Pocket and Ticket ပေါ့ကပ်နဲ့ တစ်ကက်

ကွန်မင့်တခု ဖတ်ရတယ်။

နိင်ငံရေးစနစ်နဲ့ မဆိုင်ပါဘူး စနစ်တွေဘယ်လောက်ကောင်းကောင်း တရားတွေ ဘယ်လောက်ကောင်းကောင်း တဦးချင်း မလိုက်နာမဆောင်ရွက်သ၍ သေတောင်မတိုးတက်ပါဘူး တဦးချင်း၏ စိတ်ဓါတ်မပြင်နိုင်သ၍ပေါ့ဗျာ အဲ့ဒီထဲမှာ ကျွန်တော်လည်းပါတယ်ဗျာ တဲ့။ (တစ် ၂ လုံးတော့ ပြင်လိုက်တယ်။ ဆောရီး။)

ဦးနေဝင်းကလဲ လူကောင်း လူတော်လို့ လုပ်ခဲ့သေးတယ်။ ကွန်မင့်ဖြစ်လို့ ဝါကျတကြောင်းသာ ပြန်ရေးလိုက်တယ်။

ကျွန်တော်တို့က ကိုအံ့ကြီးဆိုတဲ့သီချင်းထဲက လူချွန်လူကောင်းသာ သိတယ်။

ဗိုလ်ချုပ်နေဝင်းက လူတွေကောင်းရင် သူ့ လမ်းစဉ်ပါတီအောက်မှာ တော်စေရမယ်တဲ့။ လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားကို ၂၆ နှစ်အတွင်း လူတိုင်းလိုလိုက အော်ကြရတာ။ အခုတော့

ယူအက်စ်ကိုလာပြီး ဟောပြောတဲ့ ကာတွန်းဆရာတဦးက ပြောသွားတယ်။ မီးပွိုင့်နီနေရင် ဘာကားမှ ရှိရှိ မရှိရှိ ကားတွေ ရပ်ကြတာ ရွှေဗမာတွေတဲ့။ ကျွန်တော်စိတ်ထဲမှာ ပြောနေမိတယ်။ အဲဒီရွှေတွေ ရန်ကုန်အလည်ပြန်ရင် မောင်းချင်သလို မောင်းကြမလား မသိလို့။ တကယ်တော့ အဲလိုအပြစ်တင်တာ မှားတယ်။ အလည်ပြန်သူတွေကို မေးကြည့်တယ်။ ဗမာပြည်မှာ ကားမမောင်းရဲတော့ဘူးတဲ့။ သူတို့ဟာ စည်းကမ်းရှိရမယ်ဆိုတဲ့စနစ်ကို သိသွားကြလို့။

စည်းစံနစ်ဆိုတာ အမှိုက်ကောက်တာကလည်းပါတယ်။ ဝန်ကြီးလုပ်တာလည်းပါတယ်။

လမ်းမီးတွေ စိမ်း-ဝါ-နီ ဒီမှာနဲ့ မြန်မာပြည် အတူတူ။ မတူတာက မတူတဲ့လူတွေနေထိုင်တဲ့ နေရာ။ နီရင်ရပ်ဆိုတဲ့ စည်းကမ်းကလည်း အတူတူ။ မတူတာက နီတာမရပ်လည်း ပိုက်ဆံပေးရတယ်ဆိုတဲ့ အကျင့်။ ဒီမှာလည်း ပိုက်ဆံပေးရတယ်။ တရားရုံးအကောင့်ထဲ သွင်းပေးရတာ။ ကွာတာက အိပ်ကပ်နဲ့ တစ်ကက်။

ရဲတွေကိုသာ အပြစ်မတင်ပါနဲ့၊ ဘယ်နေရာကြည့်ကြည့် ၁၉၀။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ