ကျောက်ကန်ရွာမှာ နေ့လယ်စာ





မနှစ်ကပြန်ရောက်တယ်။ ၁၉၉၀ ဆောင်းလတညမှာ စစ်ထောက်လှမ်းရေးက လာဖမ်းတော့ ရှောင်ပြေးနိုင်ခဲ့ပြီး နေရာအမျိုးမျိုးမှာ ပုန်းရှောင်နေနိုင်ခဲ့တာ ၂ ပတ်ကြာတယ်။ ကျွန်တော့်ကို အကာအကွယ်ပေးကြသူတွေထဲက တဦးနဲ့ ပြန်ဆုံရပါတယ်။

လွန်ခဲ့တဲ့ ၂၈ နှစ်က သံလင်ပန်းနဲ့လာပို့တဲ့ မနက်စာ ညစာကို ဒီအိမ်မှာ စားခဲ့တယ်။ အဲဒီတုန်းကတော့ ထမင်းတွေ ဟင်းတွေရဲ့အရသာကို ကျွန်တော် တကယ်မသိခဲ့ပါ။

အခုတော့ အရသာခံစားနိုင်ခဲ့ပါတယ်။ ကျေးဇူး။ ဒေါ်မြမြအေးလက်ထဲက သပြေပန်းဟာ အသက်တမျှတန်ဖိုးကြီးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၈
၂၈-၅-၂ဝ၁၉

မနှစ်က အလည်ပြန်တော့

ချင်းတွင်းမြစ်အနောက်ဖက်တကြော လိုလေသေးမရှိ လုပ်ဆောင်ပေးတဲ့ ပုလဲကမိသားစုနဲ့အတူ။

ပုံထဲက ကျွန်တော် အခုနည်းနည်းလေးပိုဝလာပြီး၊ ဒေါ်မြမြအေးက ပုံထဲကထက် စစ်သွားတယ်။ အိမ်ရှင်တွေ ဘယ်လိုနေ မသိ။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၈
၂၈-၅-၂ဝ၁၉

Bye Pale

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၈
၂၈-၅-၂ဝ၁၉

မြိုင်မြို့နယ် ကျောင်းရပ်ရွာမှာ

၁၉၉ဝ ကတည်းက အရောင်အသွေးတူသူတွေနဲ့ မနှစ်က ဒီလိုနေ့မှာ ပြန်ဆုံရတယ်။

ကျွန်တော် ဆရာဝန်လုပ်ခဲ့စဉ်ကရော နိုင်ငံရေးလုပ်တော့ပါ ချင်းတွင်းမြစ် အရှေ့ဖက် အနောက်ဖက်က မြို့တွေရွာတွေနဲ့ သက်ဆိုင်ခဲ့တယ်။ လူနာတွေရှိတယ်။ မဲပေးသူတွေရှိတယ်။ မဲရအောင်စည်းရုံးသူတွေရှိတယ်။

ပုန်းရှောင်နေရစဉ်ကလည်း အဲလိုနယ်တွေက ကူညီကြပါတယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုကိုလည်း စောင့်ရှောက်ကြတယ်။ ရွာအမည်တွေ အလွတ်ရတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၈
၂၈-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ