Hluttaw လွှတ်တော်သမိုင်း

နီပေါသတင်းတွေအရ ရေးထားတာလေး ပြန်တင်ပါရစေ။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရန်ကုန်မှာနေတဲ့ တူမတယောက်၊ နေပြည်တော်က လွှတ်တော်ရှေ့မှာ ဓါတ်ပုံရိုက်ပြီး လွှတ်တော်ရှေ့ဆုံးတန်းမှာ ထိုင်ရသူလိုလိုဆိုပြီး ရယ်စရာရေးတယ်။

အေ့း့ ဆရာက လွှတ်တော်အမတ် တရားဝင်ဖြစ်ပေမယ့် လွှတ်တော်အရိပ်တောင် မခိုဘူးပါ။ သူများတိုင်းပြည်တွေက လွှတ်တော်တွေမှာတော့ ဧည့်သည်တောင်လုပ်ခဲ့ရပါတယ်။

ကမ္ဘောဒီယားလွှတ်တော်၊ သီရိလင်္ကာလွှတ်တော်နဲ့ အင်ဒိုနီးရှားလွှတ်တော်တွေမှာတော့ အိမ်ရှင်အမတ်တွေနဲ့အတူ ရောက်ရဘူးတယ်။ အမေရိကန်ဆီးနိတ်မှာတော့ မြန်မာ့အရေးကြားနာပွဲတက်ရတယ်။ တိဘက်အဝေးရောက် လွှတ်တော်ကိုလည်း အထူးဧည့်သည်အဖြစ် တကူးတကဖိတ်လို့ လေ့လာခဲ့ရတယ်။

မြန်မာပြည်မှာက လွှတ်တော်အမတ်ကို မဲပေးသူတွေကရွေးပေမယ့် ကံဇာတာမပါရင် တက်ခွင့်မရပါ။ ပြည်ထောင်စု မြန်မာနိုင်ငံ လွှတ်တော်သမိုင်းရေးကြရင် ကျွန်တော်လိုလူပေါင်း ၄၈၅ ယောက်ရှိတာ ထည့်ရေးရပါမယ်။

၁၅-၁၂-၂၀၀၆ နေ့က နီပေါလွှတ်တော်က ဂယ်လရီမှာထိုင်ရတယ်။ လွှတ်တော်ဥက္ကဋ္ဌကနေ NLD အမတ်ဖြစ်တဲ့ ကျွန်တော် ရောက်ရှိနေကြောင်း ကြေညာပေးတယ်။ သြဘာပေးကြတယ်။ ကျေးဇူး။

ကံဇာတာ ဘယ်လောက်မပါသလဲဆိုရင် အလည်ပြန်စဉ်က နေပြည်တော်ဝင်တဲ့နေ့က လွှတ်တော်နားရက်။ အဝေးကနေသာ မြင်ခဲ့ရတယ်။ လွှတ်တော်ပြန်စတော့ မိတ်ဆွေအမတ်တွေကလာပါလာပါ ဖိတ်ကြတယ်။ ပြန်ရက်နဲ့ အချိန်ကမရ မသွားခဲ့ရပါ။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂ဝ၁၆
၂၉-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး