ပုခက်လွှဲချင်း

မုန်တိုင်းကဆန် ချောင်းရေကလျှံ
ဝဲသံကကြွေး၊ လှိုင်းကဖွေး၊
ရည်းလေလေ့ ရည်းလေလေး။

မိုးပေါက်ကနာ၊ ဖြုတ်ကလာ၊
လမ်းတာကဝေး၊ လေကအေး၊
ရည်းလေလေ့ ရည်းလေလေး။

ဖေါ်ချင်းတို့ရေ၊ တို့တတွေ၊
လှော်လှေအပြေး၊ ယက်ဖွေးဖွေး၊
ရည်းလေလေ့၊ ရည်းလေလေး။

နေမင်းဖန်ဝါ၊ ယွန်းတော့ရှာ၊
အိပ်ပါလူလေး၊ မေ့ရင်သွေး၊
ရည်းလေလေ့၊ ရည်းလေလေး။

ငှက်မငှက်ဖို၊ သိုက်မြုံခို၊
သံချိုမကြွေး၊ အိပ်ပြီလေး၊
ရည်းလေလေ့၊ ရည်းလေလေး။

ယနံ့မထုံ၊ ပန်းဝတ်မှုံ၊
ပန်းငုံမှာကွေး၊ အိပ်ပြီလေး၊
ရည်းလေလေ့၊ ရည်းလေလေး။

ယမင်းသော်တာ၊ ရောင်ခြည်ဖြာ၊
အိပ်ပါလူလေး၊ မေ့ရင်သွေး၊
ရည်းလေလေ့၊ ရည်းလေလေး။

မှတ်ချက် - ဖေါ်ချင်းတို့ရေ၊ တို့တစ်တွေ မဟုတ်ပါ။

မြန်စာစာဝတ်မှုံ၊ နံ့မထုံ၊
သတ်ပုံနဲ့ကွေး၊ အိပ်ပြီလေး၊
ရည်းလေလေ့၊ ရည်းလေလေး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်