မုတ်သုန် မောနင်း

မနှစ်ကရောက်ခဲ့တဲ့ မန္တလေးမှာ
မိုးတွေရွာနေသတဲ့ ညမအိပ်ခင်ကဖတ်ရတာ
မနက်ကတည်းက ထစ်ချုန်ကာရွာ ဒီမြို့မှာ
မရွာသေးတဲ့ မြို့ရွာတွေမှာလည်းရွာ
မုတ်သုန်က မျက်နှာမလိုက်ပါ
သူစိတ်ဆိုးမှာသာ ကြောက်ရတာ
မိုးကောင်း ပျိုးကောင်းမှာ ပြည်မြန်မာ
စိမ်းစိုမြေယာ လူကျန်းမာ။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး