တစုံတခု

တစုံတခု ဆူလောင်ထကြွခြင်းမရှိသည်ကိုထောက်လျှင်

ထို့နောက် ၂ နှစ်တိုင် မန္တလေးမြို့၌ တစုံတခုကြီးကျယ် မှတ်သားလောက်သော အခင်းမရှိလေ။ မင်းတုန်းမင်းသည် အသက်အရွယ် ကြီးရင့်လာသောလည်း ကိုယ်လက်ကျန်းမာ၍ စိတ်လည်း ခါတိုင်းကဲ့သို့ပင် မြဲမြံခိုင်ခံ့ မယုတ်မလျော့ ရှိလေသည်။ မိမိနိုင်ငံတော်၌ တစုံတခု ဆူလောင်ထကြွခြင်း မရှိသည်ကိုထောက်လျှင် ကောင်းစွာ အုပ်စိုးခြင်းကြောင့် ဖြစ်သည်ဟု ဆိုရာ၏။ ၁၈၇၆ ခုနှစ်မကုန်မှီ နန်းမတော်ဘုရား နတ်ရွာစံတော်မူသဖြင့် သနားကြင်နာ မေတ္တာကရုဏာ သက်တတ်သောကြောင့် ပြည်သူပြည်သားကျွန်တော်မျိုးအပေါင်းတို့ ချစ်ခင်လေးမြတ်ကြသူ တိုင်းရေးပြည်မှုကို စိုးအုပ် စီရင်ရာ မင်းတုန်းမင်း၌ အဘိုးထိုက်အဘိုးတန် အကူအပံ့ကဲသို့လည်းဖြစ်သူတယောက် ဆုံးရရှာလေ၏။

မန္တလေးရာဇဝင်၊ မြန်မာ့သမိုင်းမှာ အဲလို မြန်မာစာသတ်ပုံမှန်နဲ့ ရေးသားမှတ်တမ်းတင်ခဲ့ဘူးပါကြောင်း။ တစုံတခု ဆူလောင်ထကြွခြင်း ရှိခဲ့ခြင်းကြောင့် မြန်မာစာ ပါတော်မူခဲ့ရပါသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး