တောဘောလုံးကွင်း

ဘောလုံးသမား အားလုံး
တအား ကြုံးကြုံးကန်ကြ
ဘောလုံးထက် ရှေ့ကို
လူတွေ လွန်လွန်သွား
ဘောလုံးတခြား လူတခြား
လွဲလွဲသွား
တဂိုးမှ မသွင်းနိုင်ကြသေးဘူး
အခုထိ။ ။

ကဗျာဆရာမောင်အောင်ပွင့်အကြောင်းတင်ထားကြတာတွေ တချို့တော့ တွေ့တယ်။ မောင်အောင်ပွင့် သို့မဟုတ် အနုပညာနဲ့ တပါးသူရင်တွင်း ထိုးဖောက် နားလည်နိုင်သူ Petr Lom

့ ဒီနှစ်မှာတော့ မောင်အောင်ပွင့်ဟာ ဇနီးနဲ့အတူ စုထားတဲ့ ငွေနဲ့ အငှားကားတစီး ဝယ်နိုင်ခဲ့ပါပြီ။

အဲဒီစာမှာ သတ်ပုံကို အမှန်နဲ့သာရေးထားတယ်။ ကွန်ဂရက်ကျူလေးရှင်း။

အတော်များများက မူလစာရေးဆရာ ကဗျာဆရာတွေရေးထားတာကို ပေါ်လစီအရ ပလီပြီးပြင်ထားတဲ့သတ်ပုံတွေနဲ့ ကူးရေးတင်ကြတယ်။ ထုတ်ဝေရောင်းစားကြတယ်။ သခင်ကိုယ်တော်မှိုင်း၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ တက္ကသိုလ်ဘုန်းနိုင်၊ ကြည်အေး၊ မြသန်းတင့်၊ တင်မိုး၊့ ပါးစပ်ကတော့ စာဆိုတွေ တော်တာ တော်တာနဲ့။ မလုပ်ကောင်းပါ။

မြန်မာစာဘောလုံးကို တအားကြုံးကြုံး ကန်နေကြတာ၊ ဂိုးပေါက်မှာတစ်နေတော့ တဂိုးမှ မသွင်းနိုင်ကြသေးပါ။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Comments