Global addiction overview အရက်နဲ့ မူးယစ်ဆေးစွဲခြင်းအမျိုးမျိုး

သွားရင်းလာရင်း လမ်းဘေးက ဆိုင်းဘုတ်တခုကို သတိထားမိတယ်။ ဆေးလိပ်အမျိုးမျိုး ရနိုင်တဲ့နေရာတွေတဲ့။

၂၀၁၆ စာရင်းတွေအရ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်ကြာ အရွယ်ရောက်ပြီးသူ ၂၀ ယောက်မှာ ၁ ယောက်က အရက်နဲ့ မူးယစ်ဆေး တခုမဟုတ်တခုကို စွဲနေကြတယ်။ ဘိန်းကအများဆုံး။

Causes of Addiction အရက်နဲ့ မူးယစ်ဆေး ဘာလို့စွဲကြသလဲ
၁။ Genetics မျိုးဗီဇပါခြင်း ၄၀% ကနေ ၆၀% အထိ၊
၂။ Environmental factors ပတ်ဝန်းကျင်ဆွဲဆောင်မှု၊
၃။ Teenagers ဆယ်ကျော်သက်အရွယ်နဲ့
၎။ Mental health disorders စိတ်အခြေအနေရှိသူတွေ။

အမေရိကမှာ
• Cocaine ကိုကိန်းသုံးသူ ၉၆၆၀၀၀ ယောက်။
• Heroin ဟီရိုးယင်းသုံးစွဲသူ ၆၅၂၀၀၀ ယောက်။
• Prescription drugs ဆရာဝန်ညွှန်ကြားချက်ဆေးသုံးစွဲသူ ၁့၇ သန်း။
• Marijuana မာရီဂွါးနားသုံးစွဲသူ ၄့၁ သန်း။
• Alcohol အရက် ၁၄့ ၅ သန်းရှိနေတယ်။
• အမေရိကန် ၈့၅ သန်းတို့က အရက်၊ မူးယစ်ဆေးစွဲခြင်းနဲ့အတူ စိတ်ရောဂါပါဆက်ဖြစ်နေကြတယ်။

ကမ္ဘာမှာ ၂၀၁၄ စာရင်းအရ အရက်စွဲနေသူပေါင်း ၁၂၄ သန်း။ နှစ်စဉ် လူ ၃ သန်းတို့ဟာ အရက်နဲ့ဆက်စပ်တဲ့ ရောဂါတွေနဲ့ သေဆုံးနေကြတယ်။ အသက်တိုနှုန်းတွက်ရင် ၂၀၁၀ စာရင်းအရ စုစုပေါင်း အသက် ၃့၆ သန်းနှစ်တွေတိုခဲ့ကြပြီ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး