Garcinia Cambogia ပိန်ဆေး

ဆရာ့နာမည်သုံးပြီးရောင်းနေတာတွေ့လို့ပါရှင့်

အော့့် တဘူးလို့တော့ ရေးထားတယ်။ တစ်ဘူးထက် မှန်တယ်။ တဗူးက ပိုမှန်တယ်။ Smile!

လွန်ခဲ့တဲ့ ၂ နှစ်က ဖေ့စ်ဘွတ်မှာတွေ့ပါတယ်။ Made in U.S.A ပိန်ဆေး GARCINA CAMBOGIA 30000 ks အမေရိကန် နိုင်ငံမှ တရားဝင်ထုတ်လုပ်တင်သွင်းထားခြင်းဖြစ်ပါသည်။ FDA အသိအမှတ်ပြုလက်မှတ် ရရှိပြီးသောဆေးဖြစ်သဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လူကို ဘေးဥပဒ်အန္တရာယ်ဖြစ်စေခြင်းမျိုး လုံးဝမရှိပဲ အသီးအနှံမှ ထုတ်လုပ်ထားသဖြင့် ရေရှည်သုံးစွဲပါက ကျန်းမာရေးနှင့် သွေးတိုး ဆီးချို၊ လေဖြတ်ရောဂါများကိုပါ ကာကွယ်နိုင်စွမ်းရှိပါသည်။ မင်းဂွတ်သီး အမျိုးအနွယ်ဝင် အသီးအနှံမှ ထုတ်လုပ်ထားသောကြောင့် သွေးတွင်း မကောင်းသော အဆီဓာတ်များကို အလျင်အမြန် ကျဆင်းစေပြီး နောက် ခန္ဓာကိုယ် အား ရေရှည်အဆီထပ်မတတ်စေရန် ထိန်းသိမ်း ထားနိုင်စွမ်းရှိပါသည်။့ စသဖြင့်ရေးထားတယ်။

ဒီလိုဆေးမျိုးတွေကို ဗီတာမင်နှင့်ဖြည့်စွက်အာဟာရခေါင်းစဉ်အောက်ကနေရောင်းရင် FDA အသိအမှတ်ပြုချက်မလိုပါ။ အလားတူ အစားအစာတခုကနေ ထုတ်လုပ်တဲ့ဆေးတွေကလည်း ဒီသဘောသာဖြစ်ပါတယ်။

၁၅-၁၁-၂ဝ၁၃ နေ့ကတင်ထားတဲ့ ဝက်ဘ်ဆိုက်မှာ Garcinia Cambogia Extract Diet Pills ဆေးရဲ့ အန္တရာယ်တွေကို ရေးထားတယ်။ နောက်ဝဘ်ဆိုက်တခုမှာ ဆီးချိုအမျိုးအစား (၂) နဲ့ ကိုလက်စထောကျဘို့တော့ သုံးနိုင်တယ်။ ၂ဝဝ၉ ခုနှစ်ကတည်းက FDA ကနေ အဲလို garcinia cambogia ပါတဲ့ဆေးမျိုးတွေကို မသုံးသင့်ကြောင်း သတိပေးချက်ကိုပါ အဆုံးမှာ ထည့်ရေးတားပါတယ်။ အသည်းကိုထိခိုက်စေမှာမို့ ဖြစ်ပါတယ်။

http://www.webmd.com/vitamins-and-supplements/garcinia-cambogia-weight-loss
http://www.womenshealthmag.com/weight-loss/garcinia-cambogia-extract

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၅
၂၇-၁၁-၂ဝ၁၇
၂၉-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး