Perichondritis infection နားရွက်အနာ

ကျွန်မသမီးလေးရဲ့ နားရွက်က အနာက ရက်၂၀လောက်ရှိနေပြီ မသက်သာလို့ပါဆရာ ကူညီပါအုံးဆရာရယ် သမီးလေး အသက်က ၁၀လ နဲ့ ၁၅ရက် ပါ နားရွက်မှာ အဖုလေးစဖြစ်ပြီး ကလေးက နားရွက်ကို ကုတ်ကုတ်နေတယ် အဲဒါကို ကျွန်မကလည်း သတိမထားမိလိုက်ဘူး တဖြည်းဖြည်းနဲ့ အနာဖြစ်ပြီး သငံရည်တွေကျလာမှ သတိထားမိပါတယ် ဘာဖြစ်မှန်းလည်းမသိပါဘူးဆရာရယ် မွှားကိုက်တယ်လို့ ခန့်မှန်းထင်ရပါတယ်ဆရာ ကလေးအထူးကုနဲ့ပြတော့ Flucloxacillin powder 2.5ml ကို ၁နေ့ ၂ကြိမ်တိုက်ပြီး လိမ်းဆေးက Supirocin လူးခိုင်းပါတယ် ၃ရက်မြောက်နေ့မှာ မသက်သာလို့ပြန်ပြတော့ ကလေးအထူးကုက အရေပြားရောဝန်နဲ့လွှဲပေးပြီး ပြခိုင်းပါတယ် အခု အရေပြားဆရာဝန်နဲ့ ဆက်ပြပါတယ် မသက်သာလာဘူး ကျွန်မသမီးလေးကို ကယ်ပါအုံးဆရာရယ် ကျွန်မတို့က နယ်ကဆိုတော့ မသက်သာရင် ရန်ကုန်ဆင်းပြီး ကုရမှာလား  ခုပြတာလည်း ဆရာဝန်က ၂ယောက် ဖြစ်နေပြီ နောက်ထပ်ဆရာဝန် ပြောင်းပြဖို့ကျတော့လည်း ဆရာများသားသေ ဖြစ်မှာကြောက်တယ် ဘယ်လိုလုပ်ရမလဲ ဆရာရယ် အရေပြားဆရာဝန်ပေးလို့ သောက်နေတဲ့ ဆေး ၂မျိုးနဲ့ လူးဆေး ၂မျိုးကို ဓါတ်ပုံပို့ပေးပါ့မယ် သမီးလေးနားရွက်က အနာကိုလဲ အစကနေဖြစ်တဲ့ ပုံနဲ့ ခုဖြစ်နေတဲ့ပုံအဆင့်ဆင့် ကို ဓါတ်ပုံပို့ပေးပါ့မယ်ဆရာ အနာက တဖြည်းဖြည်းနဲ့ ပိုပိုကြီးလာပြီး ပျံ့လာလို့ပါ ဒါပေမယ့် ကလေးကတော့ ဆော့ပြီး လန်းပါတယ် ကျေးဇူးပြုပြီး ဖြေကြား ကုသပေးပါအုံးဆရာရယ်

နားရွက်မှာ အရေပြားနဲ့ အရိုးနုပါတယ်။ အနာက အရိုးနုထိရောက်သွားရင် ကုသရတာ ပိုခက်လာတယ်။ အနာ ဒဏ်ရာတိုင်းမှ ပိုးအမျိုးအစားအရ ပိုးသေဆေးပေးရတယ်။ ဒီလိုအနာကို Perichondritis infection ခေါ်တယ်။ penicillin သို့မဟုတ် aminoglycoside ဆေးနဲ့ cephalosporin ဆေးလည်းပေးနိုင်တယ်။

ဖြစ်စေတတ်တဲ့ပိုးတွေထဲမှာ Pseudomonas aeruginosa လည်းပါတယ်။ အဲတာဆို ဆေးရွးရတယ်။
Tobramycin
Ceftazidime
Carbapenem
Meropenem
Aztreonam
Piperacillin / Tazobactam
Doripenem
Azlocillin
Ertapenem ပဋိဇီဝဆေးတခုခုပေးရတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး