ညောင်ကန်သူချက်တဲ့ နေ့လယ်စာ

ကုလားပဲခင်း ငရုတ်ခင်းမှာ တွဲစိုက်တဲ့ချဉ်ပေါင်တော့မဟုတ်။ တနှစ်စာ ထုပ်ပိုးသိမ်းထားတာ။ စမြိတ်နံနံမပါပေမဲ့ တဇွန်းသောက် တကြိမ်အနံ့ရတယ်။

စွန်တာနီပဲပြုတ်ကို ထမင်းနဲ့ ဆီးဆားဖြူး လူးနယ်ထားတယ်။ အလည်ပြန်တုန်းကပါလာတဲ့ ငါ့းရံ့ခြောက်ကို ကြက်သွန်နီနဲ့ ကြော်။

ဘိုဆန်တာ တခုတော့ပါတယ်။ ခရမ်ဘယ်ရီကို ခံသီးယောင်ဆောင်ပြီး ငရုတ်သီးနဲ့ ထောင်းထားတာ။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး