အညာဆောင်းည ပြန်မှတ်ရ

ရန်ကုန်မှာတော့ ဆောင်းမရှိတော့ပါဘူးဆရာ၊ ငယ်ငယ်က ဒီလိုအချိန်ဆို မနက်စောစော မီးလှုံကြရတယ်လို့ပြောရင် အခုကလေးတွေက ရီကြတယ်ဆရာရယ်။

ငယ်စဉ်ကတော့ အညာကဆောင်းမှာမနက်စောစောထ မီးလှုံရင်းနဲ့ ထန်းပင်မြစ်၊ ကန်စွန်းဥ မီးဖုတ်စားရတာကို သတိရမိတယ်။ ကျွန်မတို့ အညာမှာ ဆောင်းဝင်စဆို ကန်စွန်းဥဖော်တယ်လေ။

ဟုတ်။ ကျွန်တော်တို့အရပ်မှာတော့ ကန်စွန်းဥကို မီးဖုတ်လို့ရော ပြုwfjပီးပါ စားကြတယ်။ ဒေလီမှာတော့ တွန်းလှည်းနဲ့ ကန်စွန်းဥမီးဖုတ် ရောင်းတယ်။ ထူးထူးဆန်းဆန်း စောင်းလျားသီးလည်း ပါတယ်။ ငရုတ်သီးစိမ်းတောင့်လေးတောင်မှ ပါသေးတာ။ ဝယ်တော့ မစားခဲ့ဘူးပါ။ ငါးနှစ်တိတိက ရေးထားတဲ့စာလေး ပြန်တင်ပါရစေ။

• ကွင်းပြင်မှာ တအိမ်လုံး၊ ထင်းတုံးမီးဖိုမှာ ဝိုင်းကာထိုင်၊
• သုံးချောင်းထောက်တိုင်မှာ ရေနွေးကို မြေအိုးနဲ့ကျို၊
• လူအိုကိုဦးချ၊ အိမ်ရှင်မက လက်ဖက်သုပ်၊
• အရည်းလုပ်သူက ထန်းလျှက်ခဲထုတ်၊
• ဦးကြီးက ပြာပူပူမှာ ထန်းပင်မြစ်ဖုတ်၊
• အကိုကြီးက အူတိုင်ကို အရုပ်လုပ်၊
• ရုပ်ဆိုး မီခိုး၊ ရုပ်လှ မီးခ၊ စကားနိုင်လုကြ၊
• အညာဆောင်းည ချမ်းပါလှ လွမ်းပါရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး