Solar Power ဆိုလာပါဝါ

မကွေးတိုင်းမှာ နေရာင်ခြည်သုံး ဆိုလာအင်နာဂျီယူနစ်တည်ဆောက်တဲ့သတင်း ဖတ်ရတယ် ကွန်ဂရက်ကျူလေးရှင်း။ ဒီစာရေးတာလည်း ၂ နှစ်တိတိ။

ယူကေနိုင်ငံမှာ ဆိုလာအင်နာဂျီ ခေါ် နေရောင်ခြည်စွမ်းအင်အသုံးပြုမှု စံချိန်တင်လိုက်ဆိုတဲ့သတင်း ထွက်ပါတယ်။ တနိုင်ငံလုံး လျှပ်စစ်အသုံးပြုမှုရဲ့ လေးပုံတပုံကို နေရောင်ခြည်ကနေ ရယူတာဖြစ်တယ်။ နေ့လည်စာစားချိန်မှာ 8.7 gigawatts (GW) ဂီဂါဝပ်သုံးခဲ့တယ်။ အဲတာက ၂၄့၃% ဖြစ်တယ်လို့ဆိုပါတယ်။ အရင် မေလ (၁ဝ) ရက်နေ့တုန်းက 8.48GW နဲ့ စံချိန်တင်ထားခဲ့ပါတယ်။

ယူကေနိုင်ငံမှာ စွမ်းအင် ၂၃% ကို နယူကလီယာစွမ်းအင်ကနေရယူတယ်။ ၃ဝ% ကို သဘာဝဓါတ်ငွေ့ရနေရတယ်။ ကျောက်မီးသွေးကနေ ၁့၎% ရတယ်။

အမေရိကန်သမတသစ်ကတော့ ပြောင်းပြန်လုပ်နေတယ်။ သူကပိုက်ဆံသာကြည့်တယ်။ သဘာဝဝန်းကျင် ပျက်စီးတယ် ဆိုတာ သိပ္ပံပညာရှင်တွေက ချဲ့ကားပြောကြတာလို့ဆိုပါတယ်။

ယူကေနိုင်ငံမှာတော့ ဧပြီလထဲမှာ တရက်တိတိကို ကျောက်မီးသွေးမသုံးပဲနေတယ်။ ၂ဝ၂၅ ရောက်ရင် ကျောက်မီးသွေး စက်ရုံတွေပိတ်ပါမယ်။ အရင်က စွမ်းအင်အသုံးချမှုရဲ့ ၂၃% ကနေ ၂ဝ၁၆ ခုနှစ်မှာ ၉% သာ ရယူတော့တယ်။

ကွန်မင့်မေးခွန်း = ယူကေမှာ ရေအားလျှပ်စစ်ရော သုံးလားဆရာ။

သတင်းမှာပါတာသာ ပို့စ်မှာရေးပါတယ်။ သုံးတယ်လို့ သိရတယ်။ ၂ဝ၁၂ မှာ 1.65 GW တပ်ဆင်ဆင်ထားပြီး ၁့၈% ကို အဲဒီကရတယ်။ မြစ်တွေကထုတ်ယူတာက 5,000 GWh နဲ့ ၁့၃% ရှိတယ်။ ဒါ့ပြင် ပမ့်သိုလှောင်စနစ်နဲ့ ရေအားလျှပ်စစ်က 2.8 GW ရတယ်။

၂၀၁၈ ခုနှစ် ကြဂုတ်လစာရင်းတွေအရ ကမ္ဘာ့အကြီးဆုံး ဆိုလာစတေရှင်များ
1.    Tengger Desert Solar Park China တရုပ်
2.    Kurnool Ultra Mega Solar Park India အိန္ဒိယ
3.    Datong Solar Power Top Runner Base China တရုပ်
4.    Longyangxia Dam Solar Park China တရုပ်
5.    Rewa Ultra Mega Solar India အိန္ဒိယ
6.    Bhadla Solar Park India အိန္ဒိယ
7.    Kamuthi Solar Power Project India အိန္ဒိယ
8.    Pavagada Solar Park India အိန္ဒိယ
9.    Solar Star (I and II) United States ယူအက်စ်အေ
10.    Topaz Solar Farm United States ယူအက်စ်အေ

ပုံကတော့ စပိန်နိုင်ငံ ဆိုလ်နိုဗာ ဆိုလာပါဝါစတေရှင်။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၇
၂၆-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး