Methyl salicylate မီသိုင်းလ် ဆယ်လီဆလိတ် ဆေး

၁။ Methyl salicylate ဆိုတာ မြန်မာလို တေဇောဆီလားရှင့်

မြန်မာလို အခေါ် သေချာ မသိပါ။ ဆောရီး။

၂။ ဆရာရှင့် သမီးအသက် ၃၈ နှစ်ပါ။ သမီးက့ မှာ့ တာဝန်ကျနေတဲ့ ပါ။ ဒီပုလင်းကို ဘယ်လို အသုံးပြုရလည်း  သိချင်လို့ပါဆရာ။

Methyl salicylate-menthol မင်သော်ဆေးရည်လို့လည်း ခေါ်တယ်။ သာမန်နာတာ၊ ကိုက်တာအတွက်သုံးရတဲ့ လိမ်းဆေးဖြစ်တယ်။ အဆစ်နာ၊ ခါးနာ၊ ထိခိုက်မိလို့နာတာ။ လိမ်းလိုက်ရင် အေးပြီး ခဏနေပူလာမယ်။

အရေပြားလိမ်းဆေးသာဖြစ်တယ်။ သောက်ဆေးမဟုတ်။ မျက်စိ။ ပါးစပ်၊ နှာခေါင်း၊ လိင်လမ်းတွေမှာ မသုံးရ။ လက်နဲ့လိမ်းရင်လည်း သတိထားပါ။ ရေများများနဲ့ ဆေးပါ။

Methyl salicylate Lotion, Spray, Foam အမျိုးမျိုးလာတယ်။ အားအမျိုးမျိုးနဲ့လာတယ်။ ကိုယ်နဲ့သင့်တာ ရွေးပါ။ မသုံးခင် ပုလင်းကိုလှုပ်ပါ။ ပါးပါးသာလိမ်းပါ။ ပွတ်ပေးပါ။ တနေ့ ၃-၄ ကြိမ်လိမ်းနိုင်တယ်။ လိမ်းစရာနေရာက လက်ဖြစ်နေရင် ဆေးလိမ်းပြီး နာရီဝက်အကြာ လက်ဆေးလိုက်ပါ။

ကွဲရှပေါက်ပြဲုနာထဲ မထည့်ရ။ ဆေးအပေါ်က ပတ်တီးမစီးရ။ လိုအပ်ရင် ဖုံးစရာကို ချောင်ပါစေ။ ရေပူချိုးချိုးပြီစ၊ ရေကူးပြီးစ၊ ကိုလက်လေ့ကျင့်ခန်းလုပ်ပြီးစ ချက်ချင်းဆေးမလိမ်းသင့်။

လိမ်းတဲ့နေရာ နီရဲလာနိုင်၊ ကျင်သလိုခံစားရ၊ ပူလောင်သလိုနေနိုင်တယ်။ တချို့က ဆေးနဲ့မတည့်။ ကိုယ်ဝန် ၆ လအောက် သတိထားသုံးပါ။ ကလေးငယ်တွေ သတိထားသုံးရမယ်။

Methyl salicylate-menthol မင်သော်ဆေးရည် https://doctortintswe.blogspot.com/2016/10/methyl-salicylate-menthol.html

ဒေါက်တာတင့်ဆွေ
၂-၁ဝ-၂ဝ၁၆
၃၀-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး