အကယ်ဒမီဆုရ သတ်ပုံမှန် ရုပ်ရှင်များ

၁၉၅၆ ခုနှစ် ယမ်းငွေ့တဝေဝေ
၁၉၆၄ ခုနှစ် ရင်ဝယ်တသိမ့်သိမ့်
၁၉၇၁ ခုနှစ် တကွေ့တကမ္ဘာ၊ တခြားကမ္ဘာကချစ်သူရယ်
၁၉၇၈ ခုနှစ် မှတပါးအခြားမရှိပြီ
၁၉၉၄ ခုနှစ် တပြည်သူမရွှေထား

ရင်ဝယ်တသိမ့်သိမ့်
(ဆို ရှုမဝစမ်းစမ်းအေး)

ရင်ဝယ်တသိမ့်သိမ့် ဖိုလှိုက်ကာအမြဲ အသည်းနှလုံးဝယ် ကိုင်ကာစွဲလှုပ်သလိုကွယ် တထိတ်ထိတ်နဲ့တကယ် တွေ့ကြုံကာရယ် ခင်မင်အဆင့်ဆင့် အချစ်ရေ စိမ့်စိမ့်အေး အေးမြဖွယ် ယိုကာစီး အသည်းစုံမယ် မငြီးတမ်းအချစ်ကွယ် မေတ္တာကကြွယ်

ရင်ဝယ်တသိမ့်သိမ့် ဖိုလှိုက်ကာအမြဲ အသည်းနှလုံးဝယ် ကိုင်ကာစွဲလှုပ်သလိုကွယ် တထိတ်ထိတ်နဲ့တကယ် တွေ့ကြုံရတယ် ဝေဟင်ကုန်ခရီးဝယ် လေယာဉ်စီးသလို ဘဝင်ခုန်မနားလို အလိုလိုကြောက်ရွံဖွယ်

ရင်ဝယ်တသိမ့်သိမ့် ရင်ဝယ်တသိမ့်သိမ့်

ကျွန်တော်ကတော့ မြန်မာစာအကယ်ဒမီဆုပါ ပေးချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး