ရန်ကုန်ရွက်

ရန်ကုန်ရောက်နေတဲ့သမီးက ဈေးအပြန်ပုံတင်ထားတယ်။ နာရီဝက်အတွင်းဝယ်လာသမျှတွေပေါ့တဲ့။

ပုံထဲကစားစရာ သုံးလေးမယ်ကို စားချင်လာတယ်။ အရွက်စိမ်းစိမ်းစိုးစိုလေးတွေ။ ဒီမှာလည်း စိုစိုစိမ်းစိမ်းတွေ ဝယ်ရတာ လွယ်ပါတယ်။

တနေ့က ငန်ပြာရည်ချက်ပါတော့ တို့စရာမမြင်လို့ သူငယ်ချင်းက မေးတယ်။ ပါတယ်။ ဘာရွက်တော့ မခေါ်တတ်။ အိမ်မှာတော့ အမေရိကန်ရွက်လို့ပဲ အလွယ်ပြောလိုက်ကြတာ။ လတ်ဆတ်တာသာမက သန့်ရှင်းတယ်။

ကျွန်တော်ထမင်းစားတိုင်း အစိမ်းရောင်တခုခုပါလေ့ရှိတယ်။ ဘာမှမရှိလည်း ချည်လက်သုတ်ပုဝါ အစိမ်းရောင်တထည် ခင်းလိုက်တယ်။ Smile!

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး