သောကြာ အသံထွက်

မင်္ဂလာပါဆရာ သောကြာကို သောက်ကြာဖတ်ကြတယ်ဆိုတာလူတိုင်းသိနေကြပါတယ်။ ဒါပေမယ့် သောကြာကို ဘာကြောင့် သောက်ကြာလို့ဖတ်ရတယ်ဆိုတာသိရှိသူနည်းပါလိမ့်မယ်။ မသိသူရော သိပြီးတဲ့သူရော့ပြန်အမှတ်ရစေရန် မေတ္တာရှေ့ထား ရှင်းပြပေးစေလိုပါတယ်။ မေတ္တာကို မြစ်တာလို့ ဘာကြောင့်ဖတ်နေကြရတာလည်းဆရာ။

ဘီဘီစီမှာ ဆရာဦးထွန်းတင့်ဖြေဆိုချက်ရှိတယ်။ သောကြာဆိုတဲ့စကားလုံးမှာ နောက်ကကြာမှာ ဗျည်းတွဲဖြစ်တဲ့ ရရစ်ပါပါတယ်။ ရရစ်ဆိုတာ ရကောက်နဲ့ရစ်ထားတယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ အဲသလိုရရစ်ပါရင် ကကြီးကို နှစ်လုံးဆင့်ကဲ့သို့ မှတ်ယူရပါတယ်။ သောက္ကြာကို အသံထွက်သကဲ့သို့ ထွက်ရပါတယ်။ ဖြန့်ချပြီးရေးရင်တော့ သောက်ကြာကို အသံထွက်သလို ထွက်ရမယ်လို့ ဆိုလိုပါတယ်။

ကျွန်တော်က ဆရာဦးထွန်းတင့်ဖြေဆိုချက်ကို နောက်မှသာဖတ်ရတယ်။ သောကြာအသံထွက်နည်းကို သတ်ပုံကျမ်းတွေထဲလိုက်ရှာတာ မတွေ့ပါ။ သောက်ရှူးကြယ်လို့ တွေ့တယ်။ အဲတာလည်း သောကြာဂြိုဟ် ခေါ် ဗီးနပ်စ်ကို ပြောတာဖြစ်တယ်။

သောက်ရှူးကြယ် = ထွန်းလင်းသော သောကြာကြယ်။

မေတ္တာ အသံထွက်

ပါဠိကနေလာတယ်။

မေတ္တ ကို မဲတြ သံထွက်ပါသတဲ့။ အဆွေခင်ပွန်း၏အဖြစ်၊ ချစ်ခြင်း၊ ချစ်မြတ်နိုးခြင်း။ မေတ္တာနှင်ယှဉ်သည်၊ မေတ္တာယှိသည်။

မေတ္တာ ကို မဲတြာ လို့ အသိထွက်ပါသတဲ့။ ချစ်ခြင်း၊ ချစ်မြတ်နိုးခြင်း။

ကျွန်တော်က မြန်မာစာသိတာနည်းပါတယ်။ မှားတာကို အထာက်အထားနဲ့တွေ့လာရင် ပြင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၀-၁၁-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး