မလုပ်ကောင်းဘူးလို့ ထင်ပါတယ်

၁၉၅၇ ခုနှစ်က ဆရာတင်မိုး၏ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရခဲ့သည့် စာစီစာကုံး ဆောင်းနှောင်းရာသီ ဆိုပြီး တင်ထားတယ်။ တဂ်လုပ်ကြတယ်။ သတ်ပုံတွေကို ပြင်ပြီးတင်ထားတာတွေဖြစ်နေတယ်။

့ ပြာလဲ့မှုန်မှင်သော မိုးအဇဋာသည် နောက်ခံကားကြီးသဖွယ် တည်လျက်ရှိတော့သည်။ ထိုအချိန်တွင်ပင် လေခမြေသက် ဈာန်ဝိတက်သို့ သစ်ရွက်ရော်ရီ ဣန္ဒနီဝယ် သိင်္ဂီတစ်ဝက် ဖက်၍ဆေးစုံ ခြယ်သောပုံသို့ ရဂုံမြိုင့်တွင်း တောလုံးလင်းသား ဟူသော ရှင်ဥတ္တမကျော်၏ တောလားရတုကဲ့သို့ပင် ကြွေဝဲ၍ကျလာသော ရွှေရွက်ဝါကလေးတို့ကား တချာလည်လည်နှင့် သနားဖွယ်သာပင် စသည်။

မြတ်စွာဘုရား ရွှေပြည်တော်ဝင်စဉ် လောကဓာတ်လုံး ပူဇော်ဟန် တောလားရတုကိုးပိုဒ်ကို ရှင်ဥတ္တမကျော်က ရေးသီထားခဲ့ပါတယ်။

စက်ဆယ့်နှစ်လီ၊ ဒွဒသီတွင်၊ သုံးလီဥတု၊ လက်ဝဲလုသား၊ ရတုသာစွ၊ လမဏ္ဍလင်၊ သဘင်ဂိမှာန်၊ တာသင်္ကြန်ဟု၊ လေပြန်လွင့်ကူ၊ ဘုံသစ်ထူသော်၊ ပုဏ္ဏဂူနတ်၊ ဖလ်ရဟတ်လည်း၊ သဟဿရောင်၊ ခြည်တထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာဏာရှိန်က၊ ပြင်းရှိန်နန္တ၊ ဘုန်းစွမ်းပြက၊ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား၊ သီးကင်းနုစ၊ တချို့ကလည်း၊ သြဇရသာ၊ နတ်သုဓာသို့၊ ချိုစွာသင်္ဘော၊ ငှက်ပျောသခွါး၊ သဖန်းခါးနှင့်၊ သျှစ်သျှားသမ္ဘရာ၊ သြဇာသရက်၊ ဖက်သက်တရော်၊ မြတ်ရှင်တော်ကို၊ ပူဇော်အံ့ငှာ၊ သိကြရှာ၏။့

ခြည်တစ်ထောင်ဖြင့် မဟုတ်ပါ။ သိင်္ဂီတစ်ဝက် မဟုတ်ပါ။ တစ်ချို့ကလည်း မဟုတ်ပါ။ သတ်ပုံတွေကို လိုက်ပြင်တာ မလုပ်ကောင်းဘူးလို့ ထင်ပါတယ်။ ရှင်ဥတ္တမကျော်နဲ့ ဆရာတင်မိုးတို့ကို စော်ကားရာကျတယ်။ ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ကိုယ် ရေးပေါ့။

ဒေါက်တာတင့်ဆွေ

ဆရာကြီးများသို့

Thiha Soe ကျနော်လည်း တစ်နဲ့ တ,ကိစ္စ ဆရာနဲ့ သဘောချင်း မတိုက်ဆိုင်ပါ။

အရေအတွက်ကိုရေးရင်
တစ် နှစ် ဖြစ်သင့်တယ်။
ဥပမာ... တစ်ခါ တစ်ခု တစ်ယောက်

အရေအတွက်ကို ဖော်ပြတာမဟုတ်ရင် တ,သုံးသင့်တယ်။
ဥပမာ... နှောင်းတမြေ့မြေ့(နှစ်မြေ့ မရှိ)၊ တသသ(နှစ်သသ မရှိ)

ရေးထုံးတွေ သတ်ပုံတွေကတော့ ခေတ်နဲ့အညီ ပြောင်းလဲသွားကြမှာပါပဲ ဆရာ။
တရားသေဆိုတာ မရှိပါဘူး။

ကကြီး ခခွေးတောင် ပြောင်းလဲခဲ့ရပါတယ်။

Nada Thu Metoo

အဲလိုရေးလာသူတိုင်းကို ပြန်မရေးအားတော့ပါ။ အခါတရာလောက်ရှိပြီ။ သက်သေပုံတွေ အကိုးအကားတွေလည်း တရာကျော်တင်ပြထားပြီးပြီ။ ကျွန်တော်က ဆရာမလုပ်။ တရားသူကြီးမလုပ်။ ရှေ့နေမလိုက်။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးလို့တော့ တင်ပြတယ်။ ကျွန်တော့်မှာ ကိုယ်ပိုင်သတ်ပုံ မရှိ။ ခေတ်အပြောင်းဆိုတာလည်း အခါတရာ။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂၀၁၈

တဆယ့်နှစ်လမိုး

ဒဂုန်ဦးစန်းငွေ သတ်ပုံမှားတယ်လို့ ထင်ပါသလား။

ဒေါက်တာတင့်ဆွေ

အတွေးအမြင် မင်းသုဝဏ် သတ်ပုံမှားတယ် ထင်ပါသလား။

ဒေါက်တာတင့်ဆွေ

အတွေးအမြင် မင်းသုဝဏ် သတ်ပုံမှားတယ် ထင်ပါသလား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ