Moon eclipse လငပုပ်

လငါးမုတ်ဖမ်း ဆိုတဲ့အဓိပ္ပါယ်သိချင်လို့ပါဆရာ

သတ်ပုံ အတော်မှားနေတယ်။

လကြပ်တာကို လငပုပ်ဖမ်းတာလို့ခေါ်ကြတယ်။ အင်္ဂလိပ်လို Lunar eclipses ခေါ်တယ်။ လဟာ ကမ္ဘာကနေ မိုင်ပေါင်း ၂၃၈,၉၀၀ ဝေးတယ်။ နေက မိုင်ပေါင်း ၉၃ သန်းဝေးတယ်။ လကကမ္ဘာကိုပတ်နေပြီး ကမ္ဘာက နေကိုပတ်နေတယ်။ သွားလမ်းက တသမတ်တည်းမကျပါ။ အဲတာ ၃ ခုတန်းနေချိန်မှာ လကြပ်တာနဲ့ နေကြတ်တာဖြစ်တယ်။ တခုအပေါ် အရိပ်ကျလို့ အလင်းရောင် မမြင်ရတာ နည်းတာတွေဖြစ်တယ်။ သဘာဝဖြစ်စဉ်တွေသာဖြစ်တယ်။

လကြတ်တာမှာ အင်္ဂါလေးရပ်ရှိတယ်။ (၁) လပြည့်နေမယ်။ (၂) ကမ္ဘာနဲ့အနီးဆုံးဖြစ်မယ်။ အကြီးဆုံးမြင်ရလို့ ဆူပါမွန်းလို့ ခေါ်တယ်။ (၃) ကမ္ဘာ့အရိပ်က လပေါ်တည့်တည့်ကျနေမယ်။ (၄) ကမ္ဘာကြီးမှာ နေရောင်ရော လရောင်ပါ တပြိုင်တည်းမှာ ရနေပါမယ်။

လကြပ်တာကို ဗမာတွေသာမက သူများတွေကလည်း မကောင်းတဲ့အလားအလာကို ဖေါ်ဆောင်စေတယ်လို့ ထင်မြင်ကြတယ်။ အမည်းရောင်စွမ်းအားကနေ လုပ်တယ်လို့ ပုံပြင်တွေရှိတယ်။ နော်ဝေဒဏ္ဍာရီထဲမှာ စကိုးလ် ခေါ်တဲ့ ကောင်းကင်ဝံပုလွေကြီး တကောင်နဲ့ သူ့ညီ ဟာတီတို့ကနေ နေမင်းကြီးနောက်ကိုလိုက်ကြတယ်။ တကောင်ကောင်က ဖမ်းမိရင် လငပုပ်ဖမ်းချိန်ဖြစ်တယ်။ တရုပ်ဒဏ္ဍာရီထဲမှာတော့ နဂါးကနေ လကိုစားဖို့ လိုက်ဖမ်းတယ်လို့ဆိုတယ်။

ငါးမုတ်ဆိုတာ  အရသာကောင်းတဲ့ငါးတမျိုး။ ရခိုင်ကမ်းခြေနဲ့ တနင်္သာရီကမ်းခြေမှာရတယ်။ ငါးမုတ်ဖြူနဲ့ ငါးမုတ်မည်းလို့ ရှိတယ်။ အင်္ဂလိပ်လို Pamups Argenteus ခေါ်တယ်။ တနင်္ဂနွေနေ့က မွန်ဘုန်းကြီးကျောင်းကထိန်မှာ စားခဲ့ရသေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး