ရှေးက မြန်မာစာ

မော်လမြိုင်မြို့ တောင်ပေါက်ဆရာတော် စီရင်တော်မူခဲ့တဲ့ ဗုဒ္ဓသာသနိက ပဌဝီဝင်ကျမ်းကြီးကို ၁၉၅၈ ခုနှစ်က ထုတ်ပါတယ်။

ဣိန္ဓိယသို့ ငါတို့ ဗုရားဖူး လှည့်လည်စဉ်က ဟိန္ဒူလူမျိုး ကျောင်းဆရာ ပညာယှိတဦးနှင့် ခရီးမိုင်နှင့်စပ်၍ မေးမြန်း ပြောဆိုကြရာ၌ ၎င်းက မိုင်အရာ၌ ဧကောသ်၊ ဒွေးကောသ် စသည်ဖြင့် ပြောဆိုသည်ကို ကြားရသဖြင့် တမိုင်လျှင် နှစ်ကောသယှိကြောင်း သိရသည် ၎င်းပြင် သီဟိုဠ်နောက် ပညာယှိများသည် အင်္ဂလိသ် ၁၆ မိုင် တယူဇနာဟူသော ရှေးပေါရာဏကဝါဒကို မယူမူ၍ ၈ မိုင် တယူဇနာ ၇ မိုင်ခွဲ တယူဇနာ ၇ မိုင် တယူဇနာ ၆ မိုင်ခွဲ တယူဇနာ ဤသို့ လေးနည်းထား၍ အရာအားလျော်စွာ တွက်ယူကြောင်း ဖာဟိယန်မှတ်တမ်းစာအုပ်မှာ ဖေါ်ပြထားသည်ကို တွေ့ယှိရသည်။ ဤဆိုအပ်ပြီးသည့်အတိုင်း အနောက်ပညာယှိများ စတုတ္ထနည်းကို အသုံးပြုကြောင်း သိရသည်။ ဗြဟ္မဇာသုတ် အဋ္ဌကထာ၌ နာလန္ဒာနှင့် ရာဇဂြိုဟ် တယူဇနာ ဝေးကွာ၏ဟု အဆိုယှိသည့်အတိုင်း ယခုမီးရထားလမ်း မိုင်တိုင် အမှတ်အသားမှာလည်း ၈ မိုင်အတိအကျ အမှတ်အသားယှိရာ ၂ မိုင် တကောသ၊ ၄ ကောသ တယူဇနာဟူသော စတုတ္ထနည်းနှင့် ကိုက်ညီလျက်ယှိကြောင်း ထင်ယှားလှပေသည်။

ရေကြောင်းခရီးအရာမှာ ၇ တောင် တာတထောင် တယူဇနာဟူသော ဒုတိယနည်းဖြင့် တွက်ယူရသည်။

တယူဇနာရဲ့ အတိုင်းအတာကို သိနိုင်ပါတယ်။ ရှေးကမြန်မာစာအရေးအသားကိုလည်း လေ့လာလို့ ရပါတယ်။ ဣိန္ဓိယ၊ ဗုရားဖူး၊ အင်္ဂလိသ်၊ ယှိ၊ အရာအားလျော်စွာ အသုံးတွေက ဆန်းနေပါလိမ့်မယ်။ တမိုင်၊ တယူဇနာ၊ တာတထောင်၊ ဖေါ် (ဖော်မဟုတ်) လို့ ရေးတာကိုလည်း သတိချပ်စေလိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ