ ကူညီမှုပေးတဲ့စာလို့ပဲ သတ်မှတ်သတ်မှတ်၊ အနှောင့်အယှက်ပေးတယ်လို့ပဲ ထင်ထင် - ဒီလိုပါတဲ့ရှင် -

ခုတလော ကိုစံရွှေမြင့်ရေးနေတဲ့ ဇာတ်လမ်းတွေက မရီရဘူး - ဒါပေမဲ့ ပိုင်က မကောင်းဘူးရယ်လို့ ဆိုလိုတာမဟုတ်ဖူးနော် - အချိုကြိုက်တဲ့လူ- အစပ်ကြိုက်တဲ့သူ - အချဉ်ကြိုက်တဲ့သူ - ဒီလိုရှိကြတာကလား အချိုကြိုက်တဲ့သူက ချဉ်တာ မကောင်းဘူးဆိုတော့လည်း အဖြစ်သေးဘူးပေါ့ -

ဒါပေမဲ့ ပိုင်ကတော့ ရီရတာမျိုးပဲ နှစ်သက်တယ်လေ - ဒါကြောင့် ရီရမယ်ထင်တဲ့ ဟောဒီဇာတ်လမ်းလေးကို ပေးပို့လိုက်ပါတယ် - လိုတာကိုဖြည့်ပြီး ပိုတာကိုဖြတ် - ဒီလိုနည်းနဲ့ ပြုပြင်ယူမယ်ဆိုရင် ကိုစံရွှေမြင့်အတွက် ဇာတ်လမ်းကောင်းလေးတပုဒ် ဖြစ်လာနိုင်ပါတယ် -

သည်ဇာတ်လမ်းကတော့ တပေါင်းလ မော်တင်စွန်းဘုရားပွဲကို ပိုင်ရောက်ခဲ့တယ် - အဲဒီမှာတွေ့ကြုံဖြစ်ပျက်ခဲ့တဲ့ ပိုင့် ကိုယ်တွေ့ ဇာတ်လမ်းကလေးရယ်ပါ - ဖတ်ကြည့်ပြီး နှစ်သက်မယ်ဆိုရင်သုံးပေါ့ - မင်းသားက ကိုစံရွှေမြင့်ပဲပေါ့ - အပေါင်းအသင်းကတော့ ကိုငြိမ်းမောင်တို့အုပ် - အဲ မင်းသမီးကို ပိုင် လို့သုံးရင်လည်း စိတ်မဆိုးပါဘူ့း့ လို့ -

ပေါတယ် မထင်နဲ့နော -

ချိုသက်ပိုင်

စံရွှေမြင့်ခေတ်က ကာတွန်းနဲ့ သတ်ပုံကို တင်ပြလိုက်တာပါ။ ခုခေတ်မှာတော့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် တဲ့။ တစ်ပေါင်းလ ရောက်လာတော့မည်။

၁၉၇၁ မေလထုတ် ကာတွန်းမြင့်သိန်း၏ စံရွှေမြင့် - ကိုနောက်ပိုး https://www.facebook.com/shwethwayjournal/

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး