ကြတ် နှင့် ကျတ်

မင်္ဂလာပါဆရာ အခုနာမည်ကြီးနေတဲ့ ကြတ်ဂူဆိုတဲ့ရုပ်ရှင်အကြောင်းဝေါဟာရ မှန်မမှန်သိချင်လို့ပါ
ကျွန်တော်ကြားဖူးတာက ကျတ်ကုန်းဆိုတဲ့ဝေါဟာရပါ ကြတ်ဂူနဲ့ကျတ်ဂူဘယ်ဟာက အမှန်ပါလဲဆရာ

မြန်မာစကားလား ဘာသာပြန်လား ရမ်းရေးထားတာလား မသိပါ။

ကြတ်ဆိုတာ
ကြတ်ငန်ရေ = ဆားငန်ရေ။
ကြတ်တင် = ပင်လယ်ရေ။
ညောင်ကြတ်ပင်။
နေကြတ်။
လကြတ်။
သင်္ကြန်အကြတ်နေ့။
တရက်ကြတ်၊
နှစ်ရက်ကြတ်။
ကြတ္တိကာနက္ခတ်။

ကျတ်ဆိုတာ
ကျတ်ကုန်း
ကျတ်မြေ
ကျတ်တီးပြင်
ကျတ်တီးမြေ
ကျတ် တစ္ဆေ မြေဘုတ်
ကျတ်ခေါက်ဘုရား = ကျိုက်ခေါက်ဘုရား

အခုနာမည်ကြီးနေတဲ့ဆိုတာတွေ မေးကြတယ်။ ကျွန်တော် မကြားဖူးတာကများတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး