Friday, November 30, 2018

Questions on 30-11-2018

နံနက်ခင်း မေးခွန်းများ

၁။ ဟုတ်ကဲ့မင်္ဂလာပါဆရာ မသိတာလေးမေးချင်လို့ ဆရာအပန်းမကြီးရင်ဖြေပေးပါနော်

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၂။ ဆရာ မင်္ဂလာပါရှင့် သမီးအသက်က ၂၆ ပါရှင့် အိမ်ထောင်ရှိပါတယ် အဖြူ ဆင်းပြီး အနံ့ နံနေလို့ပါဆရာ Dazolic ကိုတော့ အရင်က အဖြူဆင်းလို့ OG ပေးလို့ သောက်ဖူးပါတယ် ဆရာ အောက်ကဆေး meghocef 200 ကိုတော့ တခါမှ မသောက်ဘူးပါဘူး ဆရာ အာ့ဆေးကို ရှာကြည့်တော့ ရေးထားတာ နားမလည်လို့ပါ ဆရာ သူက ပိုးသတ်ဆေးလား သိချင်လို့ပါ ဆရာ

Mahacef 200 MG Tablet ဟာ ပိုးအများကိုနိုင်တဲ့ ပဋိဇီဝဆေးဖြစ်တယ်။ နေရာများစွာမှာ ဗက်တီးရီးယားပိုး ဝင်တာအတွက် ပေးတယ်။

သမီးကလေးမွေးထားတာ ၂နှစ်ရှိပြီဆရာ ရာသီမပေါ်လို့ပါ သွေးပေါ်ဆေး ၂ကြိမ်ထိုးပါတယ် ဒါမဲ့မပေါ်ဘူးဆရာ လက်မောင်းထဲပိုက်ထည့်ထားပါတယ် တော်တော်ကြာနေပြီမို့ ဘာလုပ်ရမှန်မသိလို့ ပါဆရာ ပြောပြပေးပါဆရာ

မေးနည်း ပို့ထားပြီး။ အသက် မပြောလိုသူ ဖတ်လိုကဖတ်ရန် ဘလော့လင့် ပေးထား။ ကိုယ်ဝန်တားဆေးမေးသူ အသက် ၃၅ နှစ် ကျော် မကျော် ဆရာဝန်က သိရမယ်။

အာ့ဆို သမီး သောက်လို့ ရတာပေါ့နော် ဆရာ Dazolic နဲ့ meghocef နဲ့ တွဲသောက်ရင် ရတာပေါ့နော်

စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်ညွှန်တာ သောက်သင့်။

၃။ ဆရာ မင်္ဂလာပါ ကျွန်မအသက် ၃၅ နှစ်ပါ အိမ်ထောင်သည်တယောက်ပါ အိမ်ထောင်သက် ၃နှစ်ကျော်ပါပြီ ခုထိတော့ ကလေးမရသေးပါဘူးရှင့် လွန်ခဲ့တဲ့ ၁၅ ရက်က လည်ပင်း ဘယ်ဘက်ဘေးက နာပြီး နည်းနည်းရောင်နေလို့ နားနှာခေါင်းလည်ချောင်းဆရာဝန်နဲ့ပြတာ သိုင်းရွက်ဂလင်းရောင်တာပြောပါတယ် ခုဆေး ၁၀ ရက်စာပေးပြီး ပြန်ပြခိုင်းပါတယ် သွေးလဲစစ်ခိုင်းပါတယ် သွေးကတပတ်နေမှစစ်ခိုင်းတာမို့မစစ်ရသေးပါဘူးရှင့် သိုင်းရွက်ကလင်း တာကြောင့် ကလေးမရနိုင်သေးတာလားရှင့် ကလေးမရနိုင်ဘူးလားသိချင်လို့ပါရှင့် ဆရာဝန်ပေးတဲ့ဆေးက Rosithromycin / vit c နှင့် zinc ပေါင်းထားတဲ့ဆေးကိုပေးပါတယ်ရှင့်

သိုင်းရွက်ဂလင်း ခေါ် လည်ပင်းမှာဖြစ်တာ အမျိုးမျိုးရှိတယ်။ ရောင်တာ ဟော်မုန်းများတာ မတူပါ။ ဟော်မုန်း အနည်း အများနဲ့ ကိုယ်ဝန်ရတာ ဆက်စပ်မှု ရှိနိုင်။ မေးတဲ့သူ တားဆေး တားနည်း မသိ။ ရာသီ မသိ။ မျိုးဥ ထွက် မထွက် မသိ။ ဆရာဝန်တွေပြထားတာကောင်း။ ထပ်ဖြေရန် မရှိ။ လည်ပင်းကြီးရောဂါစာတွေ ခဏခဏတင်ထား။ ဘလော့မှာ အားလုံးရှိ။

၎။ ဆရာရှင့် mebendazole 500mg ကို ၃နှစ်နဲ့ ၅လ ကလေးကိုတိုက်လို့ရပါသလား

Mebendazole သန်ချဆေး
Pinworm (Enterobius vermicularis)
၂ နှစ်အထက် 100 mg တကြိမ်တည်း။ လိုသေးသူ ၃ ပတ်နေတကြိမ်ထပ်ပေး။

Roundworm (Ascaris lumbricoides)
၂ နှစ်အထက် 100 mg တနေ့ တကြိမ်၊ ၃ ရက်ဆက်တိုက်။ လိုသေးသူ ၃ ပတ်နေအဲလိုအတိုင်းထပ်ပေး။

Whipworm (Trichuris trichiura)
၂ နှစ်အထက် 100 mg တနေ့ တကြိမ်၊ ၃ ရက်ဆက်တိုက်။ လိုသေးသူ ၃ ပတ်နေအဲလိုအတိုင်းထပ်ပေး။

Hookworm (Ancylostoma duodenale, Necator americanus)
၂ နှစ်အထက် 100 mg တနေ့ တကြိမ်၊ ၃ ရက်ဆက်တိုက်။ လိုသေးသူ ၃ ပတ်နေအဲလိုအတိုင်းထပ်ပေး။

၅။ ဆရာခင်ဗျားကျနော်အဆီကျိတ် lipomas ဖြစ်လိုပါခင်ဗျား ဘယ်လိုကုသရင်ပျောက်နိုင်ပါသလဲခင်ဗျာ ကျေးဇူးပြုပြီးပြန်ဖြေပေးပါခင်ဗျာ

Lipoma ကို ခွဲစိတ်မှသာ ပျောက်တယ်။

၆။ သမီးကလေးမွေးထားတာ ၂နှစ်ရှိပြီဆရာ ရာသီမပေါ်လို့ပါ သွေးပေါ်ဆေး ၂ကြိမ်ထိုးပါတယ် ဒါမဲ့မပေါ်ဘူးဆရာ လက်မောင်းထဲပိုက်ထည့်ထားပါတယ် တော်တော်ကြာနေပြီမို့ ဘာလုပ်ရမှန်မသိလို့ ပါဆရာ ပြောပြပေးပါဆရာ

မေးနည်း ပို့ထားပြီး။ အသက် မပြောလိုသူ ဖတ်လိုကဖတ်ရန် ဘလော့လင့် ပေးထား။ ကိုယ်ဝန်တားဆေးမေးသူ အသက် ၃၅ နှစ် ကျော် မကျော် ဆရာဝန်က သိရမယ်။

ဟုတ်၂၀ ပါဆရာ မသိတာလေးကိုဆရာအားတဲ့ရက်လေးဖြေပေးပါနော်

ဆရာဒီထည်းက clomid ဆိုတာသွေးပေါ်ဆေးလားဆရာ မသိလို့ ပါနော် provera ဆိုတာကရောဆရာ ဘာလဲမသိဘူး နားမလည်လို့ ပါ ဖြေပေးစေချင်ပါတယ်ဆရာ သမီးအရမ်းစိတ်ညစ်နေရလို့ ပါ နာလည်တဲ့သူလည်းမရှိလို့ ပါ ဘယ်ဆရာဝန်မှလည်းနားလည်အောင်ရှင်းမပြလို့ ပါဆရာ

Clomid ဆေးက မျိုးဥထွက်ဆေးဖြစ်။ provera ဆိုတာ စားဆေးလား ထိုးဆေးလား မသိ။ စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန် ညွှန်တာသင့်။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

မော်စကိုကလာတဲ့စာ

နောက်ထပ် ပို့ချင်တာလေးက ဒီနေ့ဖတ်ရတဲ့ လူထုဒေါ်အမာအကြောင်းထဲကပါ လက်ရေးမူမှာ အဖော်တဦး
ဂျာနယ်မှာ ပြန်ရေးတာက အဖော်တစ်ဦး တွေ့လို့ပါ။

ဟုတ်ပါ့။ ကျေးဇူး။

ကမ္ဘာမှာ မြန်မာပြည်က ကွန်ပြူတာသမားတွေထက် တော်သူ မရှိ။ စာရိုက်ရင်း အယ်ဒီတာအလုပ်ပါ တပြိုင်တည်း လုပ်နိုင်စွမ်းရှိကြတယ်။ ဒေါ်အမာ မော်စကိုကနေရေးတဲ့စာထဲက တဦးကို တစ်ဦးလို့ ပြင်ပေးတယ်။

အယ်ဒီတာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ စာဖတ်သူတွေအားလုံးက ဒေါ်အမာကို တော်လိုက်တာလို့ ချီးမွမ်းကြတယ်။ ဘယ်ဟုတ်မလဲ သူတို့ကသာ ဒေါ်အမာထက် မြန်မာစာပိုတော်ကြတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Good Wishes ဆုတောင်း ဆုံးမ တရားပြ

ဒီဇင်္ဘာလထဲမှာ ဟောလီဒေးတွေ ဆက်တိုက်လာမယ်။ ဆွိဒီဇင်္ဘာ၊ ခရစ်စမတ်နေ့နဲ့ နှစ်သစ်ကူးတဲ့အထိ ဆက်တိုက် လာမယ်။ အခုကို ကွန်မင့်မှာ တခုပြီးတခု။

ကွန်မင့်ဆိုရင် ပို့စ်နဲ့ဆိုင်မလားသာ ဖတ်တယ်။ မက်ဆေ့ခ်ျ၊ မက်ဆင်ဂျာနဲ့ အီးမေးလ်ကလည်း မေးခွန်းသာ ဖတ်တယ်။ ကျန်တာတွေ မဖတ်အားပါ။ မပြန်အားပါ။ ပုံတွေ၊ အရုပ်တွေ၊ စတစ်ကာတွေ၊ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ မပို့ကြပါနဲ့လို ပြောရတာ အခါခါ။ သိထားပြီးသူတွေကို အားနာရတယ်။

ဆုတောင်းစာတွေရော တရားစာတွေမှာပါ သတ်ပုံမှားတယ်။ ပုံတွေကတယောက်လာသည်ဟာ အီနောက်လာတယ်။

ကျွန်တော့်အတွက် ဆုတောင်းပေးမနေကြနဲ့။ ဆုံးမစာတွေလည်း မပို့ကြပါနဲ့။ တရားလည်းပြမနေကြပါနဲ့။ ကိုယ်တိုင်သာ ရယူကြ နာယူကြစေချင်ပါတယ်။ နေမကောင်းလို့မေးချင်သူတွေကိုသာ အချိန်ပေးချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
၃ဝ-၁၁-၂ဝ၁၈

Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ်

ဆရာခများ ဆရာရေးတဲ့ multiple sclerosis ဆိုတဲ့ရောဂါအကြောင်း သိချင်လို့ပါ ဆရာ ကျွန်တော် အဲ့ရောဂါ မျိုးခံစားနေရလို့ပါ။၂နှစ်ရှိပါပြီ ဆေးရုံ တွေသမားတော်တွေအထူးကုတွေလည်းစုံနေပါပြီ ဦးနှောက်ဓာတ်မှန်တွေရိုက် EEG တွေ ရိုက်ပါတယ် ရောဂါရှာမတွေ့ပါဘူး ဆရာရေးတဲ့ MS ရောဂါအကြောင်းဖတ်ရတော့ရာဂာလေက္ခဏာ တွေ အကုန်တူနေလို့ပါ ရှောင်ရန် ဆောင်ရန်လေးတွေ သိချင်ပါတယ် သောက်ဆေးတွေလည်းသိ ချင်ပါတယ်ဆရာ။

Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ် https://doctortintswe.blogspot.com/2016/09/multiple-sclerosis.html

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၈

ကျွန်မရဲ့သမီးလေး

ဆရာ ကျွန်မရဲ့သမီးလေးက တနှစ်နဲ့သုံးလထဲမှာ သမီးက သေးပြီး ထမင်းလည်းသိပ်မစားဘူး ခုနှာလည်းစေးနေတယ် နောက်ပြီး ဘာအာားဆေးတိုက်ရင်ကောင်းမလဲဆရာ သမီးကို ထွားထွားလေးနဲ့ဝစေချင်တယ်ဆရာ လမ်းညွန်ပေးပါ

Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် http://doctortintswe.blogspot.com/2016/04/babys-cough.html
Child Health Care ကလေးတွေ နေမကောင်းရင် https://doctortintswe.blogspot.com/2017/12/child-health-care.html
Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html
Cypon syrup (ဆိုက်ပွန်) ဆေးရည် http://doctortintswe.blogspot.com/2016/02/cypon-syrup.html
Diarrhea in Children ကလေးဝမ်းသွားရင် https://doctortintswe.blogspot.com/2014/12/diarrhea-in-children.html
Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html
Humidifiers for Babies ကလေးတွေအတွက် ရေငွေ့ပေးစက် http://doctortintswe.blogspot.com/2014/12/humidifiers-for-babies.html
Medicines for babies ကလေးနဲ့ ဆေး http://doctortintswe.blogspot.com/2016/08/medicines-for-babies.html
Myth About Babies ကလေးငယ်အတွက် မေးခွန်းများ https://doctortintswe.blogspot.com/2017/11/myth-about-babies.html
Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods_18.html

ဒေါက်တာတင့်ဆွေ

မသိ မရှိ

ဆရာရှင့်ကျောက်ကပ်အားကောင်းစေမယ့်အစားအစာနဲ့ရှောင်ကြဉ်ရမယ့်အစားအစာလေးတေသိချင်လို့ပါရှင့်

ကျောက်ကပ်အားဆေး မရှိ။ သားအိမ်ကောင်းဆေး မရှိ။ မျက်စိအားဆေး မရှိ။ ရောဂါဖြစ်သူ ကျား-မ မသိ။ အသက် မသိ။ ဘာဖြစ်နေ မသိ။

တေဆိုတာ ပေပေတေတေ။

ဒေါက်တာတင့်ဆွေ

တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ရတိုင်းကြည့်ကြတယ်။ နှစ်ဆန်း ၁ ရက်နေ့က တောင်သူလယ်သမားနေ့။ အဲတာ ပြောင်းသွားတယ်။ တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့က ပါတော်မူနေ့။ အခုမထည့်ကြတော့ပါ။ တရုပ်နေ့တွေနဲ့ အစားထိုးလာကြတယ်။

ပါတော်မူခန်း (၁)

သီပေါကို လာဖမ်းသွားတာ ရပ်ကြည့်နေကြတယ်ဆိုပြီး တချို့က ငြင်းချင်တယ်။ ပြည်သူက ဘုရင်ကို မချစ်လို့ပါပေါ့တဲ့။ မချစ်ရင် ဘာလို့ ပါတော်မူတုန်းက လမ်းဘေးမှာ ရပ်ကြည့်ပြီး ငိုနေကြတာတုံးတဲ့ ရေးကြတယ်။

သီပေါမင်းနဲ့ စုဖုရားလတ်ကို ရပ်ကြည့်နေခဲ့ကြတဲ့ မန္တလေးပရိသတ်လည်း အင်္ဂလိပ်ကို ကြိုက်ကြလို့တော့ မဟုတ်ပါ။ ဦးကောင်းကို အပြစ်တင်ကြတယ်။ အဲလိုလူတွေက ကင်းဝန်မင်းကြီးဆီ ကျောက်ပြင်နဲ့ ထဘီပို့လိုက်ဆိုတဲ့ စုဖုရားလတ်ကို ချီးမွမ်းကြတယ်။

ပါတော်မူခန်း (၂)

မြန်မာနိုင်ငံသမိုင်းမှာ ဘုရင်စုစုပေါင်း (၁၂ဝ) ပါးရှိတယ်။ ဘုရင်ရုပ်တွေထုထားတာကတော့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားလို့ ထင်တယ်။

တချို့က ပျူခေတ်က ရှေးဟောင်းအမွေတွေထက် ပျူဘုရင်မကိုသာ လွမ်းနေကြတယ်။ စလေငခွေး၊ နရသီဟပတေ့ တို့တတွေလည်း ကိုယ့်တိုင်းပြည်က ဘုရင်တွေလို့ သိထားရမယ်။ တောင်ငူအင်ပါယာမှာ သေသောက်ကြူးတဲ့ တပင်ရွှေထီးနဲ့ ဒီဘရစ်တိုနဲ့ မဟာမိတ်ပြုတဲ့ နတ်ရှင်နောင် အဖြစ်မှန်တွေလည်း သိရမယ်။

ကျွန်တော်ကတော့ ကျောင်းသားဘဝကတည်းက သာလွန်မင်းကိုသဘောကျခဲ့တာ။ ရာဇာဘိသေက မခံသေးခင် ပြည်ထဲရေးကို အရင်ရှင်းတယ်။ စီးပွါးရေးပြန်လည်ထူထောင်အောင်လုပ်တယ်။ သန်ကောင်စာရင်း၊ အခွန်အတုတ်စစ်တမ်း ကောက်ယူတယ်။ အသုံးအစွဲချွေတာရေးလုပ်တယ်။

အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့ကြတဲ့ ပေလေးပင်ရှင်လေးပါးကို အလွန်တန်ဖိုးထားတယ်။ ရုပ်တုတွေတော့ မထုစေချင်ပါ။ သတ်ပုံပြင်ထုတ်နေတဲ့စာတုတွေနဲ့ကို ဒုက္ခများနေရတယ်။

မြန်မာပြည်ပရိသတ်ထဲမှာ ပါတော်မူ နှစ်မျိုးနှစ်စားရှိတယ်။ အစစ်ကို တန်ဖိုးထားသူတွေနဲ့ ရွှေရည်စိမ်ကို ကိုးကွယ်ချင်သူ။

ပါတော်မူခန်း (၃)

ပါတော်မူခန်း (၁) နဲ့ (၂) အောက်မှာ ကွန်မင့်တွေ အကုန်ဖတ်ပါတယ်။ လိုရင်းရောက်တဲ့သူရှိပေမဲ့ နည်းတယ်။ လမ်းလွဲတွေးသူက မနည်းလှ။ ကျွန်တော်က ခပ်တိုသာ ရေးချင်သူ။ လိုရင်းအရောက် သဘောပေါက်သူက တဝက်လောက်သာရှိတတ်တယ်။ ဆေးပညာစာတွေမှာ အဲလိုသာဖြစ်ရင်တော့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ နိုင်ငံရေးမှာတော့ ဘယ်လောက် ခရေစေ့တွင်းကျရေးရေး ဘေးရောက်သူဆိုတာရှိစမြဲ။

ပါတော်မူကိုတော့ သင်ခန်းစာမယူ၊ စစ်ဘုရင်တွေကိုသာ ကိုးကွယ်ရာလို့လုပ်နေကြတယ်။ အဲတာကြောင့် ပါတော်မူခန်းလို့ ခေါင်းစဉ်တပ်ထားတာ။ သီပေါမင်းသာပါတာ မဟုတ်။ အတွေးအမြင်တွေပါ ပါကုန်ကြတာ။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၇
၃၀-၁၁-၂၀၁၈

Rangoon University နှစ်တရာပြည့်တော့မယ့် ရန်ကုန်တက္ကသိုလ်

ဘီဘီစီ မြန်မာပိုင်းမှာ တင်ထားတယ်။ ကောင်းတယ်။

တချိန်က ရန်ကုန်တက္ကသိုလ်ဟာ အာရှမှာ ဘာသာစုံ လျှမ်းလျှမ်းတောက်ခဲ့တယ်။

တက္ကသိုလ်မြန်မာအဘိဓာန်ကို မြန်မာနိုင်ငံ ပညာ့တံခွန်အသင်းကဦးစီးပြီး ၁၉၄၄ ခုနှစ် ဂျပန်ခေတ်မှာ ပြုစုခဲ့တယ်။ ရန်ကုန်ပါမောက္ခ ဦးဖေမောင်တင်က သဘာပတိအဖြစ် တာဝန်ယူတယ်။ ကျောင်းသုံးအဘိဓာန်ငယ်ကို အရင်ပြုစုတာမှာ ကမ္ဘာစစ်ကြီးကြောင့် က အက္ခရာကနေ ဝ အက္ခရာအထိသာ ပြီးလိုက်တယ်။ စစ်ကြီးပြီးတော့ မြန်မာအဘိဓာန်ပြုစုဖို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဦးဝန်ကို တာဝန်ပေးတယ်။ ဦးဖေမောင်တင်နဲ့ ဒေါက်တာဘဟန်တို့က အကြံပေးတာဝန်ယူရတယ်။ ၁၉၆၄ မှာ ဆ အက္ခရာအထိ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး စစ်အာဏာသိမ်းလို့ ရပ်ဆိုင်းသွားရပြန်တယ်။

၁၉၆၃ မှာ တော်လှန်ရေးကောင်စီက မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ဖွဲ့တယ်။ မြန်မာစာအဖွဲ့လို့ အမည်ပြောင်းတယ်။ ၁၉၇၈ မှာ မြန်မာအဘိဓာန် (အကျဉ်းချုပ်) ၅ တွဲထုတ်တယ်။ ၁၉၈ဝ နဲ့ ၁၉၉၁ မှာ ဆက်ထုတ်တယ်။ ကနေ့လည်းအဲတာကိုသာ ဆက်သုံးနေတယ်။

နှစ်တရာပြည့်ကနေ နှစ်တစ်ရာပြည့်ဖြစ်သွားတော့တယ်။ အခုတော့ တက္ကသိုလ်အားလုံး လျှမ်းလျှမ်းတစ်ဖြစ်နေတယ်။

- Policy Dictionary ပေါ်လစီမြန်မာအဘိဓာန် သမိုင်း https://doctortintswe.blogspot.com/2018/01/policy-dictionary.html
- Rangoon University Students’ Union building ယူနီယံဟောင်းတနေရာ https://doctortintswe.blogspot.com/2018/06/rangoon-university-students-union.html
- 1962 Rangoon University Protests ၁၉၆၂ ရန်ကုန်တက္ကသိုလ် ကျောင်းသားအရေးအခင်း https://doctortintswe.blogspot.com/2017/07/1962-rangoon-university-protests.html
- နှစ်တရာပြည့်တော့မယ့် ရန်ကုန်တက္ကသိုလ် https://www.bbc.com/burmese/in-depth-42181316
- RASU ရာဇူး https://doctortintswe.blogspot.com/2018/11/rasu.html

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Blocked

Kyaw Thu Tun သိချင်ရင်..
အမည်...
မှတ်ပုံတင်အမှတ်..
အဘ အမည်..
အမိအမည်...
နေရပ်လိပ်စာ အပြည့်အစုံ...
ပါမှရပါတယ်တဲ့ဆို...

မေးနည်းထဲမှာ လူနာအမည် ဆရာဝန်အမည် ဆေးရုံအမည် ဘာအမည်မှ မလိုပါလို့ရေးထားတယ်။ နေရပ်ဆိုတာလည်း လိုမှသာ။ ဥပမာ ဝက်သက်၊ တုပ်ကွေးလို ကူးစက်ရောဂါတခုခုဖြစ်နေရင် အဲဒီဒေသမှာ နေထိုင်သူတွေကို ကူးစက်တယ်။ ဆေးရှာချင်ရင် ဘယ်တိုင်းပြည် ဘယ်မြို့ သိမှသာ ညွှန်ရတာ မှန်မယ်။

အဲဒီကွန်မင့်ရေးသူ Kyaw Thu Tun https://www.facebook.com/profile.php?id=100006361835764&fref=ufi&rc=p ကို ဘလော့လိုက်ပါတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

အတိုအပြတ် မေးခွန်းများ

၁။ ဆရာမင်္ဂလာပါရှင် ကလေးဒေါင်းရောဂါနဲ့ ပတ်သတ်တာလေး သိချင်လို့ပါရှင်

ခဏခဏတင်ထားတယ်။ မေးနည်းပါ ဘလော့မှာ အမြဲရှိနေတယ်။

Down syndrome ဒေါင်းန်-ဆင်ဒရုမ်း https://doctortintswe.blogspot.com/2014/11/down-syndrome-1.html

၂။ အသက် ၃၈ မိန်းကလေး အပျို  အစာစားပီးနာရီဝက်လောက်နေရင်ပြန်အန်ပါတယ် အစိမ်းရောင် အရည်

Gastric Links အစာလမ်း လင့်များ https://doctortintswe.blogspot.com/2018/10/gastric-links.html

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

ဝက်သက်ကာကွယ်ဆေး နှင့် သတ်ပုံ

ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးကြပါဆို့လေးလို့ တင်ထားတာတခု တွေ့တယ်။ စို့လို့သာရေးရတယ်။

Measles ဝက်သက်ကာကွယ်ဆေးကို ကလေးအသက် ၉ လမှာထိုးပေးတယ်။ အရင် ကာကွယ်ဆေးပို့စ်တင်စဉ်က ကွန်မင့်ကနေ ရေးလာကြတယ်။ ကျေးဇူး။

မြန်မာပြည်မှာတော့ ၉ လ မှာ Meales ၁၈ လ (တစ်နှစ်ခွဲ) မှာ MR ထိုးပါတယ်ဆရာ။ ပြီးတော့ Mass Measles Campaign ရှိရင်တော့ ၅ နှစ်အောက် ကလေး အားလုံးကို ထိုးလေ့ရှိပါတယ်ခင်ဗျ။

မှားနေသလားလို့ပါ ၉ လမှာ MR ၁ နှစ်ခွဲမှာ MCV ပါ နောက်ပိုင်း ၁နှစ်ခွဲမှာလည်း MR ပဲ ထိုးမယ် မှန်ပါတယ်

ဟုတ်ပါတယ် ဗဟိုကထုတ်တဲ့ လချုပ်ပုံစံမှားနေတာ ဝက်သက်ဂျိုက်သိုး(MR) ၉ လ မှာ ပထမအကြိမ် ၁၈ လ မှာ ဒုတိယအကြိမ် အဖြစ် Measles ထိုးပါတယ်။

ယူအက်စ်အေမှာတော့ MMR ခေါ် ဝက်သက် + ပသိရောင် + ဂျာမန်ဝက်သက်လ် ခေါ် ဂျိုက်သိုး ၃ မျိုးကာကွယ်ဆေးကို ကနေ ၁၂-၁၅ လကနေစထိုးတယ်။ နောက်တကြိမ် ၄-၆ နှစ်မှာထိုးတယ်။

စို့နဲ့ဆို့ မှားရေးတဲ့မေးခွန်းတွေလာတယ်။ နမူနာသာထည့်ပါတယ်။ မှားရေးတာတွေက အများကြီး။

၁။ ကျွန်တော် လည်ချောင်းထဲမှာ စို့စို့နေသလို တစ်တစ်နေသလို ဖြစ်နေတယ်ဆရာ။

၂။ ကျမသမီးလေးက မိခင်နို့ ညဘက်အိပ်ချိန် ၂ ကြိမ် ဆို့ပါတယ်ရှင့်။ စို့ပါတယ်ရှင့်လို့ရေးရတယ်။

၃။ ကျမသမီးလေးက အသက်လေးလပါ။ နေ့ဘက်နို့ဘူးတိုက်၊ ညဘက်ကျမှမိခင်နို့တိုက်နေပါတယ်ရှင့်။ တလလောက်ရှိပြီ နို့ဆို့ဖို့ငြင်းဆန်နေပါတယ်။ ၂၄ နာရီအတွင်း နို့ဘူးနှင့် မိခင်နို့ ညဘက်အိပ်ချိန် ၂ ကြိမ် ဆို့ပါတယ်ရှင့်။ နို့စို့လို့ ရေးရတယ်။


၎။ ဆရာရှင့် သမီးအသက်၂၆ပါ။ နို့ဆို့ကလေး ၁၁လပါ သမီးရောကလေးရော ရင်ကြပ်နေလို့ပါ။

၅။ ဆရာရှင့် ကျမ အသက်က ၂၀ရှိပါပြီ လည်ပင်းထဲက တစ်စို့တစ်စို့ဖြစ်သလိုခံစားနေရတာ

၆။ ဆရာရှင့် သားအိမ်ကျချင်သလို ဖြစ်နေပါတယ်။ မိန်းမကိုယ်မှာ တစ်စို့စို့ ဖြစ်နေလို့ပါ။ တစ်ဆို့ဆို့လို့ ရေးရတယ်။

၇။ နှလုံးအ၀ကျယ်တယ်ဆိုတာ အစို့ရှင်မလုံတာနဲ့တူပါလား။ ကျမကအ၀နည်းနည်းကျယ်ပါတယ်။ အဆို့ရှင်လို့ ရေးရတယ်။

၈။ မင်္ဂလာပါဆရာခင်ဗျာ ကျနော်အသက် ၃၇ နှစ်ပါဆရာ နှလုံးခွဲထားရပါတယ်နှလုံးအစို့ ၂ ခုလဲထားရပါတယ် မွေးရာပါရောဂါပါဆရာ။ အဆို့ရှင်လို့ ရေးရတယ်။

၉။ သားသားက မိခင်နို့ဘဲ အရမ်းဆို့ပါတယ်။ အရမ်းစို့ပါတယ်လို့ရေးရတယ်။

၁ဝ။ သားအိမ်ကျချင်သလို ဖြစ်နေပါတယ်။ မိန်းမကိုယ်မှာ တစ်စို့စို့ဖြစ်နေလို့ပါ။

စို့
စို့စို့ပို့ပို့
မျှစ်စို့
လက်သမားသုံးစို့
သွားကြစို့
နို့စို့
နို့စို့

ဆို့
ဆို့ပိတ်
တစ်ဆို့
ပိတ်ဆို့
ဗူးဆို့
အဆို့ရှင်
ဖေါ့ဆို့
ရွှေရင်ဆို့

ကလေးနို့စို့နေချိန်မှာ နားကိုဆို့မထားပါနှင့်။ ကာကွယ်ဆေးထိုးကြစို့။ မြန်မာစာ မှန်အောင်ရေးကြစို့။

ဒေါက်တာတင့်ဆွေ

မြန်မာပြေမှာလာ

၁။ Hi ဆရာ တိချင်ဒါလေရှိလို ဆရာဘယ်မှာနေလဲ မြန်မာပြေမှာလာ

၂။ မင်္ဂလာပါ ဆရာ တခုလောက် မေးချင်လို့ပါ ph care လိုမျိုး အမျိုးသမီးသန့်စင်ဆေးရည်က ယောက်ျားလေး သုံးလို့ရသလား သုံးရင်ရော ဘေးထွက်ဆိုးကျိုး ရှိမလား သိချင်တာပါဆရာ ဖြေကြားပေးပါရှင့်

၃။ ဆဌသံင်္ဃာရတနာတင်ကမ္ဘာအေးလိုင်ကူ။ သာသနာကြီးဆက်လက်တည်တန့်ပွားများပါစေလို့ တင်ထားတာကို ဖတ်ရပါတယ်။

အဲဒီထဲမှာ သတ်ပုံပြင်စရာ (၃) ခုရှိပါတယ်။ (ဆဋ္ဌ)၊ (သံဂါယနာ) နဲ့ (လိုဏ်ဂူ)။

မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်အဆင့် ၁၉၀။ ဘာသာရေးအသိအဆင့် ၁၉၀။ မြန်မာစာအရေးအသားအဆင့် ၁၉၀။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
၃ဝ-၁၁-၂ဝ၁၈
Fish bone in the throat ငါးရိုးနင်တဲ့ လူနာများ

မောင်အောင်ပွင့်ရေးတဲ့ ငါးရိုးနင်တဲ့ငွေလမင်းကို ကိုးကားကြတယ်။ ဆရာမောင်အောင်ပွင့်ကို ပေါ်လစီသတ်ပုံနဲ့ရေးပြီး ချီးမွမ်းကြတယ်။ ကျွန်တော့်ဆီကိုလည်း အဲလိုသတ်ပုံနဲ့ရေး မေးကြတယ်။ အကုန်ပြင်လိုက်တယ်။ မပြင်ရင် ကျွန်တော်ပါ နင်နေမယ်။

၁။ ကျွန်မ အသက် ၃ဝ ပါ။ လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က ထမင်းစားရင်း ငါးဖယ်အကောင်သေး အရိုးမျက်ပါတယ်ဆရာ။ ထုတ်လို့မရပါရှင့်။ ထုတ်မရလို့ မထုတ်ပဲ ထားလိုက်ပါတယ်။ ယခုချိန်ထိလဲ ထုတ်မရပါ။ မျက်သလိုလို စူးသလို တခါတခါ ခံရခက်ပါတယ်။ အကယ်လို့ မထုတ်ပဲထားလို့ ကြာလျင် အနာဖြစ်နိုင်သည်၊ စိုးရိမ်ရသည်ဟု ပြောကြပါသည်။ မည်သို့ လုပ်ရမလဲ လမ်းညွှန်ပေးပါရှင်။ အန္တရာယ်ရှိနိုင်ပါသလား ဆရာရှင့်။ (မြတ်ကို မျက်လို့ ပြင်လိုက်တယ်။)

၂။ ကျမလွန်ခဲ့တဲ့လေးရက်လောက်က ငါးစားရင်းအရိုးမျက်သွားပါတယ်။ တံတွေးမျိုချရင် အနည်းငယ် နာပါတယ်။ ငါးရိုး ပြန်မထွက်သေးဘူးလို့ထင်ပါတယ် ရှင့်။ အခု လည်ချောင်းနဲ့ နားထဲမှာအရမ်းယားပြီး နေရခက်လွန်းလို့ပါ ဆရာ။ အရိုးပြန်မထွက်ဘဲ ကြာသွားရင် ကင်ဆာဖြစ်တတ်ပါသလားရှင်။ ကျေးဇူးပြုပြီးဖြေပေးပါအုံး ဆရာ။

၃။ လည်ပင်းတွင် အရိုးစူးတာ မသက်သာတာ အတော်လေးကြာပါပြီ။ ဘယ်လိုများ ကုသသွားရမှာကို လမ်းညွှန်ပေးစေချင်ပါတယ်။ အမည် (့)၊ အသက် ၂၈ နှစ်၊ ကျား၊ တောင်ကြီးမြို့။

လည်ချောင်းထဲ ငါးရိုးစူးရင် နာမယ်၊ အနေရခက်မယ်၊ တံတွေး များလာမယ်။ အမျိုရခက်မယ်။ ကိုယ့်ဖါသာ လက်နဲ့ ထုတ်လေ ပိုဆိုးလေဖြစ်တတ်တယ်။ နား-နှာခေါင်း-လည်ချောင်း ဆေးခန်းတွေမှာ မကြာခဏတွေ့နေရတယ်။ ဖြစ်တဲ့သူကို ရေအရင်သောက်ခိုင်းပါ။ ရေမျိုနိုင်ရင် ပေါင်မုံ့-ထမင်း နဲနဲစား-မျိုကြည့်ပါ။ ရသွားတတ်တယ်။ အရပ်နည်းတွေလဲ ကြားဘူး၊ လုပ်ဘူးကြမှာပါ။ တချို့က ထမင်းပူပူကို အဆုပ်ကလေးလုပ်ပြီး မဝါးဘဲ မျိုစေတယ်။ သူများနိုင်ငံတွေမှာ ပေါင်မုံ့၊ ခရက်ကာ၊ အုတ်အစာအစားခိုင်းတယ်။ လိမ္မော်ရည်သောက်ခိုင်းတာက စစ်ထရစ်အက်စစ်ပါလို့ အရိုးကို ပျော်စေမယ်။

လူနာကို အထိုင်ခိုင်းပြီး လျှာကိုဖိကြည့်ရတဲ့ ကိရိယာသုံးပြီး ရှာကြည့်ပါ။ အရိုးတွေ့နိုင်တယ်။ ပွန်းပဲ့နေတာ ရှိရင်လဲ မြင်နိုင်မယ်။ ဆရာဝန်ကနေ ခေါင်းတပ်မှန်သုံးပြီး အာခေါင်နေရာကို စစ်ဆေးမယ်။ လျှာရဲ့အခြေ၊ အာသီးတွေနဲ့ Vallecula နေရာကို အသေအခြာ စစ်ဆေးမယ်။ လျှာကို ထုတ်နိုင်သလောက် ပတ္တီးစ (အဝတ်စ) သုံးပြီး ဆွဲထုတ်ရမယ်။ အောက် ရှေ့သွားတွေနဲ့ မထိခိုက်စေနဲ့။ လိုအပ်ရင် အာခေါင်ပြော့ နဲ့ နောက်ပိုင်းနေရာတွေကို (10% Lidocaine spray) ထုံဆေး ပန်းဆေး ပေးပါ။ Xylocaine viscous ထုံဆေးကို ပလုပ်ကျင်းခိုင်းတာလဲ လုပ်ခိုင်းနိုင်တယ်။ သတိထားဘို့က ထုံဆေး သုံးလို့ မနာတော့ပေမဲ့ မရှိတော့တာ ဖြစ်ချင်မှဖြစ်တယ်။

လိုအပ်ရင် Soft tissue lateral x ray of the neck ဓါတ်မှန်ရိုက်ရမယ်။ ဒါပေမဲ့ ဓါတ်မှန်မှာ ပေါ်ချင်မှပေါ်တယ်။ ငါးရိုးတို့ Aluminum pop tops အလူမီနီယမ် ပုလင်းပိတ်အစတို့က ဓါတ်မှန်မှာ မပေါ်ဘူး။ ဒါပေမဲ့ နောက်ဆက်တွဲဖြစ်တာမျိုးရှိရင် မြင်နိုင်တယ်။ Retropharyngeal abscess အနာဖြစ်တာ နဲ့ Severe cervical spondylosis လည်ပင်းရိုး ကျီပေါင်းတက်တာတို့ကို ဆိုလိုတယ်။ Lateral soft-tissue x rays ရိုက်တာက အခွဲရခက်တာမျိုးတွေ ရှိနိုင်တယ်။ Ligaments အရွတ်၊ Cartilage အရိုးနုတို့နဲ့ မှားတတ်တယ်။ Plain x ray ရိုးရိုးဓါတ်မှန်မှာ Calcification of Laryngeal and Hyoid cartilages အရိုးနုတွေက ထုံးဓါတ်ပြောင်းလဲတာနဲ့ လွဲတတ်တယ်။

ဓါတ်မှန်ရိုက်ရင် လည်ပင်းရိုး (၇ ရိုး) အားလုံးကို မြင်ရအောင် ရိုက်သင့်တယ်။ Barium swallow-Contrast study ဆေးရည် မျိုချပြီးမှ ရိုက်တဲ့ဓါတ်မှန် လုပ်ရတာလဲ ရှိတယ်။ ငါးအမျိုးအစား မတူရင် ငါးရိုးကို ဓါတ်မှန်မှာ မြင်ရတာ မတူကြဘူး။ ကြက်ရိုးက လူ့လက်ချောင်းနဲ့ ဆင်တယ်။ Trout နဲ့ Mackerel ငါးတွေက သိပ်မြင်သာဘူး။ Salmon ငါးက မြင်သာတယ်။ ငါးရိုးတွေကို ချက်-ကြော်ပေမဲ့ ဓါတ်မှန်မှာမြင်ရတာ ပြောင်းမသွားတတ်ဘူး။ အစိမ်းနဲ့ အတူတူဘဲ မြင်ရတယ်။ ၇၅% ကို မြင်ရတယ်။

လျှာအောက်ခြေနဲ့ Hypopharynx နေရာတွေမှာဖြစ်နေရင် မှန်ဖြစ်ဖြစ် Indirect laryngoscope ကိရိယာကိုဖြစ်ဖြစ် သုံးရတယ်။ Fiber optic nasopharyngoscopy ကိရိယာရှိရင်တော့ အကောင်းဆုံး ဖြစ်မယ်။ Endoscopy လည်ချောင်းထဲ ကိရိယာထည့်ကြည့်တာလဲ လုပ်နိုင်တယ်။ Rigid laryngoscopy, Esophagoscopy နဲ့ Bronchoscopy ဆိုတာတွေကိုတော့ မေ့ဆေးနဲ့လုပ်ရတယ်။

• ငါးရိုးက သိပ်ငယ်ရင် မြင်ရဘို့ ခဲယဉ်းတယ်။
• တွေ့ရရင် Tilley forceps ညှပ်နဲ့ ဆွဲနုတ်ပါ။
• တချို့လူနာတွေကိုသာ ပဋိဇီဝဆေးပေးဘို့လိုတယ်။ ရှာကြည့်တာလဲမမြင်၊ ဓါတ်မှန်မှာလဲ မတွေ့၊ ဒါပေမဲ့ လူနာက ကိုယ်ပူတာ နဲ့ နာတာပါရောဖြစ်နေရင် Broad spectrum antibiotic ပဋိဇီဝဆေးပေးသင့်တယ်။
• ထိခိုက်သွားတဲဒဏ်ကြောင့် နာနေတာမျိုးက တကယ် အရိုးမရှိပေမဲ့ဖြစ်နိုင်တယ်။ နောက်ရက်ဆို ကောင်းသွားမယ်။ မကောင်းရင်တော့ Endoscopy ထပ်လုပ်ရမယ်။
• ငါးရိုးက ရက်နည်းနည်းလောက်ကြာရင် အစာမျိုပြွန်ကို ဖေါက်သွားနိုင်တယ်။
• ဓါတ်ခဲတစ်ဆို့နေတာမျိုးကို သတိထားရမယ်။ အထဲက အယ်လ်ကာလီဓါတ်ကြောင့် တစ်ရှူးတွေ သေစေနိုင်တယ်။
• ဆေးတောင့်ကိုမျိုရင်လည်း တစ်မနေအောင် သတိထားပါ။ Irritating ulcer အနာဖြစ်စေတတ်တယ်။
• ငါးရိုးမဟုတ်ဘဲ တခြားလည်ချောင်းရောဂါရှိနေတာလဲ သတိထားရမယ်။ ၂ဝ% မှာ ငါးရိုးမဟုတ်တာ တွေ့ရတယ်။

Dr. တင့်ဆွေ
၁၂-၄-၁၀၁၆
၃၀-၁၁-၂၀၁၈

တနှစ်ကို  တစ်နှစ်ရေတော့ ဂဏန်းရေတွက်သလိုဖြစ်နေတယ်ဆရာ တစ်နောက်က နောက်ဆက်မရှိရင်သာတစ်သုံးရတာ အဆင်ပြေတယ်

ဘာပြောချင်သလဲ မသိပါ။ တ နဲ့ တစ်ကို ဆရာလာလာလုပ်ကြတာ လူတရာလောက်ရှိပြီ။ ကျွန်တော်တင်ပြတာက တထောင်လောက်ရှိပြီ။ ရေတွက်လို့ရရင် တစ်ဆိုတာ ၁၀၀% မမှန်။ ဂဏန်းဆိုရင် တစ်က မှန်တယ်။ ကျွန်တော်က ဆရာ မလုပ်ပါ။ ကျွန်တော့်ကို သင်ပေးလိုက်တဲ့ဆရာ ဆရာမတွေသင်သလိုလိုက်ရေးတယ်။ ရေတွက်လို့ရရင် တစ်။ မ နောက် ဘဲလိုက်ဆိုတာ ထွင်လုံးတွေသာဖြစ်တယ်။ အရင်က မရှိပါ။ ဘယ်လိုပြောပြော မရတာလည်း သိပါတယ်။

Dr. တင့်ဆွေ
၃၀-၁၁-၂၀၁၈

ကလေးအမေ ကိုယ်ဝန်ဆောင် အသက် မပြောချင်

ဆရာရှင့်ဖြေပေးပါအုန်းနော် သမီးက အခုကိုယ်ဝန်က ဒုတိယပါ ၃၈ပတ်ကျော်ပြီ ကလေးက အောက်ကိုခေါင်းစိုက်ရင် မွေးတော့မှာလား ခေါင်းစိုက်ပြီး ညှပ်ရိုးကွင်းထဲဝင်မှ မွေးတာလား သိချင်လို့ပါ og ကညှပ်ရိုးထဲ ခေါင်းမဝင်သေးဘူးပြောလို့ မွေးဒိတ်လဲနီးနေပြီဆိုတော့ စိတ်ပူလို့ပါ ဖြေပေးပါအုန်းနော် ဒိတ်က ၁၂.၁၂.၁၈ ပါ ပထမကလေးလည်း ရိုးရိုးဘဲ မွေးထားတာ အခုကအပတ်ရေပြည့်လို့မှ ခေါင်းမဝင်သေးရင် ခွဲမွေးရတရ်ပြောလို့ ဖြစ်နိုင်ရင် ရိုးရိုးဘဲ မွေးချင်လို့ပါဆရာ ဘယ်လိုနေထိုင်လေ့ကျင့်ရင် ခေါင်းဝင်မလဲဆရာရှင့် ညှပ်ရိုးကျဉ်းတာနဲ့ရောဆိုင်လားဆရာရှင့်။

မေးနည်း ပို့ထားပြီး။ အသက် မပြော။ စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်က သူ့လူနာအကြောင်း ပိုသိ။ တခါမွေးထားသူ အရိုးကျဉ်းတာ မဖြစ်နိုင်။ တရ်လို့ရေးတာ မှားကြောင်း ၃-၄ ကြိမ် တင်ထားတယ်။

Dr. တင့်ဆွေ
၃၀-၁၁-၂၀၁၈

Chicken Pox Scars ရေကျောက် အမာရွတ်

မင်္ဂလာပါဆရာရှင့် ကျွန်မအသက် ၁၉နှစ်ပါ လွန်ခဲ့တဲ့ လေးနှစ်လောက်က ရေကျောက်ပေါက်ပြီးနှဖူးမှာ အချိုင့် ကျန်ခဲ့ပါတယ်ဆရာ နှဖူးတည့်တည့်မှာဆိုတော့ကြည့်ရဆိုးလို့အရေပြားဆေးခန်းသွားပြပါတယ် လေဆာပစ်ရင် ပျောက်တယ်လို့ပြောပါတယ် ၇ကြိမ်လောက်လေဆာပစ်ပေမဲ့ မသိသာပါဘူး အမာရွတ်က ပိုတော့ဖြူလာပါတယ်ဆရာ အဲ့ဒါကြောင့်လေဆာမပစ်တော့ပဲ ရပ်လိုက်ပါတယ်ဆရာ မပျောက်နိုင်တော့တာလား ပျောက်အောင် ဘယ်လိုလုပ်ရမလဲ ဖြေပေးပါဆရာရှင့်

Home Remedies for Chicken Pox Scars ရေကျောက် အမာရွတ်ပျောက် အိမ်တွင်းသုံးဆေးနည်း https://doctortintswe.blogspot.com/2018/11/home-remedies-for-chicken-pox-scars.html

Dr. တင့်ဆွေ
၃၀-၁၁-၂၀၁၈

ညပိုင်း အမေးများ

၁။ နေ့လည် နဲ့ နေ့လယ် ဘယ်အသုံးကအမှန်ပါလဲဆရာ။

လည် နဲ့ လယ် https://doctortintswe.blogspot.com/2017/01/blog-post_11.html

၂။ ဆောင်းဘောက်မလိုဘဲ ရေ နဲ့ အသံထိန်းညှိတယ်ဆိုတာ ဘယ်လိုလဲ ဆရာ။

မေးကြတာ ၂ ယောက်ရှိပြီ။ ဆရာဋ္ဌေးရေးတဲ့ ရောင်းစားခံလိုက်ရတဲ့ ဆေးတက္ကသိုလ်ရှေ့က လိပ်ကလေး (သုတကဖေး) မှာ ပါတယ်။ ကူးရေးပါမယ်။ ကျေးဇူး။

လိပ်ခုံးခန်းမမှာ ဘာလို့ ပွဲတွေကျင်းပခဲ့ရသလဲဆိုတာ စိတ်ဝင်စားစရာပါ။ လှပ ပနံတင့်ရုံသာမကဘဲ ထူးခြားတဲ့ အဆောက်အအုံ ဗိသုကာဖွဲ့စည်းပုံကြောင့်လည်း ဖြစ်ဟန်ရှိပါတယ်။ အဆောက်အအုံရဲ့ အကျယ်ဟာ အနံ ၉၃ ပေ။ အလျား ၁၅၃ ပေ ရှိတယ်။ ဧရိယာ စတုရန်းပေ ၁၄၂၂၉ ရှိတယ်။ ထူးခြားတာက အဲဒီအကျယ်အဝန်းထဲမှာ မိုက်ကရိုဖုန်းမလို၊ ဆောင်းဘောက်မလိုဘဲ ဘယ်နေရာကပြောပြော ဘယ်နေရာက နားထောင်နားထောင် အသံကို ပီပီသသ ကြည်ကြည်မြမြ ကြားနေရခြင်းပါပဲ။ ဒီလို ထူးခြားချက်ကို ဖြစ်ပေါ်စေတာက ရေကနေ အသံထိန်းစနစ်တခု ရှိနေခြင်းကြောင့်ပါပဲ။ (Surrounding Sound System) ပါပဲ။ ဒါဟာ လိပ်ခုံးအဆောက်အအုံရဲ့ ထူးခြားချက်ပါ။

၃။ ဆရာ၊ တုံး နဲ့ တုန်း အသုံးပြုပုံ သိချင်ပါတယ်ဆရာ။

တုံး နဲ့ တုန်း https://doctortintswe.blogspot.com/2016/10/blog-post_20.html

Dr. တင့်ဆွေ
၃၀-၁၁-၂၀၁၈

မစ္စတာမောင်မှိုင်း

ကွန်မင့်ကနေ မေးပါတယ်။ အင်္ဂလိပ်ကိုမုန်းလို့ မစ္စတာအမည်ခံရေးတာ ဖတ်ဘူးလို့ပါ နောက်တော့ သ္ခင်ကိုတော်မှိုင်းလို့ အမည်ပြောင်းပြီး စာတွေရေးတာ ဖတ်ဘူးလို့ပါ မှားရင် ခွင့်လွတ်ပါ။

ကျီးသဲလေးထပ်ဆရာတော်၏ တပည့်ရင်း ဦးလွန်းဟာ ဆောင်းပါးတစောင်ရေးရင်း ဆောင်းပါးရှင်အမည် ဝှက်တပ်ရန် စဉ်းစားမိလေသည်။ ထိုကာလတွင် မြန်မာနိုင်ငံရှိ ကြွယ်ဝသော လူကုံထံအများသည် အုပ်စိုးသော ဗြိတိသျှလူမျိုးတို့၏ အသုံးအနှုန်းကို အလေးအမြတ်ထားလျက် တုပသုံးနှုံးနေကြသည်ဖြစ်ရာ မိမိတို့အမည်ရှေ့တွင် ဦး-မောင် အစား မစ္စတာကိုတပ်၍ မစ္စတာမည်သူမည်ဝါဟူ၍ အမြတ်တနိုးမှည့်ခေါ် ဂုဏ်ယူလျက် ရှိကြလေသည်။

ဝံသာနုမျိုးချစ်ဆရာကြီး ဦးလွန်းသည် အမျိုးခြားအမည်ကိုမှ အထင်ကြီးသူတစုအား ရွံမုန်းလျက် ထိုသူတို့၏ မစ္စတာအစွဲကို ချွတ်ရန် အားထုတ် ကြံစည်မိခဲ့လေသည်။ ဆရာကြီးသည် ရုတ်တရက် ချဉ်ပေါင်ရွက်သည်မောင်မှိုင်းကို သတိရသောအခါ အကြံရ၍ ထိုမျှလောက် မြတ်နိုးဂုဏ်ယူကြသည့် မစ္စတာကို ရစရာမရှိအောင် သူယုတ်မာကြာသမား မောင်မှိုင်းအမည်ဖြင့် တွဲစပ်လျက် ဆောင်းပါးရှင် မစ္စတာမောင်မှိုင်းဟူ၍ အမည်တပ်လိုက်လေတော့သည်။

သတင်းစာထွက်ပေါ်လာသောအခါ မစ္စတာအမည်ခံသူများသည် မခံမရပ်နိုင်ဖြစ်ကြ၍ သတင်းစာတိုက်သို့ ဆောင်းပါးရှင်ကို မေးမြန်းစုံစမ်းခြင်း၊ ဆဲရေးခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်အထိ အုံကြွလေတော့သည်။ သို့ရာတွင် ဆရာကြီး၏ ကျေးဇူးကြောင့် ပုဂ္ဂိုလ်ကြီး အတော်များမျာပင် မစ္စတာကို စွန့်လွှတ်ကြ၍ မြန်မာအမည်များပင် တခေတ်ပြန်လည် ဂုဏ်တင်ခဲ့ရလေသည်။

၁၂၉၆ ခုနှစ်တွင်မှ မစ္စတာကိုဖြုတ်ကာ သခင်ကိုယ်တော်မှိုင်းဟူ၍ အမည်ပြောင်းလဲခဲ့လေရာ အမည်ရင်း ဦးလွန်းပျောက်၍ ဦးမှိုင်းဟူ၍ပင် အချို့မှတ်ထင်ခဲ့ကြလေသည်။

ဆောင်းပါးတစ်စောင် မဟုတ်။ အထင်ကြီးသူတစ်စုအား မဟုတ်။ ရုတ်တစ်ရက် မဟုတ်။ တစ်ခေတ်ပြန်လည် မဟုတ်။ ပေါ်လစီသတ်ပုံ မှိုင်းမိနေကြသူများ သိပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

ချဉ်ပေါင်ရွက်သည် မောင်မှိုင်း

တနေ့သ၌ မောင်မှိုင်းသည် နံနက်စောစော နောက်ပါငတေနှင့် နရကန်ရွာက ရောင်းချလာသော ချဉ်ပေါင်ရွက်များကို တဆင့်ဝယ်ယူ၍ နန်းတော်ရှေ့အနီး ဝင်းမှူးကြီးအိမ်ဦးသို့ ချဉ်ပေါင်ရွက်များကို သွင်းပို့ရန် အနောက်လှေကားမှ တက်သွားကြရာ အနောက်တန်းလျားအနီး မီးဖိုဆောင်အဝ၌ ချဉ်ပေါင်ထမ်းကိုချ၍ ရေတွက် ပေးသွင်းပြီးလျှင် နေ့စဉ် စာရင်းမှတ်သား၍ ရေးနေဆဲတွင် ကျေးကျွန်မိန်းမများတို့သည် မောင်မှိုင်းသည် ရယ်စရာစကားဆန်းဆန်းများ ပြောတတ်ကြောင်းကိုသိ၍ ဝိုင်းဝန်းကျီစားလေ့ရှိကြ၏။

မကြမ်းဆိုသော မိန်းမကြီးတယောက်က ကျီစား၍ သည်ချဉ်ပေါင်ရွက်မျိုးသည် ခါးလဲခါး သက်လဲသက် အရွက်ကလည်း ပလူတောင် အရောင်ကလည်း မွဲခြောက်ခြောက် ဘယ်ကြားကကောက်၍ ရလေသိဟု ခပ်ပြုံးပြုံးနှင့် ပြောလေ၏။

မိခါဆိုသူက အဟုတ်သားပတော် ချဉ်ပေါင်ရွက်ကိုက လိပ်ခွေခွေနှင့် ချဉ်ပေါင်ရွက်ရောင်းတဲ့လူနှင့် တူသေးတော့၊ သူမို့လို့ ရှာ၍ ရတတ်ပလေဟု ဆိုလေ၏။

ထိုအခါ မောင်မှိုင်းက သည်ချဉ်ပေါင်ရွက်မျိုးကို ကံရှိလို့ စားရသည်ဟု မှတ်ပါ တစိမ့်စိမ့်ဝါး၍ လျှာများနှင့်တွေ့ကြတော့ မျက်စေ့တောင် ဖွင့်မည်မဟုတ်ပါ။ တမုတ်ဆိုးနရကန်ရွာက ပွဲတော်တောင်ဆက်ရတဲ့ နရကန်ချဉ်ပေါင်ရွက်ဆိုတာ သူပ။ ချဉ်ပေါင်ရွက်ကို ဆက်သော ဒေါ်သဲဦးတို့တောင် အိမ်ဖြူပြတင်းရွှေချနဲ့နေပေါ့။ နရကန်ချဉ်ပေါင်ရွက်အကြောင်းကို စာဖွဲ့၍ဆိုသော စာဆိုတော်ဦးတိုးကို ဝတ်လဲတော်ပုဆိုး အထည်တရာနှင့် ကတ္တီပါစောင်ကို သနားတော်မူသည့်ပြင် ဝင်းကြက်ခြေခတ် လှေကားဦးတိုက် အတွင်းပွတ်လုံး အပြင်ပွတ်လုံးနှင့်နေစေ အမိန့်တော်မှတ်ပြီးပါပကောဟု ပြောဆိုလေ၏။

ထိုအခါ အုံးကနဲ ရယ်ကြလေ၏။

သီပေါမင်းလက်ထက်က ဝန်စာရေး ဦးကြီး ရေးသားတဲ့စာ ဖြစ်ပါတယ်။ စာထဲမှာ မောင်မှိုင်းဟာ သူတပါးသားပျို သမီးပျိုများကို လိမ်လည်လှည့်ဖျားကာ ဖျက်ဆီးလေ့ရှိတဲ့ သူယုတ်မာ ကြာသမားတယောက်ဖြစ်တယ်။

အမျိုးခြားအမည်ကို အထင်တော်ကြီးနေကြသူတွေကို နှိမ်လိုတဲ့အတွက် ဆရာလွန်းဟာ မစ္စတာမောင်မှိုင်းအမည် ခံယူပြီး သူရိယသတင်းစာမှာ စာတွေရေးသားပါတော့တယ်။

၁၉၆၀ ခုနှစ် ဟံသာဝတီတိုက်က ရိုက်နှိပ်ထုတ်ဝေတဲ့ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းစာအုပ်ပါ မြန်မာစာသတ်ပုံတွေကို လေ့လာစေလိုပါတယ်။

တစ်နေ့သ၌ မဟုတ်။ တစ်ဆင့်ဝယ်ယူ၍ မဟုတ်။ မိန်းမကြီးတစ်ယောက်က မဟုတ်။ တစ်စိမ့်စိမ့်ဝါး၍ မဟုတ်။ တစ်မုတ်ဆိုး မဟုတ်။ အထည်တစ်ရာနှင့် မဟုတ်။

ကနေ့ခေတ်မှာ မြန်မာစာ ချဉ်ပေါင်ရွက်လောက်ထိ တန်ဖိုးကျနေပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

မောင်မှိုင်းဝတ္ထု ပေါ်ပေါက်လာပုံ

ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုပေါ်ပေါက်လာပုံမှာကား ဤသို့ဖြစ်လေသည်။ ဇာတကဝတ္ထုမှတပါး ကာမဂုဏ်နှင့် စပ်လျဉ်းသော လောကီဇာတ်လမ်းဇာတ်ကွက်ကို နှစ်သက်ဖတ်ရှုလိုသော စာဖတ်ပရိသတ်သည် မောင်ရင်မောင် မမယ်မ ဝတ္ထု ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်းတွင် အာသာမပြေ၊ စေတသိက်ပြင်းပြ၊ တောင်းတမငြိမ် ဖြစ်ခဲ့ကြသည်ကို ဟံသာဝတီတိုက်ရှင်က သိမြင်သောအခါ ယင်းကဲ့သို့ အလားတူဖတ်ရှုသူတို့၏ အာရုံကို ခုံမင်စွဲလမ်းစေမည့် ကာလပေါ် ဝတ္ထုများကို ဖြည့်စွမ်းရိုက်နှိပ်ရန်ဆန္ဒရှိသည့်အတိုင်း မိမိတိုက်တွင်းရှိ ကဝိကျော်စွာ၊ ပါဠိဆရာအပေါင်း စည်းဝေးမိသောအခါ မိမိဆန္ဒကို ဖွင့်ဟ၍ ဥယျောဇဉ်စကား ပြောကြားလိုက်လေသည်။

ထိုအခါ ဆရာကြီး အသီးသီးတို့ကား ခေတ်နှင့်လျော်စွာ တီတာနွဲ့နှောင်း လောကီကြောင်းများကို ရေးသားရမည်မှာ သမ္ဖပ္ပလာ ဝါစာထွေးငြိ ရှိမည်အရေး ဝန်လေးလျက်ရှိကြစဉ်၊ ပညာရှင်တဦးဖြစ်သူ ဝန်စာရေးဦးကြီးကား ရှေးအထက် ကာလကပင် အိပ်ဖန်အလှည့်ကျစဉ် အဖေါ်အသင်းတို့အား တညလုံးမအိပ်ချင်အောင် ဖွဲ့ဆင်ပုံခင်း ပြောခဲ့ဘူးရင်း ရှိသည်တလည်းကြောင်း၊ ကဗျာလင်္ကာ လောကီရေးရာကို ဖွေရှာ စပ်စု ဗဟုဿုတ ကြွယ်ဝသည်လည်း တကြောင်းတို့ကြောင့် မိမိပင် ရေးသားပေးပါမည်ဟု အာမဝန်တာခံလိုက်ပြီးသည့်နောက် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုကို ခေတ်အကြိုက် လိုက်ထိုက်အောင် ရေးသားခဲ့လေသည်။ ထိုဝတ္ထုကို တနှစ်တည်းမှာပင် ပထမတွဲနှင့် ဒုတိယတွဲဟူ၍ နှစ်တွဲခွဲခြား၍ ရိုက်နှိပ် ထုတ်ဝေခဲ့လေသည်။

ထိုဝတ္ထုများကို ဖတ်ရှုသူများက နှစ်သက်စွဲမက်ကြောင်းကို သိရှိသောကြောင့် ဦးကြီးသည် မြကလေး၊ စိန်ကလေး၊ ခင်ခင်ညွန့် ဝတ္ထုများကိုပါ ကြားဖြတ်ရေးသားခဲ့လေသေးသည်။ ထိုနောက်မှတဖန် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုကိုပင် တတိယတွဲဟူ၍ ဆက်လက် ရေးသားပြန်လေသည်။ စတုတ္ထတွဲကို ဆက်လက်ရေးသားရန် မူကလ ရည်ရွယ်ချက် ရှိခဲ့သော်လည်း မရေးဖြစ်သဖြင့် စက်တင်ပုံနှိပ်ခြင်း မပြုနိုင်ခဲ့ပေ။

ဝန်စာရေးဦးကြီးရေးသားခဲ့တဲ့ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဒုတိယတွဲပါ နိဒါန်းကနေ ကောက်နှုတ်တင်ပြချက်ဖြစ်ပါတယ်။

ပညာရှင်တစ်ဦး မဟုတ်။ တစ်ညလုံး မဟုတ်။ တစ်ကြောင်းတို့ကြောင့် မဟုတ်။ တစ်နှစ်တည်းမှာပင် မဟုတ်။

ကနေ့မြန်မာစာ ချဉ်ပေါင်ရွက်တန်ဖိုးထက် မြင့်တက်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

လိပ်ခုံးပါလားဟေ့

လိပ်ခုံးပါလားဟေ့နဲ့ အစချီထားတဲ့ ဆရာဋ္ဌေးရေးထားတဲ့စာကို DVB TV News ဖတ်ရတယ်။ ကျေးဇူး။

အဆင့်မြင့်ပညာဦးစီးဌာနဆိုတဲ့ အဆောက်အအုံရှိတယ်။ အဆင့်မြင့်ပညာဆီကို လိပ်ကလေးရဲ့ အလျင်နှုန်းနဲ့ သွားနေတာကိုး။ အမေရိကန် အာကာသယာဉ်မှူးတဦးတောင် အာကာသပျံသန်းရေး အတွေ့အကြုံ ဟောပြောပွဲ ကျင်းပခဲ့သေးတယ်။ အင်းလျားဆောင်သူတွေရဲ့ မြန်မာ့ရိုးရာ ဆင်ယဉ်ထုံးဖွဲ့မှုပြပွဲ၊ နိုင်ငံတကာ စာတတ်မြောက်ရေး အထိမ်းအမှတ်ပွဲ၊ ပန်းချီပြပွဲ၊ စကားရည်လုပွဲ စတာတွေ ကျင်းပခဲ့ဖူးတယ်။ လိပ်ခုံးခန်းမ အဝင်ဝမှာတော့ ဗဂျီအောင်စိုးရဲ့ လက်ရာတရပ်ဖြစ်တဲ့ အလွန်လက်ရာမြောက်တဲ့ ဒေါင်းရုပ်ပန်းချီကားချပ်ကြီးရှိတယ်။ လိပ်ခုံးရယ် ဒေါင်းရယ် ပျားအုံသဏ္ဌာန် အဆောက်အအုံရယ်နဲ့ အလွန်ပဏာရလှပတင့်လို့ သောဘဏရသနဲ့ပြည့်စုံတဲ့ နေရာအဖြစ် တချိန်က ကမ္ပည်းတင်ခံရတဲ့ နေရာလေးပေါ့။

၁၉၅၄ မတ်လ ၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက အုတ်မြစ်ချပေးခဲ့တာ။ ၁၉၆၄ ထဲရောက်တော့ တက္ကသိုလ်ရဲ့ ပညာရေးစနစ်ဟောင်း ချုပ်ငြိမ်းသွားပြီး ဆေးတက္ကသိုလ် (၁) အဖြစ် ပြောင်းလဲသွားခဲ့ရပါတော့တယ်။ ၁၉၉၀ ခုနှစ် ရောက်တော့ လိပ်ခုံးအဆောက်အုံကြီးကို ကျပ် ၂၅ သိန်း ၁ သောင်းနဲ့ ရောင်းစားလိုက်တယ်။ ဆောင်းဘောက်မလိုဘဲ ရေနဲ့ အသံထိန်းညှိတဲ့ လိပ်ခုံးခန်းမ ရှိခဲ့ဖူးတယ်ဆိုတာ ဒဏ္ဍာရီတခုပင် ဖြစ်နေပါတော့တယ်လို့ အဆုံးသတ်ထားတယ်။

အထင်ကရ အသုံးကျခဲ့ အသုံးချခဲ့တဲ့ လိပ်ခုံးခမ်းမကြီး ဘဝဇာတ်သိမ်းခန်းဟာ တိုင်းပြည်အတွက်ပါ ရင်နာစရာ။

တဆက်တည်းမှာ မြန်မာစာသတ်ပုံကို ပေါ်လစီနဲ့ ပြင်ထားတယ်။ အင်္ဂလိပ်စာကိုလည်း မြန်ဂလိပ်လုပ်ထားတယ်။

ပညာအဆင့်အတန်းဟာ လိပ်ကြီး ပက်လက်လှန်ထားသလို။ လူတွေက ပက်လက်က အမှန်လို့ ထင်ကုန်ကြရော။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Methyl salicylate မီသိုင်းလ် ဆယ်လီဆလိတ် ဆေး

၁။ Methyl salicylate ဆိုတာ မြန်မာလို တေဇောဆီလားရှင့်

မြန်မာလို အခေါ် သေချာ မသိပါ။ ဆောရီး။

၂။ ဆရာရှင့် သမီးအသက် ၃၈ နှစ်ပါ။ သမီးက့ မှာ့ တာဝန်ကျနေတဲ့ ပါ။ ဒီပုလင်းကို ဘယ်လို အသုံးပြုရလည်း  သိချင်လို့ပါဆရာ။

Methyl salicylate-menthol မင်သော်ဆေးရည်လို့လည်း ခေါ်တယ်။ သာမန်နာတာ၊ ကိုက်တာအတွက်သုံးရတဲ့ လိမ်းဆေးဖြစ်တယ်။ အဆစ်နာ၊ ခါးနာ၊ ထိခိုက်မိလို့နာတာ။ လိမ်းလိုက်ရင် အေးပြီး ခဏနေပူလာမယ်။

အရေပြားလိမ်းဆေးသာဖြစ်တယ်။ သောက်ဆေးမဟုတ်။ မျက်စိ။ ပါးစပ်၊ နှာခေါင်း၊ လိင်လမ်းတွေမှာ မသုံးရ။ လက်နဲ့လိမ်းရင်လည်း သတိထားပါ။ ရေများများနဲ့ ဆေးပါ။

Methyl salicylate Lotion, Spray, Foam အမျိုးမျိုးလာတယ်။ အားအမျိုးမျိုးနဲ့လာတယ်။ ကိုယ်နဲ့သင့်တာ ရွေးပါ။ မသုံးခင် ပုလင်းကိုလှုပ်ပါ။ ပါးပါးသာလိမ်းပါ။ ပွတ်ပေးပါ။ တနေ့ ၃-၄ ကြိမ်လိမ်းနိုင်တယ်။ လိမ်းစရာနေရာက လက်ဖြစ်နေရင် ဆေးလိမ်းပြီး နာရီဝက်အကြာ လက်ဆေးလိုက်ပါ။

ကွဲရှပေါက်ပြဲုနာထဲ မထည့်ရ။ ဆေးအပေါ်က ပတ်တီးမစီးရ။ လိုအပ်ရင် ဖုံးစရာကို ချောင်ပါစေ။ ရေပူချိုးချိုးပြီစ၊ ရေကူးပြီးစ၊ ကိုလက်လေ့ကျင့်ခန်းလုပ်ပြီးစ ချက်ချင်းဆေးမလိမ်းသင့်။

လိမ်းတဲ့နေရာ နီရဲလာနိုင်၊ ကျင်သလိုခံစားရ၊ ပူလောင်သလိုနေနိုင်တယ်။ တချို့က ဆေးနဲ့မတည့်။ ကိုယ်ဝန် ၆ လအောက် သတိထားသုံးပါ။ ကလေးငယ်တွေ သတိထားသုံးရမယ်။

Methyl salicylate-menthol မင်သော်ဆေးရည် https://doctortintswe.blogspot.com/2016/10/methyl-salicylate-menthol.html

ဒေါက်တာတင့်ဆွေ
၂-၁ဝ-၂ဝ၁၆
၃၀-၁၁-၂၀၁၈

ကျိပ် ကြိတ် ကျိတ်

အခုပဲ ရင်သားအကြိတ်ကို ခွဲစရာမလိုတဲ့အရွက်ဆိုပြီး တင်ထားတာတခု တွေ့တယ်။ အကျိတ်သတ်ပုံက မှားနေတယ်။ တနေ့ကလည်း သံပရာသီးနဲ့ စပါးကြီးမြွေကို သတ်ပုံမှားရေးပြီး ဆေးနည်းပေးတယ်။ သတ်ပုံမမှန်မှတော့ ဆေးနည်းက မှန်ပါ့မလား။

၁။ ကျိပ်မှာ (ပသတ်) နဲ့ ကျိပ်မှ မှန်လေမလားလို့ ဒေါက်တာ။

၂။ ပို့စ်တခုမှာ လည်ပင်းအကြိပ် ထုတ်ပြီးစစ်ဆေးရမယ်။ အဆီကျိပ်ဘဲဖြစ်ပါစေလို့ ဆုတောင်းတာဖတ်ရတယ်။

လူတကျိပ်။ လည်ပင်းအကျိတ်၊ အဆီကျိတ် လို့ရေးရတယ်။ အကြိပ်ဆိုတာ မရှိပါ။

ကျိပ်
တကျိပ် = ၁ဝ = တဆယ် (တစ်ဆယ် မဟုတ်)
နှစ်ကျိပ်ရှစ်ဆူ = ၂၈ ဆူ

ကြိတ်
စပါးကြိတ်စက်
ထိုးကြိတ်သည်
ကြိတ်ဆုံ
ကြိတ်ကြိတ်တိုး စည်ကားသည်
ကြိတ်ကြိုးစားသည်
ကြိတ်မှန်ပင်
ကြိတ်မှိတ်ခံသည်
ကြိတ်မနိုင်ခဲမရ
ကြိတ်နှုန်း
ဝါကြိတ်စက်
သွားကြိတ်သည်
အံကြိတ်
အကြိတ်အနယ်၊
အကြိတ်အနယ်ပြိုင်သည်

ကျိတ်
ကင်ဆာအကျိတ်
ကျိတ်၍ခံ
ကျိတ်၍ကြံ
ကျိတ်ကြံကျိတ်လုပ်
ကျိတ်ဓား
ကျိတ်ပင်
ကျိတ်ပုတီး
ကျိတ်မျိုသည်းခံ
တကျိတ်တည်း တဉာဏ်တည်း
ရင်သားအကျိတ်
သားအိမ်အကျိတ်
သုကျိတ်မျောက်
အကျိတ်အခဲ
အကျိတ်အဖု
ဦးနှောက်အကျိတ်

သတ်ပုံမှာ ဆေးနည်းတွေ။ သတ်ပုံမှာတရားစာတွေ သတိထားကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၇
၇-၈-၂ဝ၁၇
၃၀-၁၁-၂၀၁၈

တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ရတိုင်းကြည့်ကြတယ်။ နှစ်ဆန်း ၁ ရက်နေ့က တောင်သူလယ်သမားနေ့။ အဲတာ ပြောင်းသွားတယ်။ တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့က ပါတော်မူနေ့။ အခုမထည့်ကြတော့ပါ။ တရုပ်နေ့တွေနဲ့ အစားထိုးလာကြတယ်။

ပါတော်မူခန်း (၁)

သီပေါကို လာဖမ်းသွားတာ ရပ်ကြည့်နေကြတယ်ဆိုပြီး တချို့က ငြင်းချင်တယ်။ ပြည်သူက ဘုရင်ကို မချစ်လို့ပါပေါ့တဲ့။ မချစ်ရင် ဘာလို့ ပါတော်မူတုန်းက လမ်းဘေးမှာ ရပ်ကြည့်ပြီး ငိုနေကြတာတုံးတဲ့ ရေးကြတယ်။

သီပေါမင်းနဲ့ စုဖုရားလတ်ကို ရပ်ကြည့်နေခဲ့ကြတဲ့ မန္တလေးပရိသတ်လည်း အင်္ဂလိပ်ကို ကြိုက်ကြလို့တော့ မဟုတ်ပါ။ ဦးကောင်းကို အပြစ်တင်ကြတယ်။ အဲလိုလူတွေက ကင်းဝန်မင်းကြီးဆီ ကျောက်ပြင်နဲ့ ထဘီပို့လိုက်ဆိုတဲ့ စုဖုရားလတ်ကို ချီးမွမ်းကြတယ်။

ပါတော်မူခန်း (၂)

မြန်မာနိုင်ငံသမိုင်းမှာ ဘုရင်စုစုပေါင်း (၁၂ဝ) ပါးရှိတယ်။ ဘုရင်ရုပ်တွေထုထားတာကတော့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားလို့ ထင်တယ်။

တချို့က ပျူခေတ်က ရှေးဟောင်းအမွေတွေထက် ပျူဘုရင်မကိုသာ လွမ်းနေကြတယ်။ စလေငခွေး၊ နရသီဟပတေ့ တို့တတွေလည်း ကိုယ့်တိုင်းပြည်က ဘုရင်တွေလို့ သိထားရမယ်။ တောင်ငူအင်ပါယာမှာ သေသောက်ကြူးတဲ့ တပင်ရွှေထီးနဲ့ ဒီဘရစ်တိုနဲ့ မဟာမိတ်ပြုတဲ့ နတ်ရှင်နောင် အဖြစ်မှန်တွေလည်း သိရမယ်။

ကျွန်တော်ကတော့ ကျောင်းသားဘဝကတည်းက သာလွန်မင်းကိုသဘောကျခဲ့တာ။ ရာဇာဘိသေက မခံသေးခင် ပြည်ထဲရေးကို အရင်ရှင်းတယ်။ စီးပွါးရေးပြန်လည်ထူထောင်အောင်လုပ်တယ်။ သန်ကောင်စာရင်း၊ အခွန်အတုတ်စစ်တမ်း ကောက်ယူတယ်။ အသုံးအစွဲချွေတာရေးလုပ်တယ်။

အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့ကြတဲ့ ပေလေးပင်ရှင်လေးပါးကို အလွန်တန်ဖိုးထားတယ်။ ရုပ်တုတွေတော့ မထုစေချင်ပါ။ သတ်ပုံပြင်ထုတ်နေတဲ့စာတုတွေနဲ့ကို ဒုက္ခများနေရတယ်။

မြန်မာပြည်ပရိသတ်ထဲမှာ ပါတော်မူ နှစ်မျိုးနှစ်စားရှိတယ်။ အစစ်ကို တန်ဖိုးထားသူတွေနဲ့ ရွှေရည်စိမ်ကို ကိုးကွယ်ချင်သူ။

ပါတော်မူခန်း (၃)

ပါတော်မူခန်း (၁) နဲ့ (၂) အောက်မှာ ကွန်မင့်တွေ အကုန်ဖတ်ပါတယ်။ လိုရင်းရောက်တဲ့သူရှိပေမဲ့ နည်းတယ်။ လမ်းလွဲတွေးသူက မနည်းလှ။ ကျွန်တော်က ခပ်တိုသာ ရေးချင်သူ။ လိုရင်းအရောက် သဘောပေါက်သူက တဝက်လောက်သာရှိတတ်တယ်။ ဆေးပညာစာတွေမှာ အဲလိုသာဖြစ်ရင်တော့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ နိုင်ငံရေးမှာတော့ ဘယ်လောက် ခရေစေ့တွင်းကျရေးရေး ဘေးရောက်သူဆိုတာရှိစမြဲ။

ပါတော်မူကိုတော့ သင်ခန်းစာမယူ၊ စစ်ဘုရင်တွေကိုသာ ကိုးကွယ်ရာလို့လုပ်နေကြတယ်။ အဲတာကြောင့် ပါတော်မူခန်းလို့ ခေါင်းစဉ်တပ်ထားတာ။ သီပေါမင်းသာပါတာ မဟုတ်။ အတွေးအမြင်တွေပါ ပါကုန်ကြတာ။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၇
၃၀-၁၁-၂၀၁၈

Thursday, November 29, 2018

တောဘောလုံးကွင်း

ဘောလုံးသမား အားလုံး
တအား ကြုံးကြုံးကန်ကြ
ဘောလုံးထက် ရှေ့ကို
လူတွေ လွန်လွန်သွား
ဘောလုံးတခြား လူတခြား
လွဲလွဲသွား
တဂိုးမှ မသွင်းနိုင်ကြသေးဘူး
အခုထိ။ ။

ကဗျာဆရာမောင်အောင်ပွင့်အကြောင်းတင်ထားကြတာတွေ တချို့တော့ တွေ့တယ်။ မောင်အောင်ပွင့် သို့မဟုတ် အနုပညာနဲ့ တပါးသူရင်တွင်း ထိုးဖောက် နားလည်နိုင်သူ Petr Lom

့ ဒီနှစ်မှာတော့ မောင်အောင်ပွင့်ဟာ ဇနီးနဲ့အတူ စုထားတဲ့ ငွေနဲ့ အငှားကားတစီး ဝယ်နိုင်ခဲ့ပါပြီ။

အဲဒီစာမှာ သတ်ပုံကို အမှန်နဲ့သာရေးထားတယ်။ ကွန်ဂရက်ကျူလေးရှင်း။

အတော်များများက မူလစာရေးဆရာ ကဗျာဆရာတွေရေးထားတာကို ပေါ်လစီအရ ပလီပြီးပြင်ထားတဲ့သတ်ပုံတွေနဲ့ ကူးရေးတင်ကြတယ်။ ထုတ်ဝေရောင်းစားကြတယ်။ သခင်ကိုယ်တော်မှိုင်း၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ တက္ကသိုလ်ဘုန်းနိုင်၊ ကြည်အေး၊ မြသန်းတင့်၊ တင်မိုး၊့ ပါးစပ်ကတော့ စာဆိုတွေ တော်တာ တော်တာနဲ့။ မလုပ်ကောင်းပါ။

မြန်မာစာဘောလုံးကို တအားကြုံးကြုံး ကန်နေကြတာ၊ ဂိုးပေါက်မှာတစ်နေတော့ တဂိုးမှ မသွင်းနိုင်ကြသေးပါ။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Questions 29-11-2018

Corn ငါးမျက်စိ

(ခြေထောက်ပုံအတွက် ကန်တော့။)

၁။ ဆရာရှင့် အသက်၂၁ မိန်းကလေးပါ gym ဆော့ရင်း ဖိနပ်မစီးပဲ အကြိမ်ရေများစွာခုန်မိပါတယ် အဲ့ဒါပြီးတော့ အခုခြေဖဝါးမှာ အဖုပေါက်လာပါတယ် အစကမနာပါဘူး ခုနောက်ပိုင်းဖိလိုက်ရင်တော်တော်နာပါတယ် ဘရိတ်ဓားနဲ့ ခစ်တော့ အသားမာလိုဖြစ်နေပါတယ် အပေါက်သေးသေးလေးကနေ သွေးလဲထွက်ပါတယ်ဆရာ ၁ ပတ်ကျော်နေပါပြီ ဘာအနာမှန်းလဲမသိလို့ပုံ ပို့လိုက်ပါတယ်ဆရာ ကန်တော့ပါရှင့်

ဘရိတ်ဓားနဲ့ခစ်လို့ မရေးရပါ။ လှီးတယ်၊ ဖြတ်တယ်လို့ရေးတယ်။ ခစ်ဆိုတာ ရီသံ။

၂။ ဆရာ ငါးမျက်စိမျက်နှာမှာပေါက်တာ ဘယ်လိုလုပ်သင့်ပါလည်းဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ကျား အသက် ၁၉ ငါးမျက်စိပေါက်တာ ၂လလောက်တော့ရှိပြီဆရာ အခုတော်တော်ဆိုးလာလို့ပါဆရာ မျက်နှာမှာ ပေါက်တာပါဆရာ

ငါးမျက်စိလို့ အခေါ်က တနေရာ တမျိုး။ အများအားဖြင့် လက်ဖဝါး ခြေဖဝါးမှ အသားမာလိုဖြစ်တာကိုခေါ်ကြတယ်။

ကျွန်တော် ဘာဆက်လုပ်ရမလည်းဆရာ ဘယ်လိုနေရာမျိုးမှာပြသင့်လည်းဆရာ ကျွန်တော်ကိုလမ်းညွှန်ပေးပါဆရာ

ဖြေထားပြီး။ ဘာရောဂါမှန်း မသိပါ။ ဆရာဝန်တဦးပြသင့်။

၃။ ဆရာခင်ဗျား ကျွန်တော်က စစ်ကိုင်းတိုင်း၊့ မှ ဖြစ်ပါတယ်။ အသက်က ၂၄ နှစ်ပါ။ ကျွန်တော်ရဲ့ လက်မှာ လွန်ခဲ့တဲ့ တစ်နှစ်က ငါးမျက်စိ တစ်လုံးထွက်လာပါတယ်။ အဲ့ဒီ ငါးမျက်စိကိုတော့ မြန်မာဆေးဖြစ်တဲ့ စိန်ငါးလုံးဆေးနဲ့ ငါးမျက်စိကို အပ်နဲ့ဆွပြီး သွေးစို့ လာတဲ့အခါ တို့ပြီး လိမ်းပေးပါတယ်။ ဆေးက အက်စစ် ပျော့ ပါတော့ အထဲထိ လှိုက့့်

၎။ ကျွန်မချစ်သူခြေထောက်မှာ ငါးမျက်စိအဖုလေး ဖြစ်နေပါတယ်။ အဲဒါ ပျောက်ကင်းအောင် ဘယ်လိုလုပ်သင့်ပါသလဲ။ ဆေးစားလို့ရလား။ သူကတော့ ခွဲရမယ်လို့ ပြောပါတယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာရယ်။ ဘယ်လိုသတိပြု နေထိုင်သင့်တယ် ဆိုတာပြောပြပေးပါရှင့်။

ငါးမျက်စိက လူတော်တော်များများ ဖြစ်ကြတယ်။ Corns and Callus လို့ အလွယ်ခေါ်တယ်။ ဆေးစာလို Hyperkeratosis, Clavus, Heloma and Tyloma လို့ခေါ်တယ်။ Wart ကြွက်နို့နဲ့ ခွဲခြားသိရမယ်။ ကုရတာခြင်းမတူဘူး။

ခြေထောက်မှာဖြစ်တယ်။ ဖြစ်တဲ့နေရာမှာအရေပြာကထူလာတယ်၊ မာလာတယ်။ ထိရင်-ဖိရင် နာမယ်။ အဖိခံရတဲ့ နေရာမှာ ဖြစ်တာများတယ်။ ခန္ဓာကိုယ်ကသူ့ဖါသာကာကွယ်တာလုပ်ရင်းကနေအဲလိုဖြစ်လာတာပါ။ ရောဂါတော့ မဟုတ်ပါ။ လက်မှာလည်း ဖြစ်တာဘဲအသားမာလိုပေါ့။ စာရေးလို့ ဖေါင်တိန်-ဘောလ်ပင် ဖိတဲ့နေရာ လက်ခလည်မှာ အဖြစ်များတယ်။ ဖိနပ်ကြပ်ရင်လည်း ဖြစ်မယ်။ ဂီတာ၊ မယ်ဒလင်တီးသူတွေလည်း ဖြစ်တယ်။ မီးဖိုဝင်ရသူတွေ အကသမားတွေ စသူတွေမှာလည်း ဖြစ်ကြတယ်။

ကြာတော့ ပိုပိုနာလာမယ်။ အရေပြားအောက်က တစ်ရှူးတွေထိ ရောက်ရင် ပိုဆိုးတာပေါ့။ ကြာရင် ကိုယ့်ခန္ဓာက သူ့ကို ပြင်ပစ္စည်း (ဆူး၊ ညှောင့်၊ ဖန်ကွဲ) လို သတ်မှတ်လာတတ်တယ်။ ပိုးဝင်လာတတ်သေးတယ်။ ဆီးချိုရှိရင် ပိုဆိုးတယ်။

Corn paint, cure or plasters ပလာစတာတွေက ယာယီသဘော နည်းနည်းသက်သာစေရုံသာ လုပ်ပေးနိုင်တယ်။ ကိုယ့်ဖါသာကိုယ် ဖြတ်လှီးတာက အန္တရာယ်မကင်းပါ။ Salicylic acid ပါတဲ့ဆေးလိမ်းကြတယ်။ Filing လက်သည်း-ခြေသည်းသုံးတံစဉ်း (ကျားလျှာမျိုး) နဲ့ တိုက်တယ်။ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်စီးပါ။ ခြေ-လက် သန့်ရှင်းရေးဂရုစိုက်ပါ။ Tincture of cannabis ဆေးခြောက်ကိုဖျော်ပြီးဆေးဖေါ်တာကိုအခုတော့ တားထားတယ်။

Plantar Warts ကို ဆေးစာမှာ ကြွက်နို့လိုပါပေမဲ့ ခြေဖဝါး အသားမာခေါ်တယ်။
• Doughnut-shaped piece of moleskin around the wart ပလာစတာ တမျိုးမျာ အဝိုင်းလေးနဲ့ အလယ်က အပေါက်လေးနဲ့ဟာ ကပ်ပါ။
• Duct tape ဆိုတာကို ၂၄ နာရီကပ်ထားပါ။ ၆ ပါတ်ကြာရင်ပျောက်တယ်။
• 17% Salicylic acid and 17% Lactic acid (Duofilm or DermaTech Wart Treatment) ကိုလမ်းပါ။ နေရာကို ရေနွေးနဲ့ ၅ မိနစ် စိမ်ပြီးမှ ဒါမှမဟုတ် ရေချိုးပြီးချိန်လိမ်းပါ။ အဖတ်ကွာလာတာတွေကို (ဘရပ်ခ်ျ) နဲ့တိုက်ဖယ်ပစ်ပါ။
• Cantharidin and Dichloroacetic (or Trichloroacetic) acid တွေလဲသုံးတယ်။
• Upton's paste (6 parts Salicylic acid and 1 part Trichloroacetic acid in Glycerin) ကိုလဲ သုံးတယ်။
• 40%-60% Salicylic acid နဲ့ white soft Paraffin ပါရာဖင်အဆီ ရောလိမ်းတယ်။
• Efudex (5-fluorouracil) topical ointment လိမ်းဆေးသုံးတယ်။
• Laser treatment လေဆာနည်း၊
• Cryotherapy အေးခဲစေနည်း၊
• Curettage and Desiccation ခြစ်ခွဲစိတ်နည်း၊
• Immunotherapy ဆေးနည်းကို အရေပြားအထူးကုဆရာဝန်တွေက လုပ်ပေးတယ်။

နောက်ဆုံးခွဲစိတ်ရမှာပါပဲ။ ထုံဆေးနဲ့ခွဲတာပါ။ ပြန်တောင်မချုပ်ရဘူး။ အသားနုတက်ပြီးပျောက်သွားတတယ်။

Plantar Warts Treatment ခြေဖဝါး အသားမာ ကုသနည်း http://doctortintswe.blogspot.com/2014/11/plantar-warts-treatment_22.html
Gym ဆော့တာနဲ့ ကစားတာ မတူပါ https://doctortintswe.blogspot.com/2017/07/blog-post_659.html

Dr. တင့်ဆွေ
၂၂-၁၂-၂ဝ၁၇
၂၉-၁၁-၂၀၁၈

Gym ဆော့တာနဲ့ ကစားတာ မတူပါ

၁။ ဆရာရှင့် အသက်၂၁ မိန်းကလေးပါ gym ဆော့ရင်း ဖိနပ်မစီးပဲ အကြိမ်ရေများစွာခုန်မိပါတယ် အဲ့ဒါပြီးတော့ အခုခြေဖဝါးမှာ အဖုပေါက်လာပါတယ် အစကမနာပါဘူး ခုနောက်ပိုင်းဖိလိုက်ရင်တော်တော်နာပါတယ် ဘရိတ်ဓားနဲ့ ခစ်တော့ အသားမာလိုဖြစ်နေပါတယ် အပေါက်သေးသေးလေးကနေ သွေးလဲထွက်ပါတယ်ဆရာ ၁ ပတ်ကျော်နေပါပြီ ဘာအနာမှန်းလဲမသိလို့ပုံ ပို့လိုက်ပါတယ်ဆရာ ကန်တော့ပါရှင့်

၂။ ဆရာရှင့် ကျွန်မအသက်က ၂၇ နှစ်ပါ။ အောက်မှာပြထားတဲ့ ဆေးဘူးက မိန်းကလေးတွေ gym မဆော့ခင် သောက်ရတဲ့ဆေးလို့ ပြောပါတယ်ရှင့်။

၃။ ဆရာ မေးချင်တာလေးရှိလို့ပါ။ သမီးက gym ဆော့ပါတယ်ဆရာ။

၎။ ဆရာရှင့်သမီးဟာ အသက်၃၁ အပျိုပါ။ အူအတတ်ခွဲထားတာ ၂ လပိုင်း ၁၂ ရက်နေ့ကပါ။ အနာချုပ်ရိုးကတော့ မကြာခဏယားနေတတ်ပါတယ်ရှင့်။ ဝမ်းချုပ်ရင်လည်း အောင့်သလိုလိုပဲ ဖြစ်တတ်ပါတယ်ရှင့်။ သမီး ဂျင်ဆော့မယ်ဆို ဖြစ်နိုင်ပါ့မလား ဆရာ။ ဆော့လိုရနိုင်ပါလား ဆရာရှင့်။

၅။ ဆရာ၊ ဂျာမနီရှေ့တန်းက ဆော့တာ သိပ်ကောင်းတယ်လို့ ဘော်လုံးဝေဖန်ရေးဆရာက tv မှာ ပြောပါတယ်။ ဆော့ စကားလုံးသုံးတာ မှားတယ်လို့ ထင်တယ်။ ဘော်လုံးကန်သည်။ ဘော်လုံးကစားသည် သုံးလို့ရတာဘဲ။ gym မှာ သွားဆော့မယ်လို့ ပြောပါတယ်ဆရာ။ ရှင်းပါဦးဆရာ။

၆။ မင်္ဂလာပါ ဆရာရှင့်။ သမီးက ကုမ္ပဏီဝန်ထမ်းပါ။ ရုံးက ညနေ ၅နာရီခွဲ ဆင်းတာဆိုပေမယ့် ၆နာရီလောက်မှ အလုပ်ဆင်းဖြစ်ပါတယ်။ ၇နာရီလောက်ဆိုရင် Gym ကို ရောက်ပါတယ်။ ၈နာရီခွဲလောက်ထိ ဆော့ပြီး အိမ်ကို ပြန်ရောက်ရင် ၉နာရီ ကျော်ပါပြီ။ အိပ်ချိန်နဲ့ကပ်နေလို့ သမီး ညစာမစားဖြစ်ပါဘူး။ ခုနောက်ပိုင်းမှာ သမီး ခေါင်းခဏခဏမူးလာတယ်ဆရာ၊ တခါတလေဆို အန်ပါတယ်။ ဆော့နေရင်းနဲ့လဲ အားကုန်နေသလိုမျိုး ခံစားရတယ်။

Gym ဆော့တာနဲ့ ကစားတာ မတူပါ https://doctortintswe.blogspot.com/2017/07/blog-post_659.html

Dr. တင့်ဆွေ
၂၉-၁၁-၂၀၁၈

Repair after delivery မွေးဖွါးပြီးပြုပြင်ခြင်း

(ကန်တော့)

ဆရာရှင့် ကျွန်မအသက် 24ပါရှင့် အိမ်ထောင်ရှိပါတယ်ရှင့် ပထမကလေးကလေးနှစ်ပါရှင် ဒုတိယသားလေးမွေးထားတာ ၉ ရက်ရှိပါပြီရှင် ရိုးရိုးမွေးတာပါဆရာ ကလေးက ၈ပေါင် ၆အောင်စရှိပါတယ်ဆရာ မိန်းမကိုယ်ချုပ်ရိုးက တော်တော်များပြီး စအိုထိတောင်ရောက်ပါတယ်ဆရာ ဆရာချုပ်ရိုးကဖြည်စရာမလိုဘူးလို့ OG ကပြောပါတယ်ဆရာ အခုအနာက တော်တော်နဲ့ မကျက်လို့ စိတ်ညစ်နေရပါတယ်ဆရာ ကလေးလည်းသေချာမချီပိုးနိုင်ဖြစ်နေပါတယ်ဆရာ အနာမြန်မြန်ကျက်အောင် ဘယ်လိုလုပ်ရပ့မလဲဆရာ

Repair after delivery မွေးဖွါးပြီးပြုပြင်ခြင်း https://doctortintswe.blogspot.com/2017/04/repair-after-delivery.html
Perineal repair မွေးလမ်းပြုပြင်ခြင်း https://doctortintswe.blogspot.com/2015/04/perineal-repair.html

Dr. တင့်ဆွေ
၂၉-၁၁-၂၀၁၈

Omega အိုမီဂါဆေး မေးခွန်း

၁။ ဆရာ အသက် ၁၀နှစ်ကလေး (မိန်းကလေးပါ) Omega-3တိုက်လို့ရပါသလား ကလေးတွေအတွက်ကောင်းကျိုး ဆိုးကျိုးလေး ပြောပြပါ

အတော် မေးကြတယ်။ မေးတာ ကောင်းတယ်။ ကလေးအတွက်၊ အပျိုအတွက်၊ နှခုံးအတွက်၊ ကိုယ်ဝန်အတွက် စသည်။

၂။ ဆရာရှင့် ကျွန်မအသက် ၃၀ရှိပါပြီရှင့် အပျိုပါရှင့် နှလုံးအားနည်းလို့ ဆရာဝန်ညွှန်ကြားချက်အရ omega 3 Q 10 ကိုသောက်ရပါတယ်ရှင့် အခုအဲ့ဒီဆေးမှာဝယ်လို့မရတော့သဖြင့် Omega 3 နှင့် Q10 ဆေးနှစ်မျိုးကို တွဲသောက်လို့ ရလားရှင့် သို့မဟုတ် omega3 တမျိုးထဲကိုပဲ သောက်ရမလားရှင့် စွဲသောက်ရင် ဆိုးကျိုးရှိနိုင်ပါသလားဆရာ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်

နှလုံးအားနည်းဆိုတာ မရေမရာပြောတာသာဖြစ်တယ်။ မေးတဲ့သူ ဘာဖြစ်နေသလဲ မသိပါ။

အိုမီဂါသရီးဆိုတာ လူတွေအတွက် မရှိမဖြစ်တဲ့ အစာအမျိုးအစားထဲက တခုဖြစ်ပါတယ်။ ငါးတွေကနေရတာများတယ်။ ငါးကြီးဆီနဲ့ မတူပါ။ ဦးနှောက်အလုပ်တွေနဲ့ ကြီးထွားဘို့အတွက်ပါ လိုအပ်တယ်။ နှလုံးရောဂါဖြစ်မှာကို တားပေးနိုင်လို့ပါ။ အမေရိကန်နှလုံးရောဂါအဖွဲ့က ငါးတမျိုးမျိုးကို တပါတ် ၂ ခါ စားသင့်တယ်လို့ အကြံပြုထားပါတယ်။ EPA နဲ့ DHA တွေ ပါတဲ့ ငါးတွေက ဆာလ်မွန်၊ ကျူနာ၊ ဟာလီဘတ်ငါးတွေ ဖြစ်တယ်။ ပင်လယ်စာတွေ၊ အပင်တွေနဲ့ အစေ့အဆံကရတဲ့ အဆီတွေမှာလဲပါတယ်။ ALA ဆိုတာက နှမ်းကြတ်စေ့၊ နှမ်းကြတ်ဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်စေ့၊ ပဲပုပ်စေ့ဆီ၊ ဖရုံစေ့၊ ဖရုံစေ့ဆီ၊ သစ်ကြားသီး၊ သစ်ကြားစေ့ဆီတွေကနေရတယ်။

အိုမီဂါသရီးကြောင့် ရောင်ခြင်းဖြစ်စဉ်ကို လျော့နည်းစေတယ်။ ဒါကြောင့် နာတာရှည်ရောဂါတွေထဲက နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်နာရောဂါတွေကို သက်သာစေမယ်လို့ ယူဆစရာအကြောင်း ရှိနိုင်တယ်။ စားတဲ့အထဲကပါတဲ့ ဒီဓါတ်ဟာ ဦးနှောက်မှာ အများကြီးလာစုနေတယ်။ ဒါ့ကြောင့် ဦးနှောက်မှတ်ဥာဏ်၊ စဉ်းစားမှုနဲ့ အမူအယာအလုပ်တွေအတွက် အရေးပါတာ ဖြစ်နိုင်တယ်။ တကယ်လို့ မိခင်ဆီကနေ အိုမီဂါ-သရီးအလုံအလောက်မရရင် ကလေးဟာ အမြင်ဆိုင်ရာနဲ့ အာရုံကြောတွေမှာ အားနည်းနိုင်တယ်။ ဒီဓါတ်နည်းနေရင် အားယုတ်မယ်၊ မှတ်ဥာဏ်နည်းမယ်၊ အရေပြား ခြောက်နေမယ်၊ နှလုံးရောဂါရမယ်၊ စိတ်မူပြောင်းမယ်၊ စိတ်ဓါတ်ကျမယ်၊ သွေးလှည့်တာ မကောင်းဘူး။

Coenzyme Q10 (CoQ10) ဆိုတာ လူအများစားသုံးတဲ့အစားအစာတွေထဲမှာ ပါတယ်။ အင်တီအောက်စီဒင့်လို့ခေါ်တယ်။

အစားအစာ လုံလောက်မျှတအောင်စားတတ်သူတွေက အားဆေးတွေ မလိုကြပါ။

Omega-3 အိုမီဂါသရီး ဘာလို့ နာမည်ကြီး https://doctortintswe.blogspot.com/2015/06/omega-3.html
1. Obimin and Omega-3 (အိုဗီမင်) နဲ့ (အိုမီဂါ သရီး) https://doctortintswe.blogspot.com/2016/06/obimin-and-omega-3.html
2. Omega Kids ကလေးတိုင်းအတွက်တော့မဟုတ် https://doctortintswe.blogspot.com/2017/11/omega-kids.html
3. Omega-3 and Pregnancy အိုမီဂါ နှင့် ကိုယ်ဝန် https://doctortintswe.blogspot.com/2017/05/omega-3-and-pregnancy.html
4. Omega-3 အိုမီဂါသရီး ဘာလို့ နာမည်ကြီး https://doctortintswe.blogspot.com/2015/06/omega-3.html

Dr. တင့်ဆွေ
၂၂-၈-၂ဝ၁၈
၂၉-၁၁-၂၀၁၈

Anubis အီဂျစ်ဒဏ္ဍာရီထဲက သေမင်းဘုရား

ဆရာရှင့် ရိုသေလေးစားစွာဖြင့် ကန်တော့ပါသည်ရှင့် မြန်မာရုပ်ရှင်ကား ANUBIS ဆိုတဲ့ အဓိပ္ပာယ်ကို သိချင်ပါတယ်ဆရာ Google Wikipedia မှာရှာကြည့်ပါတယ်ဆရာရှင့် သို့သော် နားမလည်ပါ

Anubis is the Greek name of a god associated with mummification and the afterlife in ancient Egyptian religion, usually depicted as a canine or a man with a canine head. Archeologists have identified Anubis's sacred animal as an Egyptian canid, the African golden wolf.

ဗမာလို အချိန်ရတော့ ရေးပါမယ်။

Dr. တင့်ဆွေ
၂၉-၁၁-၂၀၁၈

Like many ancient Egyptian deities, Anubis assumed different roles in various contexts. Depicted as a protector of graves as early as the First Dynasty (c. 3100 – c. 2890 BC), Anubis was also an embalmer. By the Middle Kingdom (c. 2055 – 1650 BC) he was replaced by Osiris in his role as lord of the underworld. One of his prominent roles was as a god who ushered souls into the afterlife. He attended the weighing scale during the "Weighing of the Heart," in which it was determined whether a soul would be allowed to enter the realm of the dead. Despite being one of the most ancient and one of the most frequently depicted and mentioned gods in the Egyptian pantheon, Anubis played almost no role in Egyptian myths.

Anubis was depicted in black, a color that symbolized regeneration, life, the soil of the Nile River, and the discoloration of the corpse after embalming. Anubis is associated with Wepwawet (Upuaut), another Egyptian god portrayed with a dog's head or in canine form, but with grey or white fur. Historians assume that the two figures were eventually combined. Anubis' female counterpart is Anput. His daughter is the serpent goddess Kebechet.

Anubis's parents were Set, the God of evil and Nephthys, Goddess of sleep and night. Anubis had a wife called Anput. Anubis also had a daughter called Kebechet. Early in Egyptian history, before Osiris became an important God.

Egyptian Gods, like Anubis, were always depicted as young & healthy. Any gods with black symbols (like the black headed jackal symbol of Anubis) were closely connected with death and the Afterlife.
Anubis the God of Death is among the most iconic gods in ancient Egypt and people during this time knew him as Anpu or Inpu. Initially, he was known as the god of the underworld but later he became associated with the embalming process and the funeral processions.

Anubis, as the god of the afterlife, was closely associated with mummification and burial rites. Egyptian jackals had an association with the dead, as well. If a person was kind and good, the heart would be light, he or she could continue on to the afterlife safe and sound to meet Osiris.

Anubis presumably possesses the conventional attributes of the Egyptian Gods including superhuman strength (Class 25 or more), stamina, vitality, and resistance to harm.

In the Osiris myth, Anubis helped Isis to embalm Osiris. Indeed, when the Osiris myth emerged, it was said that after Osiris had been killed by Set, Osiris's organs were given to Anubis as a gift.

Dr. တင့်ဆွေ
၂၉-၁၁-၂၀၁၈

Paint fumes သုတ်ဆေးရှူမိရင်

မင်္ဂလာပါဆရာ အသက်က ၂၇ပါဆရာ ကားဆေးမှုတ်လုပ်ငန်းမှာ အလုပ်ချိန်တနေ့ ၈နာရီလောက်လုပ်ရပါတယ်ဆရာ
 ရေရှည်လုပ်ရင်အဆုတ်ထိခိုက်နိုင်ပါလားဆရာ အဆုတ်မထိခိုက်အောင် ဆောင်ရန်ရှောင်ရန်လေးသိချင်ပါတယ်ဆရာ

နှာခေါင်းထဲဝင်မှာအတွက် နှာခေါင်းစည်း လိုမယ်။ လက် ကိုယ်နဲ့ထိတာကိုလည်း အကာအကွယ်လိုပါမယ်။

ကာကွယ်ဝတ်စုံအမြဲသုံးပါတယ်ဆရာ အဆုတ်အားဆေးတွေ သောက်ဖို့လိုအပ်ပါသလားဆရာ

Paint fumes သုတ်ဆေးရှူမိရင် ဘေးထွက်သက်ရောက်မှုတွေရနိုင်တယ်။ အသက်ရှူခက်ခဲခြင်း၊ ခေါင်းကိုက် ခေါင်းခဲ၊ စိတ်မကြည်လင်ခြင်း၊ စကားပြောနှင့် အမြင် မကြည်လင်ခြင်း၊ အားနည်းခြင်း၊ ဘယ်ရောက်နေမှန်း မသိသလိုဖြစ်ခြင်း၊ စိတ်ဓါတ်ကျခြင်း။

Volatile Organic Compounds အော်ဂဲနစ် ညှော်နံ့ https://doctortintswe.blogspot.com/2017/12/volatile-organic-compounds.html

အဆုတ်အားဆေးဆိုတာ မရှိပါ။ ဆာရီး။ အလားတူပဲ မျက်စိအားဆေး မရှိ။ သားအိမ်အားဆေး မရှိပါ။

Dr. တင့်ဆွေ
၂၉-၁၁-၂၀၁၈

Uterine Prolapse သားအိမ်ကျတယ်ဆိုတာ

(ကန်တော့)

အသက် ၇၁နှစ် မ သားအိမ်ကျွံနေတာ ၂နှစ်ကျော် ရှိပါပြီခင်ဗျာ။ ကွင်းထည့်တာ ၂ကြိမ်စလုံး ပြုတ်ကျလို့ ထပ်မထည့်ဖြစ်တော့ပါ။ ယခုရက်ပိုင်းမှ OG နှင့်ပြရာ ကွင်းထည့်ရန် သို့မဟုတ် ခွဲထုတ်ပစ်ရန် ပြောပါသည်။ သို့သော် OG မှ ခွဲစိတ်ပေးရန် မအားလပ်သောကြောင့် ကွင်းထည့်ရန်သာ တိုက်တွန်းပါသည်။ ကွင်းထည့်ခြင်းနှင့် ခွဲထုတ်ပစ်ခြင်း ဘယ်ဟာ လုပ်သင့်သည်ကို မသိပါသောကြောင့် ဆရာ အကြံဉာဏ် ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်ခင်ဗျာ သွေးတော့ဆုံးသွားပါပြီ။ အိမ်ထောင်ရှိ ခင်ပွန်းဆုံးတာ ၄လခန့်ရှိပါပြီ။ ကလေး ၃ယောက်ရှိပါသည်။

Uterine Prolapse သားအိမ်ကျတယ်ဆိုတာ https://doctortintswe.blogspot.com/2014/11/uterine-prolapse.html
Manchester Operation မန်ချက်စတာ အော်ပရေးရှင်း https://doctortintswe.blogspot.com/2017/05/manchester-operation.html

Dr. တင့်ဆွေ
၂၉-၁၁-၂၀၁၈

Knee Joint ဒူးဒဏ်ရာ မေးခွန်း

ဆရာရှင့် ကျမက ဆိုင်ကယ်မှောက်ပြီး ဒူးအရွတ်နဲ့အဆစ်အိမ်ယောင်နေပါတယ် 20° လောက်ပဲကွေးလို့ရပြီး ပိုကွေးမိရင်နာပါတယ်ဆရာဝန်ကတော့ ကြာရင်ပြန်ကွေးလို့ရမယ်ပြောပေမဲ့ဘာမှမထူးခြားလာလို့ပါ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သင့်ပါလဲ ဖြစ်ထားတာ ၁လရှိပါပြီရှင့်

ထိခိုက်ဒဏ်ရာမှန်သမျှ ပျောက်ဘို့ အချိန်ယူတယ်။
အရိုးကျိုးရင် အတည့်ဖြစ်အောင်လုပ်ပေးထားတဲ့အတိုင်း ငြိမ်နေအောင်လုပ်ရတယ်။ အနာသက်သာဆေးတခုခုသုံးနိုင်တယ်။ နာတာ + ရောင်တာ သက်သာစေမယ်။
လေ့ကျင့်ခန်းဆိုတာ နောက်တဆင့်ဖြစ်တယ်။ ဖြစ်တဲ့နေရာက ဘယ်လိုအလုပ် လုပ်သလဲအရ လုပ်ရတယ်။ အဆစ်တွေမှာ အလုပ်တွေ မတူကြပါ။
ဒူးဆိုတာ အကွေးနဲ့ အဆန့် ၂ မျိုးသာလုပ်တယ်။ ပုံမှန် ၀ ကနေ ၁၃၀ ဒီဂရီအထိ ကွေးနိုင်တယ်။ ၁၂၀ ကနေ ၀ အထိ ဆန့်နိုင်တယ်။ တင်ပါးဆုံနေရာက ၄၅ ဒီဂရီအတွင်းဘက်လှည့်နိုင်တယ်။ ခြေခြင်းဝတ်က ၅၀ ဒီဂရီခြေဖဝါးဘက် ကွေးနိုင်တယ်။
ခြေထောက်နေရာတွေက ကိုယ်အပေါ်ပိုင်းနေရာတွေထက် ပြန်ကောင်းဘို့ အချိန်ပိုယူတယ်။ ကိုယ်အလေးချိန် ဖိခံထားရလို့။
ကျမဆိုသူ အသက် မသိ။ ကျန်အချက်အလက်တွေ မသိ။ အသက်ငယ်လေ ပျောက်ကင်းတာ မြန်လေ။

Dr. တင့်ဆွေ
၂၉-၁၁-၂၀၁၈

Age Spots အသက် နဲ့ အစက်

သမီးအသက်က၂၁ပါရှင့် အိမ်ထောင်မရှိပါဘူးရှင့် နွေရာသီ မိုးရာသီဆိုဘာမှမဖြစ်ပါဘူး ဆောင်းရာသီဆိုကျောမာအဲ့လိုအကွက်လေးတွေပေါက်ပေါက်လာလို့ပါ ယားလဲမယား နာလဲမနာပါဘူး ရေလဲနေ့တိုင်းချိုးပါတယ်ရှင့် အဲ့လိုအကွက်တွေမထတော့အောင် ဘယ်ဆေးလိမ်းပြီးဘာတွေရှောင်ရမလဲသိချင်လို့ပါရှင့် ပုံပါပို့လိုက်ပါတယ်

Fungus မိုးစိုစို မှိုသတိထား https://doctortintswe.blogspot.com/2015/08/fungus.html
Age Spots အသက် နဲ့ အစက် https://doctortintswe.blogspot.com/2017/04/age-spots.html

Dr. တင့်ဆွေ
၂၉-၁၁-၂၀၁၈

သခင်တပိုင်း လင်တပိုင်း သခင်တခု လင်တခု

ပို့ပေးတဲ့သူ ကျေးဇူး။

တတိယတန်း မြန်မာဘတ်စာ

တေးဟောင်း

လသာကြမ်းပြင် ဗိုင်းရစ်ခွင်
သခင်လိုလို လင်လိုလို

စောင်ညိုကာပ ရွှေခေါင်ရမ်း။
ဂွပ် ကွမ် ကွမ့် ဂွမ်း။

လသာကြမ်းပြင် ဗိုင်းရစ်ခွင်
သခင်တပိုင်း လင်တပိုင်း။

မျှော်တိုင်းလာပ လူယဉ်ကျေး
လေး လေ လေ့ လေး။

လသာကြမ်းပြင် ဗိုင်းရစ်ခွင်
သခင်တခု လင်တခု။

မျှော်ရှုပါရ ပျို့ချစ်တေး
ဝေး ဝေ ဝေ့ ဝေး

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂၀၁၈

သ္မီးဆိုသူ အသက် မသိ

၁။ မင်္ဂလာပါဆရာ အရေးကြီးလို့ပါ မေးချင်တာလေးရှိလို့ဖြေပေးပါနော် ဆရာ မိန်းကလေး အသက် ၂၀ ပါဆရာ Urethral မှာပြသနာလေးရှိနေပါတယ် urethral enlarge ဖြစ်နေတယ်ထင်တယ်ဆရာ အဲ့ဒါဘာဆက်လုပ်ရမလဲဆရာ ရောဂါဖြစ်တာလား ကုရမှာလားဆရာ

ဆေးစစ်ချက်စာ သိပါသလား။ အိမ်ထောင်ရေး။

ဆေးမစစ်ရသေးဘူးဆရာ ယောက်ျားရှိပါတယ်

Urethra ကြီးတယ်ဆိုတာ မရှိ။ ရောင်တာရှိနိုင်။ ကျဉ်းတာရှိနိုင်။

သက်သာသွားပါပြီဆရာ ဆီးပိုးဝင်တာပါ ကျေးဇူးပါ ဆရာ

Urinary tract infection စာ ခဏခဏတင်ထားတယ်။

၂။ ဆရာ သမီး လျှာလိပ်လိပ်နေလို့ ဆရာ။ အေးတဲ့အချိန် လိပ်တတ်ပါတယ်။ ကျေးဇူးပြုပြီး ဖြေပေးနိုင်မလားရှင်

၃။ ဆရာ မင်္ဂလာပါ မသိတာလေးမေးပါရစေဆရာ အမျိုးသမီးက ၃၃နှစ်ထဲမှာပါ ခုရက်ပိုင်း ဓမ္မတာလတာ အဖြူဆင်းနေတာ ဘာရောဂါကြောင့်လဲ ဒါမှာမဟုတ် ဘာဓာတ်လိုအပ်နေလိုလဲဆိုတာ ပြောပြပေးပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ

အိမ်ထောင်ရေး (အတူနေ) မသိ။ (.) ၈ လုံးဖျက်လိုက်တယ်။ မြန်မာစာမှာ ဖူးလ်စတော့ပ် မရှိ။ ဒေါ့ မရှိ။

White discharge အဖြူဆင်းခြင်း https://doctortintswe.blogspot.com/2017/08/white-discharge.html

၎။ ဆရာရှင့် ယောကျာ်းလေး အသက်က ၈နှစ်ခွဲ ညပိုင်း အိပ်ရာဝင်တိုင်း နှာခေါင်းပိတ် အသက်ရှူမရဖြစ်ဖြစ်နေလို့ ပါ ဆေးစာလေးများ လမ်းညွှန်ပေးပါအုန်းရှင့်

Common Cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html

၅။ ဆရာ သ္မီးခဏခဏနားခေါင်းသွေယိုနေလိုပါ ဆေးရှံတွေသွားတာလဲ မပျောက်ဘူးဆရာ ဆေးရှံကဆရာဝန်တွေကလဲ
သောက်ဆေးတွေဘဲပေးပေးလွတ်ပါတယ် သ္မီးလဲဆရာဝန်တွေပေးတဲ့ဆေး တွေပေးတဲ့သောက်တွေကိုသောက်ပါတယ် အတာမပျောက်လို

မေးနည်းစည်းကမ်း ပို့ထားပြီး။ သ္မီးဆိုသူ အသက် မသိ။ အချက်အလက်တွေ မသိ။ မေးနည်းပါ ဘလော့မှာ ဖတ်လိုတာ ရှာပါရန်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂၀၁၈

Cirrhosis အသည်းခြောက်ရောဂါ

ဆရာရှင် ဖေဖေက အသက် ၅၄နှစ်ပါ အရက်မသောက်ဆေးလိမ်လည်းမသောက်ပါဘူး ကွမ်းယာတော့စားပါတယ် အခုအသဲခြောက်လို့ပါဆရာ အသဲအားဆေးဘယ်အမျိုးအစားကိုတိုက်သင့်ပါသလဲဆရာ အလွယ်တကူဝယ်လို့ရတာလေး ညွန်းပေးပါဆရာ

1. Ascites Causes ရေဖျင်းဘာကြောင့်ဖြစ်ရသလဲ http://doctortintswe.blogspot.com/2014/12/ascites-causes.html
2. Cirrhosis Diet အသဲခြောက် အစားအသောက် http://doctortintswe.blogspot.com/2018/02/cirrhosis-diet.html
3. Cirrhosis Liver Prognosis အသည်းခြောက်ရောဂါ အလားအလာ http://doctortintswe.blogspot.com/2018/01/cirrhosis-liver-prognosis.html
4. Cirrhosis Question အသည်းခြောက်ရောဂါ မေးခွန်း https://doctortintswe.blogspot.com/2018/08/cirrhosis-diet.html
5. Cirrhosis အသည်းခြောက်ရောဂါ (၁) http://doctortintswe.blogspot.com/2014/11/cirrhosis.html
6. Primary biliary cirrhosis အသည်းခြောက်ရောဂါ (၂) http://doctortintswe.blogspot.com/2017/08/primary-biliary-cirrhosis.html

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂၀၁၈

Meth teeth စိတ်ကြွးဆေးသွားရောဂါ

မင်္ဂလာပါဆရာရှင့် ကျမလူနာရှင်ကိုယ်စားမေးခွင့်ပြုပါ။ လူနာက အမျိုးသား အသက် ၃၅ပါ။ WYသုံးစွဲနေတာကြောင့် အခု သွားတွေကြွေနေပါပြီ။ ဒီရက်ပိုင်းဖြစ်နေတာက နှုတ်ခမ်းတွေယောင်ပြီး စကားပြောရတာတောင် နာတယ်လို့ ပြောပါတယ်။ အဲ့ဒါ နှုတ်ခမ်းယောင်ပြီးနာနေတာကို သက်သာအောင် လတ်တလော ဘာဆေးသောက်ခိုင်းထားရမလဲရှင့်။ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးပါရှင့်။

စိတ်ကြွဆေးသုံးသူတွေမှာဖြစ်တာကို Meth mouth လို့ခေါ်တယ်။ Meth teeth လို့လည်ခေါ်တယ်။ ပုံတွေဆိုးလွန်းလို့ မတင်တော့ပါ။ မူးယစ်အထူးကုဆရာဝန်နဲ့ သွားဆရာဝန်တို့က အတတ်နိုင်ဆုံး လုပ်ပေးနိုင်ပါတယ်။ အတော်ဆိုးတယ်။

• Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ http://doctortintswe.blogspot.com/2014/10/amphetamines-1.html
• Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/2015/02/drugs-used-in-military.html
• Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html
• Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/10/ecstasy-drug-tests.html
• Ecstasy စိတ်ကြွဆေးများ https://doctortintswe.blogspot.com/2014/10/ecstasy.html
• Ice ဆိုတာ ရေခဲမဟုတ်ပါ https://doctortintswe.blogspot.com/2014/10/ice.html
• Methadone မက်သဒုံး https://doctortintswe.blogspot.com/2015/02/methadone.html
• Methamphetamine (မက်သမ်ဖတမင်း) http://doctortintswe.blogspot.com/2017/03/methamphetamine.html
• Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး http://doctortintswe.blogspot.com/2015/02/molly.html
• Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ် http://doctortintswe.blogspot.com/2015/02/pseudoephedrine.html
• Yaba ယာဘ http://doctortintswe.blogspot.com/2015/02/yaba.html

ဒေါက်တာတင့်ဆွေ

Hair & Health ဆံပင်ကျန်းမာရေး

Dr. ရှင့် ကျွန်မအသက် ၃၇ နှစ်ပါ၊ ကျွန်မ ဦးရေပြားက အဆီအမြဲထွက်ပါတယ်၊ နေ့စဉ်ခေါင်းလျှော်ရပါတယ်၊ ထိပ်လဲ တော်တော်ပြောင်နေလို့ အရေပြားအထူးကုနဲ့ပြတော့ ယောက်ျားဟော်မုန်းများနေတာလို့ပြောပါတယ်၊ Omega-3 နဲ့ Folat-400mcg ဆေးပေးပါတယ်၊ ယခု ကိုယ်ဝန် ၂လ ဆောင်ထားပါတယ်ရှင့်၊ Folat ဆေးကတော့ ဆရာဝန်ပေးတာ ကုန်တာနဲ့ ဆက်မသောက်တော့ပါဘူးရှင်၊ ကျွန်မ ဆံပင် ပြန်ပေါက်ချင်ပါတယ်၊ လမ်းညွှန်မှု ခံယူပါတယ်ရှင့်

Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့ https://doctortintswe.blogspot.com/2014/11/oily-hair.html
Hair Loss ဆံပင်ကျွတ်ခြင်း https://doctortintswe.blogspot.com/2018/09/hair-loss.html
Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် https://doctortintswe.blogspot.com/2014/11/hair-health.html

ဒေါက်တာတင့်ဆွေ

အိမ်ထောင်ရေး မသိ

(ကန်တော့)

၁။ ဆရာရှင့် ခဲအို US မှာ ဦခေါင်းခွဲစိတ်တဲ့ CT ရလဒ်ကိုမှတ်ချက်လေးပြောပေးစေလိုပါသည် ကျေးဇူတင်ပါသည်

ဆေးစာ ဘာသာပြန်တာတော့ တခြားသူကိုသာ မေးပါရန်။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၂။ ဆရာရှင့် ကျမ အသက် ၄၈ နှစ်ပါ။ ဓမ္မတာမလာတော့ပါ။ အခု ကျမဘယ်ဘက်လက်ဖျားလေးတွေထုံကျင်နေလို့ပါ။ ညာဘက်လက်မ က ကပ်နေပါတယ်ဆရာ ဘာရောဂါလက္ခဏာလည်းသိပါရစေရှင့်။

ကယ်လ်စီယမ် + ဗီတာမင်ဒီ တနေ့ တစုံသောက်သင့်။ ဗီတာမင်ဘီအားဆေး နေ့စဉ် သောက်သင့်။ သွေးတိုး မသိ။ ဆီးချို မသိ။

၃။ ကျွန်တော်သမီးလေးက၁၀လထဲမှာပါ။ သမီးလေးက ဝမ်းနဲနဲခြင်းသွားနေလို့ ဆေးခန်းပြတာ ဆရာမက ဝမ်းကိုက်တယ်ဆိုပြီး kidlac နဲ့ FEXIWEL-100 ၅ရက်စာပေးလိုက်တာ သက်သာနေတာ ၅ရက်လောက်ရှိပါပြီ။ မနေ့ကမှထပ်ပြီး ပြန်ဖြစ်နေလို့ အရင်ဆေးကိုပဲထပ်ပြီးတိုက်သင့်သလား ဆရာကြီးလမ်းညွှန်ပေးပါအုံးခင်ဗျာ ။ ဆေးပြောင်းတိုက်မယ်ဆိုလဲဘယ်ဆေးပြောင်းတိုက်သင့်လဲ အကြံပေးပါဆရာခင်ဗျာ

Diarrhea in Children ကလေးဝမ်းသွားရင် https://doctortintswe.blogspot.com/2014/12/diarrhea-in-

၎။ ဆရာရှင် ကျမ အသက် ၃၃ နှစ်ပါ ရာသီလာတာ စလာလာချင်း အမဲတေလာလို့ပါရှင့် ပီး ၂ ရက်လောက် အနီ ဆင်းပီးတော့ ပီးသွားတော့ အမဲပြန်လာပီး ရပ်သွားတယ်ရှင့် အဲ့ လိုဖြစ်တာ ၂ လလောက်ရှိပီး အရင်ထဲကလည်း ရာသီသွေးဆင်းရင်နည်းပါတယ်ရှင့် ၃ ရက်မှာ ၂ ရက်လောက်ပဲ ကောင်းကောင်းဆင်းပီး ၁ ရက်လောက်က အနည်းအကျဉ်းလောက်ပဲ ဆင်းတာရှင့် ခုဆိုရင် အမဲတေဆင်းပီး တရက်လောက်ပဲ အနီကောင်းကောင်းဆင်းတယ်ရှင့် ဘယ်သူနဲ့ ပြပြီး ဘာဆေးသောက်ရမလည်း ညွန်ကြားပေးပါရှင် ကျေးဇူးတင်ပါတယ်ရှင့်

အိမ်ထောင်ရေး မသိ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ တေ လို့ရေးတာ မှားတယ်။ ပီး ရေးတာ မမှန်။

ဒေါက်တာတင့်ဆွေ

မဧစိန်ရေးတဲ့ စာကလေးတစောင်

ဒေါက်တာတင့်ဆွေ

ညဦးပိုင်း မေးခွန်းများ

၁။ မင်္ဂလာပါဆရာ ကျွန်မကအသက် 33 နှစ်ပါ မာဗယ်လွန်ကို ရာသီလာပြီးလို့  ၇ ရက်မြောက်မှာသောက်မယ်ဆိုရင် နံပါတ်ဘယ်နှစ်လုံးမြောက်ကစသောက်ရမှာပါလဲဆရာ ဖြေကြားပေးစေချင်ပါပသည် ပိုးသတ်ဆေးတွေလည်း သောက်နေရလို့ ပါဆရာ

Marvelon မာဗယ်လွန် တားဆေး https://doctortintswe.blogspot.com/2014/11/marvelon_24.html
Pills Q and A တားဆေး အမေးအဖြေ https://doctortintswe.blogspot.com/2014/12/pills-q-and-1.html

၂။ Marvelon မာဗယ်လွန် တားဆေး သောက်နေတာပါ ဆေးဖြတ်လိုက်တာနဲ့ကိုယ်တန်းရမရသိချင်လို့ပါ

အသက် အချက်အလက် မသိ။ မေးနည်း ပို့လိုက်တယ်။

၃။ သမီး ဒီနေ့ရိုက်ထားတဲ့ ဓါတ်မှန်ပါ ဆရာရှင့် အဖြေက မပြရသေးပါဘူး TB ဆေးပြန်သောက်ရမယ်ထင်တယ်နော်ဆရာရှင့်

အဆုတ်ရောင်နေ။ တီဘီလို့ ရေးမထား။ ပိုးသေဆေးပေးပါလိမ့်မယ်။

၎။ မင်္ဂလာပါဆရာ ကျွန်တော့်အသက် ၃၄နှစ်ပါ။ အိမ်ထောင်မရှိပါဘူး။ အလုပ်ကတော့ ညဥ့်နက်မှအိမ်ပြန်ရပါတယ်။ စီးကရက်သောက်ပါတယ်။တခါတလေမှအရက်သောက်ပါတယ်။ မနေ့ ကမနက်၁၀ နာရီလောက်က ကျွန်တော် အိပ်ယာထပြီး (ကန်တော့) အပေါ့သွားပြီး ပြန်အထမှာ သတိလစ်သွားပါတယ်။ မွန်းလွဲ၂နာရီလောက် ညီမပြန်လာတော့မှသတိပြန်ရပါတယ်။ (၁၃/၁၄ နှစ်သားလောက်ကတခါဖြစ်ဖူးပါတယ်)။ ညကျမှဆရာဝန်နဲ့ သွားပြပါတယ်။ ဆရာဝန်က သကြားဓာတ်နည်းပြီး ခန္ဓာကိုယ်က အာဟာရဓာတ်တွေ မြန်မြန်ကုန်တဲ့ ဖြစ်စဉ်ကြောင့်ပါတဲ့။ သကြားလုံးနဲ့ အချိုရည်ဆောင်ထားခိုင်းပါတယ်။ အဲ့ဒီလိုဘာကြောင့်ဖြစ်ရတယ်။ ဘယ်လိုဆိုးကျိုး ဖြစ်စေတယ်။ ဘယ်လိုနေထိုင်ရမယ်ဆိုတာ ဖြေကြားပေးပါခင်ဗျာ

ပုဒ်မနောက် ခြားမထားလို့ ပြင်ဖတ်ရတယ်။ သွေးတိုး မသိ။ ဆီးချို မသိ။
Fainting မူးမေ့ခြင်း https://doctortintswe.blogspot.com/2018/01/fainting.html

၅။ အသက် က ၁ နှစ် နဲ့ ၄ လ ယောကျာ်း လေးပါ ဖျားရင် တက်ပါတယ် တခါတက်ပီ ဆိုရင် ၂ မိနစ် ၃ မိနစ် ကြာပါတယ်၊ ၂ ကြိမ် ၃ ကြိမ် လောက် တက်ပါတယ်၊ ကိုယ်ပူချိန် 102°F လောက်ဆိုရင်တက်ပါတယ် ဆရာ ဘာကြောင့်လည်း ဘာရောဂါလည်း ဘယ်လိုကုရမလည်း သိချင်လို့ပါဆရာ

Epilepsy အတက်ရောဂါ https://doctortintswe.blogspot.com/2016/11/epilepsy-1.html
Seizure First Aid တက်နေသူကို ရှေးဦးသူနာပြုစုခြင်း http://doctortintswe.blogspot.com/2017/03/seizure-first-aid_9.html
Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html

၆။ မ အသက် ၂၉ အိမ်ထောင်ရှိ ကလေးရှိ ၁နှစ်၃လ တားဆေးexlutonသောက်ရင် ရာသီလာပါသည် ခါးအောက်ပိုင်းတွေကိုက်ပါသည် ၃.တားဆေးမသောက်ရင်မလာပဲအဖြူဆင်းပါသည်

White discharge အဖြူဆင်းခြင်း https://doctortintswe.blogspot.com/2017/08/white-discharge.html

၇။ ကျွန်မက အခု အသက် ၃၀ ထဲမှာပါ အိမ်ထောင်သက် ၁ နှစ်ပြည့်ပါ ကိုယ်ဝန်ရှိတာ ၁၀ ပတ်ပါ အခု ရာသီသွေးဆင်းသလို သွေးစလေးတွေ အမဲအညို ဆီးသွားတိုင်းပါနေလို့ ပါ အရမ်းတော့အောင့်တာမျိုးတွေမဖြစ်ပေမဲ့ ဆီးစပ်တဝိုက် တခါတခါအောင့်ပါတယ် အရမ်းလဲစိတ်ပူမိပါတယ် ကလေးအတွက် အန္တရာယ်ရှိနေပြီလားရှင့် ဘယ်လိုကာကွယ်ကုသရမလဲ လမ်းညွှန်ပြောပြပေးပါအုံးရှင့် ဆရာ ကန်တော့ပါ ဆရာရှင့်

Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း https://doctortintswe.blogspot.com/2014/11/bleeding-during-early-pregnancy.html

ဒေါက်တာတင့်ဆွေ

Garcinia Cambogia ပိန်ဆေး

ဆရာ့နာမည်သုံးပြီးရောင်းနေတာတွေ့လို့ပါရှင့်

အော့့် တဘူးလို့တော့ ရေးထားတယ်။ တစ်ဘူးထက် မှန်တယ်။ တဗူးက ပိုမှန်တယ်။ Smile!

လွန်ခဲ့တဲ့ ၂ နှစ်က ဖေ့စ်ဘွတ်မှာတွေ့ပါတယ်။ Made in U.S.A ပိန်ဆေး GARCINA CAMBOGIA 30000 ks အမေရိကန် နိုင်ငံမှ တရားဝင်ထုတ်လုပ်တင်သွင်းထားခြင်းဖြစ်ပါသည်။ FDA အသိအမှတ်ပြုလက်မှတ် ရရှိပြီးသောဆေးဖြစ်သဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လူကို ဘေးဥပဒ်အန္တရာယ်ဖြစ်စေခြင်းမျိုး လုံးဝမရှိပဲ အသီးအနှံမှ ထုတ်လုပ်ထားသဖြင့် ရေရှည်သုံးစွဲပါက ကျန်းမာရေးနှင့် သွေးတိုး ဆီးချို၊ လေဖြတ်ရောဂါများကိုပါ ကာကွယ်နိုင်စွမ်းရှိပါသည်။ မင်းဂွတ်သီး အမျိုးအနွယ်ဝင် အသီးအနှံမှ ထုတ်လုပ်ထားသောကြောင့် သွေးတွင်း မကောင်းသော အဆီဓာတ်များကို အလျင်အမြန် ကျဆင်းစေပြီး နောက် ခန္ဓာကိုယ် အား ရေရှည်အဆီထပ်မတတ်စေရန် ထိန်းသိမ်း ထားနိုင်စွမ်းရှိပါသည်။့ စသဖြင့်ရေးထားတယ်။

ဒီလိုဆေးမျိုးတွေကို ဗီတာမင်နှင့်ဖြည့်စွက်အာဟာရခေါင်းစဉ်အောက်ကနေရောင်းရင် FDA အသိအမှတ်ပြုချက်မလိုပါ။ အလားတူ အစားအစာတခုကနေ ထုတ်လုပ်တဲ့ဆေးတွေကလည်း ဒီသဘောသာဖြစ်ပါတယ်။

၁၅-၁၁-၂ဝ၁၃ နေ့ကတင်ထားတဲ့ ဝက်ဘ်ဆိုက်မှာ Garcinia Cambogia Extract Diet Pills ဆေးရဲ့ အန္တရာယ်တွေကို ရေးထားတယ်။ နောက်ဝဘ်ဆိုက်တခုမှာ ဆီးချိုအမျိုးအစား (၂) နဲ့ ကိုလက်စထောကျဘို့တော့ သုံးနိုင်တယ်။ ၂ဝဝ၉ ခုနှစ်ကတည်းက FDA ကနေ အဲလို garcinia cambogia ပါတဲ့ဆေးမျိုးတွေကို မသုံးသင့်ကြောင်း သတိပေးချက်ကိုပါ အဆုံးမှာ ထည့်ရေးတားပါတယ်။ အသည်းကိုထိခိုက်စေမှာမို့ ဖြစ်ပါတယ်။

http://www.webmd.com/vitamins-and-supplements/garcinia-cambogia-weight-loss
http://www.womenshealthmag.com/weight-loss/garcinia-cambogia-extract

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၅
၂၇-၁၁-၂ဝ၁၇
၂၉-၁၁-၂၀၁၈

Hluttaw လွှတ်တော်သမိုင်း

နီပေါသတင်းတွေအရ ရေးထားတာလေး ပြန်တင်ပါရစေ။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရန်ကုန်မှာနေတဲ့ တူမတယောက်၊ နေပြည်တော်က လွှတ်တော်ရှေ့မှာ ဓါတ်ပုံရိုက်ပြီး လွှတ်တော်ရှေ့ဆုံးတန်းမှာ ထိုင်ရသူလိုလိုဆိုပြီး ရယ်စရာရေးတယ်။

အေ့း့ ဆရာက လွှတ်တော်အမတ် တရားဝင်ဖြစ်ပေမယ့် လွှတ်တော်အရိပ်တောင် မခိုဘူးပါ။ သူများတိုင်းပြည်တွေက လွှတ်တော်တွေမှာတော့ ဧည့်သည်တောင်လုပ်ခဲ့ရပါတယ်။

ကမ္ဘောဒီယားလွှတ်တော်၊ သီရိလင်္ကာလွှတ်တော်နဲ့ အင်ဒိုနီးရှားလွှတ်တော်တွေမှာတော့ အိမ်ရှင်အမတ်တွေနဲ့အတူ ရောက်ရဘူးတယ်။ အမေရိကန်ဆီးနိတ်မှာတော့ မြန်မာ့အရေးကြားနာပွဲတက်ရတယ်။ တိဘက်အဝေးရောက် လွှတ်တော်ကိုလည်း အထူးဧည့်သည်အဖြစ် တကူးတကဖိတ်လို့ လေ့လာခဲ့ရတယ်။

မြန်မာပြည်မှာက လွှတ်တော်အမတ်ကို မဲပေးသူတွေကရွေးပေမယ့် ကံဇာတာမပါရင် တက်ခွင့်မရပါ။ ပြည်ထောင်စု မြန်မာနိုင်ငံ လွှတ်တော်သမိုင်းရေးကြရင် ကျွန်တော်လိုလူပေါင်း ၄၈၅ ယောက်ရှိတာ ထည့်ရေးရပါမယ်။

၁၅-၁၂-၂၀၀၆ နေ့က နီပေါလွှတ်တော်က ဂယ်လရီမှာထိုင်ရတယ်။ လွှတ်တော်ဥက္ကဋ္ဌကနေ NLD အမတ်ဖြစ်တဲ့ ကျွန်တော် ရောက်ရှိနေကြောင်း ကြေညာပေးတယ်။ သြဘာပေးကြတယ်။ ကျေးဇူး။

ကံဇာတာ ဘယ်လောက်မပါသလဲဆိုရင် အလည်ပြန်စဉ်က နေပြည်တော်ဝင်တဲ့နေ့က လွှတ်တော်နားရက်။ အဝေးကနေသာ မြင်ခဲ့ရတယ်။ လွှတ်တော်ပြန်စတော့ မိတ်ဆွေအမတ်တွေကလာပါလာပါ ဖိတ်ကြတယ်။ ပြန်ရက်နဲ့ အချိန်ကမရ မသွားခဲ့ရပါ။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂ဝ၁၆
၂၉-၁၁-၂၀၁၈

မန္တလေး

ကိုယ့်သမီးလိုနေတဲ့ သူငယ်ချင်းသမီး မန္တလေးကို အလည်ပြန်နေတယ်။

မှာချင်သည် ကျုံးရေ တစည်၊ အာဠဝီ စီလမ်းက ငါ့ခြေရာ ဓါတ်ပုံရိုက်ခဲ့ပါ။

ဘုရားစေတီတွေမှာ မိသားတစုကောင်းမှုစာတွေနဲ့ မိသားတစ်စုကောင်းမှုစာတွေကို ဓါတ်ပုံရိုက်ယူခဲ့ရတာ ဆောရီးပါလို့ ပြောပေးခဲ့ပါ။

ရင်သားကင်ဆာစာထဲမှာ ထည့်ရေးရတဲ့ စန္ဒမုခီ ဘီလူးမ၊ ကျေးဇူးတင်ရပါကြောင်း ပြောခဲ့ပါ။

လမ်းမလမ်းသွယ်တွေပေါ်က စီးချင်သလိုစီးနေကြတဲ့ ဆိုင်ကယ်တွေကိုတော့ ကြောက်ပါတယ်လို့ သွားမပြောနဲ့။

အညာစာတွေ တခါစား တခါသတိရပါလေ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂၀၁၈

သတ်ပုံ မပြင်ရ

ကျနော်ကတော့ဆရာရဲ့စာဖတ်ပရိတ်သတ်တယောက်ပါ ဆရာရဲ့ဆောင်းပါးတွေကို ကူးယူပြီး တဆင့်ပြန်လည် မျှဝေခွင့်ပြုပါလို့ ခွင့်တောင်းပါတယ်

သတ်ပုံ မပြင်ရ။ ပုံတွဲတင်ရင် အများအမြင်မှာ တင့်တယ်သာသာ သုံးရန်။

ဒေါက်တာတင့်ဆွေ

၇ နှစ်သင်လာတာတောင် မစုံပါ

ဆရာ ကျွန်တော်အသက် ၂၂နှစ်ပါ စေတနာ့ဝန်ထမ်းတယောက်ပါ ကျွန်တော်ရောဂါနာမည်အင်္ဂလိပ်လိုမသိလို့ ရောဂါပေါင်းစုံကို အင်္ဂလိပ်မြန်မာတင်ပေးပါအုံးဗျ ဆရာကျေးဇူးပြု၍တင်ပေးပါအုံးခင်ဗျာ

သိလိုတာ ဘာရောဂါလဲ မသိပါ။

ရောဂါပေါင်းစုံအင်္ဂလိပ်မြန်မာဆရာ

ကျွန်တော်တော့ ၇ နှစ်သင်လာတာတောင် မစုံပါ။

ကျွန်တော့်ဘလော့မှာ ပို့စ်ပေါင်း ၁၁,၇၄၄ ခုရှိတယ်။ တဝက်လောက်က ဆေးပညာစာတွေဖြစ်တယ်။ မြန်မာလိုသာ ရေးတယ်။ ရောဂါအမည် ဆေးအမည်တော့ အင်္ဂလိပ်လိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂၀၁၈

တရုပ် သတ်ပုံ

တတိယတန်းကတည်းကသင်ခဲ့ရတာ။ ရုတ်ခိုင်းတဲ့အတန်း မတက်ခဲ့ရပါ။

ဒေါက်တာတင့်ဆွေ

မဧစိန်ရေးတဲ့ စာကလေးတစောင်

ဒေါက်တာတင့်ဆွေ

နှစ်တရာ

မြို့မန္တလာ နှစ်တရာ (၁၂၂၁ - ၁၃၂၁)

မြန်မာစာသတ်ပုံ ပါတော်မူခန်းမရောက်သေးခင်က။

ကြည်အောင်ကဗျာ လမင်းတရာ။ မြန်မာစာသတ်ပုံ ပါတော်မူခန်းမရောက်သေးပါ။


ဒေါ်အမာ နှစ်တရာကို တချို့က နှစ်တစ်ရာတဲ့။

နှစ်တထောင်ကြာပြီဖြစ်တဲ့ မြန်မာစာ ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိ တရာ။ ကိုလိုနီခေတ်မှာ တရာ။ ဂျပန့်ခေတ်မှာလည်း တရာ။ လွတ်လပ်ရေးရတော့လည်း တရာ။

အခုတော့ မြန်မာစာ ပါတော်မူသွားရှာပြီကောဗျာ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂၀၁၈

စကားပုံများ (က)

ကုသိုလ်တပဲ ငရဲတပိဿာ
ကမ္ဘာလဆန်းတရက်နေ့က ကြားရသည့်သတင်း
ကျွန်ပေါင်တရာ ကျွဲမှာတခြံ
ကျွန်ယုံ တဘက်ကန်း၊ သားသမီးယုံ စုံလုံးကန်း
ကြွေတလက်၊ ကြက်တခုန်
ကြွက်သေတခု အရင်းပြု
ကျားမရဲ တစ်သည်၊ လူမရဲ ဟစ်သည်
ကွမ်းတရာညက်၊ ဆေးတဆုံကျွမ်း

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၈

Vitamin C ဗီတာမင် (စီ)

Scurvy စကာဗေ ခေါ် ဗီတာမင်စီချို့တဲ့ရောဂါ သြစတေးလျမှာ မထင်မှတ်ဘဲ ပြန်တွေ့တယ်လို့ လွန်ခဲ့တဲ့ ၄ နာရီ လောက်က သတင်းတက်လာပါတယ်။ ဗီတာမင်စီမရှိရင် လူ့ကိုယ်ကနေ ကိုလာဂျင်ဆိုတာ မလုပ်နိုင်ဘူး။ ကိုလာဂျင်က အရေပြား၊ သွေးကြောတွေ။ အရိုးနဲ့ အရိုးနုတွေမှာ မရှိမဖြစ်ပါ။ သူကနေတွယ်ဆက်ပေးတာဖြစ်တယ်။

ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။ အဲတာကနေ စကာဗီရောဂါကို စသိလာရတာပါ။

ဗီတာမင် (စီ) ဟာ (အက်စကောဗစ် အက်စစ်) ဖြစ်တယ်။ နည်းရင် (စကာဗီ) ရောဂါဖြစ်တယ်။ ဖြစ်ပုံက မအီမသာ ခံစားရတာ၊ မောနေမယ်။ အလုပ်ချင်မကိုင်ချင်ဖြစ်မယ်။ စားချင်စိတ်နည်းမယ်။ အသက်ရှူမဝဖြစ်မယ်။ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေ ထုံမယ်။ သွေးယိုတာနဲ့ သေဆုံးနိုင်တယ်။

ကုသရာမှာ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ်မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီးအမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ်။

ဗီတာမင် (စီ) ကို အအေးမိတာအတွက်လည်းပေးတာ တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အနာတွေ ကျက်တာကောင်းစေဘို့လည်း ပေးလေ့ရှိတယ်။ နှလုံး၊ သွေးကြောအတွက်လည်းကောင်းစေတယ်။ မျက်စိရေတိမ်၊ သည်းခြေအိတ်ရောဂါ၊ သွးအခေါင်းပေါက်တာ၊ ဝမ်းချုပ်တာ၊ ခုခံအားကောင်းစေဘို့ရာ၊ ပန်းနာ၊ လေပြွန်ရောင်တာ၊ ကင်ဆာ၊ အဆစ်နာ၊ ကလေးမရသေးတာ၊ ဆီးချို စတာတွေမှာလည်းပေလေ့ရှိတယ်။ အရက်ဖြတ်၊ ဆေးဖြတ်သူတွေအပြင် အသက်အိုစာတာနည်းစေဘို့ဆိုပြီးလည်း ပေးတယ်။ သွားဖုံးရောဂါ၊ အရေပြားအနာ၊ အရေပြားစိုပြေစေဘို့၊ HIV ပိုး ရှိနေတာ၊ လေနာ၊ ဝမ်းကိုက်၊ ဝက်ခြံ စတာတွေအတွက်လည်းပေးတယ်။ စိတ်ဓါတ်ကျနေသူတွေ၊ မှတ်ဥာဏ်နည်းသူ လူကြီးတွေ၊ ဥာဏ်ရည်နည်းတဲ့ ကလေးတွေကိုလည်းပေးတယ်။

25 mg ကနေ 1500 mg အထိပါတယ်။ ဆေးကို လေလုံအောင်ထားရတယ်။ မဟုတ်ရင် ညိုသွားတယ်။

အစားထက်တော့ ဘယ်ဆေးမှ မကောင်းပါ။ အပင်မှာ စိုရွှမ်းနေတဲ့ အသီးတွေက ချောပေ့လှပေ့ဆိုတဲ့ မော်ဒယ်ပုံနဲ့ ရောင်းတဲ့ဆေးတွေထက် ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၆
၂၉-၁၁-၂ဝ၁၈

Melasma တင်းတိပ်

အင်္ဂလိပ်စာလုံးလေးတွေပါတယ်။ ဆောရီး။ မဖတ်လိုသူတွေက ကျော်ဖတ်လို့ ရပါတယ်။ ရောဂါအမည်တွေနဲ့ ဆေးအမည်တွေကို မူရင်းစာလုံးနဲ့သာရေးမှသာ မှန်ကန်မယ်။

၁။ ဆရာမင်္ဂလာပါရှင့် ဒီဆေးလေးတွေပြကြည့်ချင်ပါတယ်။ မျက်နှာမှာတင်းတိပ်လိုအမည်းစက်တွေပေါ်နေတာရယ် အဖုသေးလေးတွေပေါက်တာရယ်ကြောင့် ဆေးခန်းပြတော့ ဆရာဝန်တဦးညွှန်တာပါရှင့်။ အသက်က ၃၁ထဲမှာ အိမ်ထောင်မရှိသူပါ။ မျက်နှာမှာအမည်းစက်ကပေါ်တာ ငယ်ငယ် ၁၀ကျော်သက်အရွယ်ကပါ။ စပေါ်စနည်းလို့ သတိမထားရာကနေ ခုပွားလာလို့ပါဆရာရှင့်။ မေးစေ့ကနေပါးစပ်နားတဝိုက်စပေါ်လာတာပါ ကျေးဇူးပြုဖြေပေးပါဆရာ။

၂။ ဆရာရှင့်ကျမ အသက် ၃၅ နှစ်ပါ။ ကျမ လွန်ခဲ့တဲ့ ၈ နှစ်၊ သားဦးကိုယ်ဝန်ဆောင်ထားချိန်မှာ ကျမရဲ့ ပါးနှစ်ဖက်မှာ တင်းတိတ်ထွက်လာတာ ပေါ်လိုက်ပျောက်လိုက်ပါဘဲ။ ကျမကရွှေပြည်နန်းသနပ်ခါး တစ်မျိုးဘဲ အမြဲလိမ်းပါတယ်။ ကျန်တာဘာဆိုဘာမှ မလိမ်းပါဘူး။ တခြားတခုခုကိုလိမ်းမိရင်လည်း အဖုလေးတွေထွက်လာတတ်လို့မလိမ်းပါဘူး။ ယခု လုပ်ငန်းခွင်သွားရတော့ ပါးပေါ်ကတင်းတိတ်တွေက ပိုမဲပြီးပေါ်လာပါတယ်။ ဘယ်လိုပျောက်အောင်လုပ်သင့်ပါသလဲဆရာ။

၃။ ဆရာ မင်္ဂလာပါရှင့် သမီးအသက် ၄၀ပြည့်တော့ပါမယ်ရှင့်။ မျက်နှာမှာတင်းတိတ်တွေ ထွက်လာပါတယ်ရှင့်။ ဘာဆေးသောက်/လိမ်းရမလဲရှင့်။

၎။ ဆရာ မင်္ဂလာပါရှင် ကျွန်မ အသက်၊ ၄၆ နှစ်ပါ။ မန္တလေး မြို့ကပါ။ မျက်နှာမှာ တင်းတိတ်ကျလာတာ ပိုပိုများ လာပါတယ်ဆရာ။ သူများပြောတဲ့လိမ်းဆေးများ ကြော်ငြာလိမ်းဆေးများ လိမ်းတာ ပိုများလာပါတယ်။ အရင်တခါ ဆရာ့အား မေးမြန်းဘူးပါတယ်။ ဆရာမှ Melasma တင်းတိတ် ဘလော့မှာဖတ်ရန် ညွှန်ကြား၍ ဖတ်သော်လည်း အင်္ဂလိပ်စာနှင့်ဆေးများကို သေချာစွာဖတ်ရှုနိုင်ခြင်းမရှိပါ။ သို့ပါ၍ လိမ်းဆေး သောက်ဆေးများကို ညွှန်ကြား ကူညီပေးစေလိုပါတယ်ရှင့်။ ကျေးဇူးတင်စွာဖြင့်။

အရေပြားမှာ အရောင်ရင့် အစက်-အကွက်တွေ ဖြစ်လာတာကို Hyperpigmentation လို့ခေါ်တယ်။ ဒီလို ဖြစ်တာတွေ ထဲမှာ မှဲ့ခြောက်၊ တင်းတိပ်စသဖြင့်ပါတယ်။ အရုပ်ဆိုးအကျဉ်းတန်တာကလွဲရင် ဒုက္ခမပေးပါ။ ဖြစ်တဲ့နေရာမှာ အရောင်က လိုတာထက် ပိုရင့်နေတာပါ။ ဘာမဆို ပိုမကောင်း၊ လိုမကောင်းတာချည်းပဲ။ Melasma Chloasma faciei ဆိုတာကို တင်းတိပ်လို့ ပြောရမယ်။

Melanin မယ်လနင် ဆိုတာ အရေပြားကို အရောင်လုပ်ပေးထားတဲ့ ဆိုးဆေးပါ။ အသားညို၊ အသားမဲသူတွေမှာ သူကများနေတယ်။ အသားမဖြူသူတွေက ပိုကံကောင်းကြတယ်။ မယ်လနင် ကနေ နေရောင်ထဲပါတဲ့ ခရမ်းလွန်-ရောင်ခြည်ရန်က အကာကွယ်ပေးနေတယ်။ အဖြူမတွေ Tan ဖြစ်အောင် အဝတ်အစားတွေ ချွတ်နိုင်သလောက် ချွတ်ပြီး နေရောင်ခြည်ချိုးနေကြရတယ် မဟုတ်လား။ မယ်လနင် က ဗက်တီးရီးယားနဲ့ မှိုပိုးကနေ အကာကွယ်တယ်။ အပူဒဏ်၊ ဓါတုဒဏ်တွေကနေလဲ ကာကွယ်မှုပေးတာမို့ ခုခံမှုစနစ်ရဲ့ အပြင်ဆုံးခံတပ်လို့ ပြောနိုင်တယ်။ သူက ဆံပင်မှာလဲ ရှိတယ်။ အဒြီနယ်-ဂလင်း နဲ့ ဦးနှောက်ထဲမှာပါ ရှိတယ်။ Melanin မရှိသူတွေကို Albinism လူဖြူလို့ ခေါ်တယ်။ တကိုယ်လုံး အသားအရေ၊ ဆံပင်၊ မျက်လုံး၊ အားလုံး ဖြူဖွေးနေတဲ့သူတွေ။ မျိုးဗီဇပြဿနာတခုပါ။

အရေပြားမှာ အစက်အပျောက်ဖြစ်တာ တရားခံနံပါတ်တစ်က နေရောင်ပါ။ UV rays ခရမ်းလွန်ရောင်ခြည်က ဖြစ်စေတာပါ။ ရောင်ရမ်းတာက နောက်အကြောင်းတရား။ ထိခိုက်၊ အနာဖြစ်၊ အပူလောင်၊ ဝက်ခြံပေါက်၊ နှင်းခူနာဖြစ်၊ Psoriasis လို အရေပြားနာ စတာတွေကြောင့်က တိုက်ရိုက်ဖြစ်ရတာမဟုတ်ဘဲ အနာကျက်ဘို့လုပ်ရင်း အညိုကွက်တွေ ဖြစ်လာတယ်။ တခြားလဲ ရှိနိုင်သေးပါတယ်။ Addison’s disease ဆိုတဲ့ Adrenal gland အဒရီနယ် အိတ် အားနည်းတဲ့ရောဂါမှာ ဖြစ်တယ်။ လည်ပင်ကြီးရောဂါရှိသူတွေမှာ ၄ ဆ ပို ဖြစ်ကြတယ်။

အမျိုးသမီးတွေမှာ သိသိသာသာ ၉ဝ% အဖြစ်များတယ်။ ဟော်မုန်းက အဓိကကျလို့ပါ။ အမျိုးသမီးတွေမှာ အပြောင်းအလဲက လအစ၊ လအလယ်၊ လအဆုံး၊ အမြဲပြောင်းလဲနေတယ်။ ကိုယ်ဝန်တားဆေးတွေက ဟော်မုန်းတွေ ချည်းဘဲ။ အပျိုဘော်မဝင်သေးရင် အဖြစ်နည်းတယ်။ အိမ်ထောင်ကျ၊ ကိုယ်ဝန်ဆောင်၊ ကလေးဖွါး၊ သွေးဆုံး ဟော်မုန်းတွေ ပြောင်းလဲ မဆုံးပါ။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးကို မျက်နှာမြင်တာနဲ့ မွေးတာ မဟုတ်သေးပါ သိသာတယ်။ ကိုယ်ဝန်နဲ့အတူ အဲလိုဖြစ်လာတာကို Chloasma လို့ ခေါ်တယ်။ ကိုယ်ဝန်ဆောင်တို့ရဲ့ မျက်နှာဖုံးလို့ ခေါ်ကြတယ်။ အလှအပ အသုံးအဆောင်တွေကလဲ အဆင်မသင့်ရင် ဖြစ်နိုင်တယ်။ မျိုးရိုးကိုလဲ ၃ဝ% အပြစ်ရှာနိုင်ပါသေးတယ်။

ဒီရောဂါဟုတ်-မဟုတ် Wood lamp နဲ့ စမ်းရင် သိတယ်။ အမှန်အတိုင်း ဝန်ခံရရင် ပျောက်ဘို့ ခက်ပါတယ်။ ဖြစ်လာတာလဲ ဖြေးဖြေး၊ ပျောက်ဘို့ရာလဲနှေးနှေး။ ကြာပါလိမ့်မယ်။ မပျောက်တော့တာလဲ ရှိသလို ပြန်ပေါ်တာလဲ ရှိမယ်။ ကိုယ်ဝန်ကြောင့် ဖြစ်သူတွေ မွေးအပြီးမှာ သက်သာပျောက်ကင်း သွားတတ်ပါတယ်။ တားဆေးကြောင့်၊ ဟော်မုန်းဆေးကြောင့် ဖြစ်ရသူတွေလဲ အဲလိုပါဘဲ။

တင်းတိပ်ကိုကုသဘို့ အများဆုံးသုံးတာက လိမ်းဆေးနည်း၊ ဓါတုဆေးနဲ့ အပေါ်ယံခွာထုတ်နည်း၊ အနုနည်းနဲ့ အပေါ်ယံခွါနည်းနဲ့ လေဆာနည်းတွေ ဖြစ်ကြတယ်။ လေဆာဟာ ဦးစားပေးနည်း မဟုတ်ပါ။

တင်းတိတ်ကုသနည်း အချုပ်
• ဟော်မုန်းပါကိုယ်ဝန်တားဆေးဖြတ်ပါ။
• နေရောင်ကိုတသက်လုံးကာကွယ်ပါ။ ထီးနဲ့ မျက်နှာတခုလုံးနေလုံတဲ့ဦးထုပ်။
• SPF 50+ sunscreen နေရာင်ကာအပြင်းစားကို နေ့စဉ်သုံးပါ။ နွေနေရောင်နဲ့တွေ့ရင် ၂ နာရီတခါလိမ်းပါ။ နေရောင်ကာပါတဲ့မိတ်ကပ်လည်းသုံးနိုင်တယ်။
• မျက်နှာသန့်ဆေး အပျော့စားသုံးပါ။
• အရေပြားကခြောက်တဲ့အမျိုးအစားဆိုရင် light moisturizer အပျော့စားသုံးပါ။

Topical therapy လိမ်းဆေးများ
• Hydroquinone + tretinoin + topical steroid ဆေး ၃ မျိုးရောထားတာက အထိရောက်ဆုံးဖြစ်တယ်။ 2% Hydroquinone HQ creams ကိုအများဆုံးသုံးတယ်။ ဆေးနာမည်တွေက Esoterica နဲ့ Porcelana ဖြစ်တယ်။ Obagi Clear, Glyquin, Tri-Luma နဲ့ Solaquin တွေက 4% creams ဖြစ်တယ်။ အရောင်ရင့်တဲ့ နေရာကို တနေ့ ၂ ကြိမ် လိမ်းရတယ်။ ညနေခင်းမှာ ဆေးပေါ်ကနေ Sunscreen လိမ်းသင့်တယ်။ ဒီဆေးနည်းက Epidermal type အမျိုးအစား ပိုကောင်းတယ်။
• Ascorbic acid ဗီတာမင်စီလည်းသောက်ပါ။ အထောက်အကူရမယ်။
• Azelaic acid Azelex, Finacea ဖြစ်တယ်။ 15%-20% ကိုသုံးတယ်။ ယားနာ၊ နီတာ၊ အပေါ်ရေကွာတာ လောက်သာ ဘေးထွက်-ဆိုးကျိုးရှိတယ်။ ၁၄-၃ဝ ရက်အကြာမှာ သက်သာလာမယ်။ Azelaic acid cream, lotion or gel ကိုယ်ဝန်ဆောင်နေရင် တနေ့ ၂ ကြိမ်လိမ်းပါ။
• Cryotherapy, Medium-depth chemical peels, Fraxel Laser treatment တွေနဲ့ကုတာ ဘာဖြစ်လာမလဲ အမှန်းရ မလွယ်လှပါ။ ဆရာဝန် တော်ဘို့လိုတယ်။ လူနာလဲ ကံကောင်းဘို့လိုတယ်။
• Fluocinolone Acetonide ဆေးကတော့ ကော်တီကိုစတီရွိုက် ဖြစ်တယ်။ အရောင်လျှောစေမယ်၊ ယားတာ သက်သာမယ်၊ သွေးကြောတွေကျဉ်းစေမယ်။ ဆေးတွေနဲ့မတည့်သူ၊ မျက်စိမှာ ဗိုင်းရပ်စ်ဝင်နေသူ၊ herpes simplex keratitis, vaccinia, and varicella, mycobacterial infections မျက်စိရောဂါတွေကို မသုံးရပါ။ တနေ့မှာ ၂-၄ ကြိမ်လိမ်းပါ။ ၃-၆ လအထိကြာနိုင်တယ်။ နောက်ပိုင်းမှာ တပတ် ၃ ကြိမ်သာလိမ်းခိုင်းတယ်။ မျက်နှာ၊ ပေါင်ခြံ၊ ချိုင်းနေရာတွေဆိုရင် ဆရာဝန်ကမညွှန်ဘဲ မလိမ်းသင့်ပါ။ မျက်စိထဲမဝင်စေရ။ ဆေးအထူကြီး မလိမ်းရ။ လိုအပ်ရင် ဆေးလိမ်းပြီး အပေါ်ကဖုံးထားရမယ်။ Fluocinolone acetonide/Hydroquinone/Tretinoin ခေါ်တဲ့ဆေး ၃ မျိုးတွဲလိမ်းဆေးကို Tri-Luma, Triglow နာမည်တွေနဲ့လာတယ်။ Melasma တင်းတိတ်အတွက်သုံးတယ်။
• Hydroquinone HQ 2-4% ကို အများသဘောတူထားတယ်။ Alphaquin HP, Alustra, Eldopaque, Eldopaque Forte, Eldoquin, Eldoquin Forte, Esoterica, Esoterica Sensitive Skin, Glyquin, Glyquin-XM, Lustra, Melanex, Melanol, Melpaque HP, Melquin HP, Melquin-3, Nuquin HP, Solaquin, Solaquin Forte, Viquin Forte နာမည်တွေနဲ့လာတယ်။ ဂရုတစိုက်တော့ လိမ်းရပါမယ်။ အရေပြားချွတ်ဆေးလို့ ခေါ်ကြတယ်။ ဆေးဖြတ်လိုက်ရင် နဂိုသဘောပြန်ဖြစ်ပါတယ်။ Hydroquinone 2–4% cream or lotion ညအချိန်လိမ်းပါ။ ၂-၄ လ။ ၂၅% မှာ အရေပြားပါးတာဖြစ်လာတတ်တယ်။ အပြင်းစားကို တာရှည်မသုံးသင့်ပါ။
• Kligman formula ဆိုတာ Fluocinolone acetonide 0.01% + Hydroquinone 8% + Tretinoin 0.1% ဖြစ်တယ်။ SPF နေ့စဉ် နေရောင်ကာကွယ်နည်းဖြစ်တယ်။ ဖြစ်နေတဲ့နေရာကို Zinc oxide နဲ့ Titanium dioxide ဆေးတွေနဲ့ဖုံးပေးပြီး နေရောင်ထဲက UV rays UV-A and UV-B ကို ကာကွယ်ပေးတယ်။ Kojic acid or kojic acid dipalmitate ကိုလည်းသုံးနိုင်တယ်။
• Methimazole antithyroid drug cream ကိုလည်းသုံးနိုင်တယ်။
• Salicylic acid လိမ်းနိုင်တယ်။
• Soybean extract ပဲပုပ်ကနေထုတ်တဲ့ဆေးလည်းသုံးနိုင်တယ်။
• Topical alpha hydroxyacids လိမ်းနိုင်တယ်။
• Topical corticosteroids such as hydrocortisone ဆေးလိမ်းနိုင်တယ်။ ဘေးထွက်ဆိုးကျိုးသတိထားရမယ်။
• Topical retinoids tretinoin လိမ်းနိုင်တယ်။
• Tranexamic acid cream လိမ်းနိုင်တယ်။
• Tretinoin Avita, Retin-A 0.025%, 0.05% 0.1% cream; 0.01%, 0.025%, 0.1% gel; 0.05% solution ခရင်မ်၊ ဂျဲလ်၊ အရည်။ ဗီတာမင် အေ ပါတယ်။ နေလောင်လို့ အရေပြားပျက်စီးတာကို သက်သာစေမယ်။ ဝက်ခြံအတွက်လဲ သုံးတယ်။ အရေးအကြောင်းတွေလဲ သက်သာစေတယ်။ အရေပြား အနေရခက်ပြီး ကွာကျတတ်တယ်။ ဆိုးတဲ့ တင်းတိပ်ကို HQ % များများနဲ့ Tretinoin + Corticosteroids + Glycolic acid တွေရောထားတဲ့ဆေးမျိုး သုံးနိုင်တယ်။
• Tri-Luma ဆေး ၃ မျိုးတွဲဆိုတာ Fluocinolone acetonide 0.01% + Hydroquinone 4% + Tretinoin 0.05% ၃ မျိုး ရောထားတာဖြစ်တယ်။ ၆-၈ ပါတ်အထိသုံးရတာများတယ်။ ဆရာဝန်က မခိုင်းဘဲ ဒိထက်တော့ ပိုမသုံးသင့်ဘူး။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ မသုံးသင့်ပါ။ Hydroquinone 4%, Tretinoin 0.05%, and fluocinolone acetonide 0.01% ၃ မျိုးတွဲလိမ်းဆေး တနေ့ ၂ ကြိမ်လိမ်းရတယ်။ FDA ကနေ လက်ခံတားတယ်။ Tyrosinase inhibitors ဆေးအမျိုးအစားကအဓိကကျတယ်။

1. Age Spots အသက် နဲ့ အစက် https://doctortintswe.blogspot.com/2017/04/age-spots.html
2. Mask of pregnancy ကိုယ်ဝန်ဆောင်နဲ့ တင်းတိပ် https://doctortintswe.blogspot.com/…/12/mask-of-pregnancy.h…
3. Skin Problems အရေပြားမှာ အဖြစ်များတာတွေ https://doctortintswe.blogspot.com/2014/…/skin-problems.html
4. Tri-Luma ထရွိုင်လူမာဆေး https://doctortintswe.blogspot.com/2015/06/tri-luma.html

မပျောက်နိုင်သူတွေ သိကြပါ။ ဟောလိဝုဒ်ကမင်းသမီးတချို့မှာ တင်းတိတ်တွေနဲ့။

Dr. တင့်ဆွေ

သတ်ပုံမှားဆေးနည်း

Bell’s Palsy ခေါ် မျက်နှာတခြမ်းလေဖြတ်ခြင်းပို့စ်အောက်မှာ ကွန်မင့်ကနေ ကိုယ်ပိုင်ဆေးနည်းပေးတာ ဖတ်ရတယ်။ ကိုယ့်နည်း ကိုယ့်နေရမှာသာရေးပါရန်ပြောရတာ အခါ ၅၀ လောက်တော့ရှိပြီ။

ညီမလေဖြန်းချင်တာပါးရွဲ့ဖူးတယ်သံမရာသီးများများလိမ့်ပေးပါအကိုတုန်းကစပါးကျီးသဲချေအစစ့့်

ဆေးနည်းတော့ မသိ။ သုသေနမရှိ။ ဆေးနည်းသတ်ပုံတွေကတော့ အတော်ကိုမှားနေတယ်။ သံပရာသီးလို့သာ ရေးရတယ်။ စပါးကြီးမြွေလို့သာရေးရတယ်။

သတ်ပုံမှားရင် ဆေးနည်းလည်းမှား။ သတ်ပုံမှားရင် တရားလည်း ဓမ္မမဟုတ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၈

Wednesday, November 28, 2018

မချွတ်စသာ သတ္တဝါတည်း

သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖေါက်လွဲတတ်သည်၊ မချွတ်စသာ - သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ - ငါ့ခန္ဓာတည်း။

တစ်ယောက် မဟုတ်။ သူတစ်ယောက်မှာ မဟုတ်။ တစ်သက်လျာတည့် မဟုတ်။ လူတစ်ကာတို့ မဟုတ်။

ကျွန်တော်လည်း အနန္တသူရိယအမတ်လို သံဝေဂရပါတယ်။ စောစောက အမျိုးသမီးတယောက်က မျက်နှာတခြမ်း လေဖြတ်တာကိုမေးတယ်။ ဒီလိုရောဂါက မြန်မြန်ဆေးပေးရလို့ ခပ်မြမြန်လေး ဖြေဘို့ကြိုးစားတယ်။ စာပို့မယ်လုပ်တော့ နောက်မက်ဆေ့ခ်ျမှာ ဖြစ်တာ တနှစ်လောက်ရှိပါပြီတဲ့။

ရောဂါတွေ တချို့ဖြစ်တယ်။ တချို့ မဖြစ်။ တချို့ဆေးမီတယ်။ တချို့ နောက်ကျတယ်။ ရောဂါတွေသာ မကပါ။ မြန်မာစာနဲ့ သုတတွေမှာလည်း သည်အတိုင်းဖြစ်တယ်။ ကျွန်တော်တို့ပညာသင်စဉ်က သူတည်းတယောက်လို့ သင်တယ်။ ခုခေတ်မှာ တမှန်သမျှကို စသတ်ခိုင်းတယ်။ ဆေးနည်း ပေးတာကို အဟုတ်မထင် လမ်းဘေးနည်းကိုသာ အားကိုးကြသလိုပဲ။ သတ်ပုံပြင်ပေးတာကို မှန်တယ်မထင်ကြပါ။ သူတို့အနီးအနားမှာ ကိုးကားစရာတွေကလည်း ကြော်ငြာဆေးအဆင့် စာတွေသာရှိကြတယ်။

ဖေါက်လွဲတတ်သည်၊ မချွတ်စသာ - သတ္တဝါတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂၀၁၈

ကနေ့ မြန်မာစာ အဲတာပဲ

စာအုပ်အကြောင်း တင်တာတခုတွေ့ပါတယ်။ ပြောပြစမ်းချင် အင်္ဂလန်တခွင်။

ကွန်ဂရက်ကျူလေးရှင်း။ စာအုပ်အဖုံးက ပေါ်လစီ ပလီထားတဲ့ သတ်ပုံနဲ့ ရိုက်နှိပ်ထားတယ်။ တင်ပေးသူက သတ်ပုံ အမှန်အတိုင်း ရေးတယ်။
တခြားစာအုပ်ကြော်ငြာသူတွေကတော့ စာအုပ်တွေက အမှန်တွေရေးထားတာကို ပေါ်လစီ ပလီထားတဲ့ သတ်ပုံနဲ့ ရေးကြတယ်။ စာအုပ်ရေးသူတွေကလည်း ပေါ်လစီ ပလီထားတဲ့ သတ်ပုံတွေနဲ့ ရောင်းစားကြတယ်။

ညောင်ကန်အေးဆရာတော်ရေးသားတဲ့စာအုပ်ကတော့ အညာတခွင် တရားဟောထွက်ခဲ့စဉ်က။ အင်္ဂလန်ထွက်တဲ့သူက ဆရာတော်ထက် နယ်ကျယ်ပုံရတယ်။ ပညာတော့ တစ်နေတယ်။

စာတတ်ကတည်းက ဖတ်လာခဲ့တာတွေက ကမ္ဘာတခွင်ပြဲပြဲစင်၊ ဥရောပတခွင်၊ အောက်ပြည်တခွင်ပြဲပြဲစင်၊ ပုဂံတခွင်၊ ကျိုက်ထီးရိုးတခွင်ပြဲပြဲစင်။

တစ်ခွင်လို့တော့ အခုမှသာ တွေ့ဖူးတယ်။ ကနေ့ မြန်မာစာ အဲတာပဲ။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂၀၁၈
Htet Aung‎ to Book Plaza Collection ကျေးဇူး။

ဦးကျော်ရန် ရေးသားတဲ့ မြန်မာစကားပုံကျမ်း

အနုငါးရာ၊ ရင့်မာတကျိတ်၊
အဝတ်တထည် ကိုယ်တခု
အသီးတရာ၊ အညှာတခု
အသက်တရာမနေရ၊ အမှုတရာတွေ့ရသည်
အသွားတတိုင်ရှိက အပြန်တတိုင်ရှိသည်
အက္ခရာတလုံး ဘုရားတဆူ
အိပ်သော်တရေး၊ ကိုကျိုးပေး၊ တရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံတသိန်းတန်
အိမ်တဆောင်၊ မီးတပြောင်
သြဥတခွန်း၊ ယင်တဇွန်း
ဥစ္စာတခါပျောက်၊ ငရဲဆယ်ခါရောက်
အသက်မွေးမှု တခုခု
အပ်တချောင်းကို ဦးပဲ့ထမ်းသည်
အုပ်ရှစ်တတင်း၊ နှမ်းတတင်း
အိုးတလုံး၊ ဖျာတချပ်
ဥစ္စာပျောက် တယောက်ယူနိုး
ဥစ္စာပျောက် တယောက်ယိုး

၁၉၁၂ ခုနှစ်ကထုတ်တာ။ ပဌအမကြိမ်နှိပ်ခြင်း၊ စာအုပ်အဘိုးက ၄ ပဲ။ စာအုပ်က ရှေးကျ၊ တန်ဘိုးကလည်းနည်းတော့ ဘယ်သူကမှ တန်ဘိုးထားကြမှာမဟုတ်။ ကျွန်တော့်အတွက်တော့ ရွှေထုပ်တဲ့ မြပုဝါ။

ဒေါက်တာတင့်ဆွေ

Bitter Medicine ဆေးခါးကို ဘယ်လိုသောက်မလဲ

ဆေးအများစုဟာ အဝင်ဆိုးတယ်။ ခါးတယ်။ သည်အတိုင်သောက်လို့ခက်တယ်။ ပျို့အန်ထွက်မယ်။ မျိုမကျလောက်ဘူး။ သုတေသနလုပ်ထားတယ်။ ဘယ်မျိုးဗီဇကနေ အဲလိုဖြစ်စေသလည်း။ ကလေးတွေက ခါးတာကို ပိုပြီးမခံနိုင်ကြဘူး။

အဝင်သက်သာနည်းတွေသုံးရတယ်။ ဆေးပြားအပေါ်ယံမှာ သကြားအုပ်ထားရတယ်။ ဥပမာ ဖျူရာမင်ဘီစီ သံဓါတ်ဆေး၊ ဗီတာမင်ဘီဆေး။ ဆေးတောင့်လို့ခေါ်ကြတဲ့ ကက်ပစူးလ်ခေါ် အဖုံးထဲမှာဆေးမှုံ့ထည့်ပေးထားရတယ်။ ဥပမာ အမောက်ဆာဆလင်။ တက်ထရာဆိုက်ကလင်း။ ဆေးရည်ကို အချိုရည်ရောထားတယ်။ Syrup နာမည်ပါရင် အဲတာမျိုးပဲ။

ငှက်ဖျားဆေး Quinine (ကွီနင်း) ကို ဆေးခါးကြီးလို့ သတ်မှတ်ခဲ့ကြတယ်။ ငှက်ဖျားကို ရောဂါတွေရဲ့ဘုရင်လို့ တင်စားကြတယ်။ အလက်ဇန်းဒါးစစ်ဘုရင်လည်း အသက် ၃၃ နှစ်သာရှိသေပေမယ့် ငှက်ဖျားနဲ့သေဆုံးခဲ့တယ်လို့ ယူဆရတယ်။

ဆေးခါးတာကို ဘယ်လိုမျိုမလဲအတွက် အကြံပေးချက်တွေရှိပါတယ်။ ချိုတာတခုခုနဲ့ရောသောက်ပါ။ ဒါပေမယ့် ရောလို့ရ မရ ဆရာဝန်ကိုအရင်မေးပါ။ မြန်မာပြည်မှာက ပျားရည်သုံးတာအစဉ်အလာဖြစ်နေတယ်။ တချို့က ပျားရည်နဲ့ မတည့်ပါ။ သူများတွေဆီမှာ ဖျော်ရည် ဥပမာ စပျစ်သီးဖျော်ရည်သုံးကြတယ်။ ဆေးမသောက်ခင်နဲ့ ဆေးမျိုပြီးမှာ အချိုရည်သောက်ပါ။ ကာဗွန်ထည့်ထားတဲ့ ဥပမာ ကိုကာကိုလာနဲ့တော့ မသင့်ပါ။ အရက်နဲ့တော့ ဘယ်တော့မှ မရောရပါ။

ဆေးပြားကို ခြေပြီးအစာတခုခုနဲ့ရောသောက်နည်းလည်းလုပ်ပါတယ်။ ဒါပေမယ့် ဘယ်ဆေးတွေကိုသာ ခြေသင့်သလည်း Institute for Safe Medical Practices ကနေပြုစုပေးထားတာရှိပါတယ်။ ခြေလို့ရတဲ့ဆေးဆိုရင် ရေတစက်လောက်နဲ့ အရင်စိုစေလိုက်ပါ။ ၁၅ မိနစ်လောက်နေမှ ခြေပါ။ နောက်တနည်းက ဆေးကိုအေးအောင်လုပ်ထားရင် ခါးတာ သက်သာတယ်။ ရေခဲသေတ္တာထဲထည့်ပါ။ ဆေးသောက်ပြီး ရေခဲငုံလို့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅
၂၈-၁၁-၂ဝ၁၈

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...