ဗျာဆုံတဲ့ သည်ဆောင်း

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ၊
ချမ်းပေါင်လေ တဖေတင်းသော်လည်း၊
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။

မျက်တခတ် ပြက်လျှပ်ကယ် တဗီဇနာမျှ၊
ထည်အလွှာ အကုန်ထွေးသော်လည်း၊
ကြည်အသာ မလုံသေးပါဘူ့၊
မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့၊
သွေးလန့်လို့ခုန်။

ယမ်းယောင်ကာ တလျက်ညည်းမိတော့၊
သန်းခေါင်မှာ မြကြက်သီးတွေက၊
တဖီးဖီး ပျံ့လို့ငယ်အုံ၊
အော့့် ဗျာဆုံတဲ့ ရာသီဘဲ။

ငွေနှင်းငယ်မှုန်၊
လေညှင်းရယ် တသုန်သုန်နှင့်၊
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊
မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့၊
သည်ခေတ်မှာ သည်လိုဟာဖြင့်၊
သည်ကိုယ်မှာ သေသေလုပါပေါ့၊
ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်၊
ဆောင်းရတုပွဲ။

အချုပ်တန်းဆရာဖေရေးခဲ့တဲ့ ဆောင်းဘွဲ့ကဗျာမူရင်းကို အခုပဲရတယ်။ အရင်တင်ထားတာထဲမှာ ပြင်စရာ နည်းနည်းတွေ့တယ်။ ဗျာဆုံတဲ့ ရာသီပဲ မဟုတ်၊ ရာသီဘဲဖြစ်ပါတယ်။ ဘဲရှေ့မှာ မ မရှိပါ။

ခုခေတ်ကဗျာဆရာ စာရေးဆရာတွေကတော့ တစ်ဖေတင်း၊ တစ်ဖီးဖီး၊ မျက်တစ်ခတ်၊ တစ်ဗီဇနာ၊ တစ်သုန်သုန်လို့သာ ရေးကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ