Wednesday, November 21, 2018

Seasonal Infections ၁၂ ရာသီ

မြန်မာ့ယဉ်းကျေးမှုမှာ ၁၂ ရာသီပွဲတွေရှိတယ်။ ၁၂ ရာသီ ပန်းတွေရှိတယ်။ ၁၂ ရာသီ အစားအစာတွေလည်းရှိတယ်။ အင်မတန်ချစ်စရာ မြတ်နိုးစရာ စားချင်စရာတွေ။ အဲတာက ဖေ့စ်ဘွတ်မပေါ်ခင်အထိသာ မှန်တော့တယ်။

နှစ်သစ်ကူးတခါ၊ သင်္ကြန်တခါ၊ ဝါဝင်တခါ၊ ဝါကျွတ်တခါ၊ တန်ဆောင်တိုင်တခါ၊ မကြာမီ ခရစ်စမတ်လာမယ်။ ကြားပေါက်တွေလည်း ရှိသေးတယ်။ ဆုတောင်းစာတွေ၊ ပုံတွေ၊ သီချင်းတွေ ပို့တဲ့အလေ့အထပေါ်လာတယ်။

တချို့ဟာတွေက သတ်ပုံအမှားတွေ။ အားလုံးဟာ သူများလုပ်ထားတာကို လာပို့နေကြတော့ ခဏခဏမြင်တော့ အီနောက်လာရတယ်။

အဆိုးဆုံးက နေမကောင်းလို့မေးတာမှတ်ပြီး ဖွင့်နေရတော့ အချိန်တွေပုပ်တယ်။ ပြောတာလည်း အခါတရာလောက်ရှိပြီ။

ရာသီအလိုက်ဖြစ်တဲ့ ကူးစက်ရောဂါခေါ်တယ်။ ၁၂ ရာသီဒုက္ခလို့လည်းခေါ်တယ်။ မြန်မာ့ မယဉ်ကျေးမှု အသစ်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂၀၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...