San Shwe Myint, a hero in Myanmar comics မြန်မာကာတွန်းဟီးရိုး စံရွှေမြင့်

မြန်မာတိုင်းမှာ အင်္ဂလိပ်လိုရေးတာ တွေ့တယ်။ ကျေးဇူး။ ကျွန်တော် မြန်မာစာသတ်ပုံ အထောက်အထားပြရာမှာ ရွှေသွေးဂျားနယ်နဲ့ စံရွှေမြင့် ကာတွန်းတွေကို သုံးပါတယ်။ လူငယ်တွေအတွက်ပါ။ လူရွယ်တွေအတွက် စွယ်စုံကျမ်း။ လူကြီးတွေအတွက် ဆဋ္ဌသံဂါယနာတင် မြန်မာပြန်ကျမ်းတွေနဲ့ မြန်မာစာသမားတွေအတွက်တော့ စုတ်ပြဲနေပြီဖြစ်တဲ့ သတ်ပုံစာအုပ်လေးတွေ။

အများတကာ၊ တဦးကိုတဦး နဲ့ တချိန်ချိန် သတ်ပုံပါတဲ့ စံရွှေမြင့်ရဲ့ နွေဦးပေါက်ရင်ကိုပါ တင်ပြထားတယ်။

မလိမ်ပါ မညာပါ မှန်ရာကိုသာပြောရရင် သံယောဇဉ်တမြှင်ကြိုးနဲ့ သူ့ကိုပင် ဆုံးတသက် ရုန်းမထွက်နိုင်အောင် တမင် အထပ်ထပ် ရစ်ပတ်ချည်နှောင်လိုက်စမ်းချင်

သြော် ဒါပေမယ့် ကျမအနုပညာရှင် မီးရောင်အောက်က ဇာတ်သမလေးမို့ပင် စိုးရွံစိတ်လဲလွန်ကဲချင် မတွေးမဆ အဆိုးမြင်ဝါဒနဲ့ နောင်တကယ် ရှောင်ဖယ်ခဲ့ရင် အနာဂတ်မရှိ ပစ္စုပ္ပန်မှောင်အတိ မချိပင်ပမ်း နွမ်းနွမ်းလျလျ တမ်းတလို့ မနေချင်

ဒါကြောင့်မို့ သူ့လို တခုပြောချင် ခိုင်သင်းကြည်ဇာတ်သမမို့ မေတ္တာ အကို့မေတ္တာကို မမျှစေချင်

ဆုံးတသက် နဲ့ နောင်တကယ်သတ်ပုံကို တင်ပြပါတယ်။

ပင်ပန်းလို့ရေးသင့်ပါတယ်။ မျှင်လို့က ပိုသင့်မယ်ထင်ပါတယ်။

ကျနော်နဲ့ မြတ်ဟာ သမီးရီးစားဘဝကနေ အကြင်လင်မယား ဖြစ်လာကြတဲ့အထိ အများတကာ စံထားလောက်အောင် တဦးကိုတဦး အကြင်နာအယုယပိုခဲ့ကြတယ် မဟုတ်ပါလား

ဒီတော့ သားတည်းဟူသော ကြိုးကလေးကြောင့် စွန်တည်းဟူသော မြတ်ရဲ့ရစ်ဘီး ကျနော်ဟာ ဘယ်လောက်ပဲဝေးဝေး တချိန်ချိန်မှာဖြင့် ပြန်လည်ဆုံစည်းရဦးမှာပါ ကိုငြိမ်းမောင်ရယ်

ဒါကြောင့်မို့ တခုပြောချင်။ မြန်မာစာ သံယောဇဉ်တမျှဉ်ကြိုးလေးသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး