ကျိပ် ကြိတ် ကျိတ်

အခုပဲ ရင်သားအကြိတ်ကို ခွဲစရာမလိုတဲ့အရွက်ဆိုပြီး တင်ထားတာတခု တွေ့တယ်။ အကျိတ်သတ်ပုံက မှားနေတယ်။ တနေ့ကလည်း သံပရာသီးနဲ့ စပါးကြီးမြွေကို သတ်ပုံမှားရေးပြီး ဆေးနည်းပေးတယ်။ သတ်ပုံမမှန်မှတော့ ဆေးနည်းက မှန်ပါ့မလား။

၁။ ကျိပ်မှာ (ပသတ်) နဲ့ ကျိပ်မှ မှန်လေမလားလို့ ဒေါက်တာ။

၂။ ပို့စ်တခုမှာ လည်ပင်းအကြိပ် ထုတ်ပြီးစစ်ဆေးရမယ်။ အဆီကျိပ်ဘဲဖြစ်ပါစေလို့ ဆုတောင်းတာဖတ်ရတယ်။

လူတကျိပ်။ လည်ပင်းအကျိတ်၊ အဆီကျိတ် လို့ရေးရတယ်။ အကြိပ်ဆိုတာ မရှိပါ။

ကျိပ်
တကျိပ် = ၁ဝ = တဆယ် (တစ်ဆယ် မဟုတ်)
နှစ်ကျိပ်ရှစ်ဆူ = ၂၈ ဆူ

ကြိတ်
စပါးကြိတ်စက်
ထိုးကြိတ်သည်
ကြိတ်ဆုံ
ကြိတ်ကြိတ်တိုး စည်ကားသည်
ကြိတ်ကြိုးစားသည်
ကြိတ်မှန်ပင်
ကြိတ်မှိတ်ခံသည်
ကြိတ်မနိုင်ခဲမရ
ကြိတ်နှုန်း
ဝါကြိတ်စက်
သွားကြိတ်သည်
အံကြိတ်
အကြိတ်အနယ်၊
အကြိတ်အနယ်ပြိုင်သည်

ကျိတ်
ကင်ဆာအကျိတ်
ကျိတ်၍ခံ
ကျိတ်၍ကြံ
ကျိတ်ကြံကျိတ်လုပ်
ကျိတ်ဓား
ကျိတ်ပင်
ကျိတ်ပုတီး
ကျိတ်မျိုသည်းခံ
တကျိတ်တည်း တဉာဏ်တည်း
ရင်သားအကျိတ်
သားအိမ်အကျိတ်
သုကျိတ်မျောက်
အကျိတ်အခဲ
အကျိတ်အဖု
ဦးနှောက်အကျိတ်

သတ်ပုံမှာ ဆေးနည်းတွေ။ သတ်ပုံမှာတရားစာတွေ သတိထားကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၇
၇-၈-၂ဝ၁၇
၃၀-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး