အရိုင်း နှင့် အယဉ်

ဆရာ ရိုင်းပင်းကူညီတာ ယပလက်ယိုင်းတာနဲ့ ရကောက်ရိုင်းတာ ဘယ်ဟာအမှန်လဲသိချင်လို့ ပါ ဆရာ ကျွန်တော်မေးကြည့်တာအမျိုးမျိုးဖြစ်နေလို့ 

ငစင်ရိုင်း
စင်းရိုင်း
ဆင်ရိုင်း
မိုက်မိုက်ရိုင်းရိုင်း
မဲရိုင်းပင်
မြင်းရိုင်း
ရိုင်းစိုင်းသည်
ရိုင်းပင်းကူညီ
ရိုင်းပျံ့သော
ရိုင်းပျသော
ရိုင်းခေါင်တိုင်စွာ = လွန်စွာရိုင်းစိုင်းလျက်
လူရိုင်း
အရိုင်းအယဉ်
နွားရိုင်း

အရင်ထုတ်သတ်ပုံကျမ်းထဲမှာ ယိုင်းပင်းလို့လည်းရေးပါတယ်။ အခုနောက်ပိုင်းမှာ ရိုင်းပင်းလို့သာရေးကြတယ်။

ဒဟတ်ပန်း (ဦးကြော့)

ယဉ်မရိုင်း၊ အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်။
လူမရောက်၊ ဂူကျောက်ချောင် တောင်ကတုံးမှာ
စုရုံးကာ သူတို့ပေါက်ရှာကြ၊ အညှောက် ကြူကြူမွှေး ရှာဘု၊
အခေါက်ဖြူဖြူလေးရယ်နှင့် ကျေးငှက်ပျော်စံ။

ဇလပ်ဝါ ခတ္တာခပါတဲ့
စာတန်ဆောင် ဝါခေါင်လတွင်မှ ပွင့်ဖူးကြချိန်အမှန်၊
ဝဿန္တ လေချိုဖျန်း
ယဉ်မဆုံးနိုင့့်

ယဉ် မဆုံးနိုင်ဘု၊ ပင် လုံးကုန် ခိုင်ညှာတံမတော့
နံ့သာကျံ ဝါဖန်နှောပါလို့ ၊ ယဉ်တမူ မြင်သူ မောလောက်တဲ့
လောကဓာတ်ခန်းမှာလှ၊ ပြောစမှတ်ဆန်းပေရဲ့
တောဒဟတ်ပန်း။

ပဉ္စမတန်း မြန်မာဖတ်စာထဲက ဒဟတ်ပန်းကဗျာမှာ ယဉ်တမူကို ပေါ်လစီသတ်ပုံနဲ့ပြင်ထားတယ်။ ရိုင်းခေါင်တိုင်စွာ ကဗျာကိုပါ ယူနီဖေါင်းဝတ်ပေးကြတဲ့ခေတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး