Seasonal Foods ရာသီစာ

ဖေ့စ်ဘွတ်မှာ တခါတခါ အတော်ဂွကျတယ်။ တရက်တည်းမှာ မီလှုံနေတဲ့ပုံနဲ့ သင်္ကြန်ရေကစားနေတဲ့ပုံ တွေ့တယ်။ ထင်ရှားတဲ့သူတွေ တကယ်လုပ်ကိုင်နေတာက အကြောင်းအရာတခုနဲ့ နေရာတခုမှာ။ အဲဒီအချိန်မှာ ဘာမဆိုင်ညာမဆိုင် အရင်တုန်းကပုံနဲ့သတင်းကို လာတင်ကြတယ်။ လိမ်ရာကျတယ်။

ကျွန်တော်က ဆေးစာတွေကို ရာသီဥတုအလိုက် တင်ပါတယ်။ စားစရာရော ဖတ်စရာပါ ရာသီစာဆိုရင် ကောင်းပါတယ်။ သူ့ရာသီနဲ့သူမဟုတ်ရင်တော့ တမျိုးကြီး။

အံ့သြထိတ်လန့်စရာသတင်းမျိုး၊ အဆန်းဆိုတာမျိုး တင်ကြတယ်။ ဆန်းတယ် ကြည့်ကြပါတဲ့။ အဲတာတွေက အင်တာနက်မှာ လွန်ခဲ့တဲ့ ၁-၂-၃ နှစ်လောက်ကတည်းကဟာတွေ။ ကိုယ်ညံ့တာ လူသိတယ်။

ပို့စ်တင်တယ်ဆိုတာ တနည်းအားဖြင့် ဆရာလုပ်တာ။ ဆရာလုပ်ချင်သူဆိုတာ တပည့်ထက်တော့ သိရတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၄
၂ဝ-၁၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး