ကျိုးကမမြင်

လူ့ပြေမှာ သရေမှေးအောင်ပ
ပြုလေတာ မကြေသေးပါဘု
ရေ ရေးပါလို့ ရုပ်မထင်။

ဖြေတော့ ပျောက်လိမ့်မပေါ့
သည်လောက်တောင် ဘာကိုလွမ်းရ
သူ့ကျွန်းမှာ သာတဲ့လကို
ကျိုးက မမြင်။

တနပ်စာ ထပ်ခါစားရုံနှင့်
အားမရှိ စားလိုက်ချင်
တဒင်္ဂ ဘော်ကြော့။

ကဲမတိမ်
ဖဲ ပုသိမ် မဆင်ထိုက်သူမို့
အလိုက်ကယ် ဘာသာခိုတော့
စက်စက်ယို ဆိုင်ခံဆွေးရယ်နှင့်
ခင်ရေ့ အေးရစ်ပေတော့။

အချုပ်တန်းဆရာဖေရေးသားခဲ့တဲ့ မယ်ဘွဲ့

လူ့ပြည်အစား လူ့ပြေမှာလို့ရေးတယ်။ တနပ်စာလို့ရေးတယ်။ တဒင်္ဂလို့ရေးတယ်။ တစ်မဟုတ်။ ဘော်ကြော့ဆိုတာ အပျင်းထူတဲ့သူ။

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂၀၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်