Unhealthy မကျန်းမာရေး

စားကောင်းသောက်ဖွယ် မှန်ပေမဲ့ ကျန်းမာရေးသတိထားရတယ်။

ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာ။ ကျွန်တော့်မိသားစုကပါ ဒီမိုကရေစီဘက်က နေပါတယ်။

လူ့သဘာဝ လွန်ကဲတာတွေရှိတတ်ကြတယ်။ ကိုယ့်ပုံကိုယ်၊ ကိုယ်ကြိုက်တဲ့သူတွေပုံ၊ ကိုယ်မုန်းတဲ့သူတွေပုံတွေကို မွမ်းမံ ပြောင်းလဲ ပြင်ဆင်ပြီး တင်ကြတယ်။

နိုင်ငံရေးထဲက ထင်ရှားသူတွေပုံတွေလည်း မွမ်းမံ ပြောင်းလဲ ပြင်ဆင်ပြီး တင်ကြတယ်။

ဘုရားပုံတွေကို မွမ်းမံ ပြုပြင် ပြင်ဆင်တင်ကြတယ်။ ကျောက်သားနဲ့ ထုဆစ်ကြတယ်။ ကောင်းပါရဲ့လား။ လုပ်အပ်ပါသလား။ ကုသိုလ်ဖြစ်ပါရဲ့လား။

ကိုယ်သဘောကျတဲ့ဆရာတော်တွေကို မော်ဒယ်တွေလို ပြင်ဆင်ပြီး အသားပေးထားတဲ့ပုံတွေ တွေ့တွေ့နေရတယ်။ ကောင်းပါရဲ့လား။ လုပ်အပ်ပါသလား။

နိုင်ငံရေးဆိုတာ ရုပ်ကြည့်ရတာမဟုတ်။ ဘာသာရေးဆိုတာ ရုပ်ကြည့်ရတာ မဟုတ်။ ဖေ့စ်ဘွတ်မှာသာလုပ်တဲ့ နိုင်ငံရေး။ ဖေ့စ်ဘွတ်မှာသာကိုးကွယ်တဲ့ ဘာသာရေး။ လေးနက်ပါသလား။ အဟုတ်မှတ်လို့လုပ်တာ အမြင်ကပ်ခံရတတ်တယ်။

စားကောင်းသောက်ဖွယ် မှန်ပေမဲ့ ကျန်းမာရေးသတိထားရတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး