Hard-Boiled Egg Vs Fried Egg ကြက်ဥကြော်နဲ့ ကြက်ဥပြုတ်

မနက်က ကောဖီနဲ့ ကြက်ဥကြော်ပန်းကန်လာတာကို ပုံတော့ရိုက်ထားလိုက်ပြီး မသုံးခဲ့ရပါ။ ကနေ့ မေးတာတွေ များတယ်။ အခုမှသာ ပုံနဲ့ဆိုင်တာလေး ရေးပါမယ်။

• ကျက်အောင်ပြုတ်ထားတဲ့ကြက်ဥပြုတ်မှာ ၇၇ ကယ်လိုရီပါတယ်။ ပြည့်ဝဆီ ၅ ဂရမ်ရမယ်။
• ကြက်ဥကြော်ကနေ ၉ဝ ကယ်လိုရီရတယ်။ ပြည့်ဝဆီ ၂ ဂရမ်ရမယ်။
• ကြက်ဥကြော်ကို ဟင်းသီးဟင်ရွက်ဆီနဲ့ကြော်ထားရင် အဆီ ၇ ဂရမ်ရမယ်။ ပြည့်ဝဆီ ၂ ဂရမ်ပါမယ်။
• ကြက်ဥကြော်ရော ကြက်ဥပြုတ်ရောကနေ ပရိုတင်း ၆ ဂရမ်ရမယ်။
• ကြက်ဥကြော်မှာ သံဓါတ်နည်းနည်းလေးပိုပါတယ်။ တနေ့တာ ကယ်လိုရီ ၂ဝဝဝ လိုသူအတွက် လိုအပ်ချက်ရဲ့ ၅% ဖြစ်တယ်။ အပြုတ်ကနေ ၃% ရမယ်။
• နှစ်မျိုးလုံးကနေ ကယ်လ်စီယမ်အတွက် RDA ၂-၃% ရမယ်။ ဖေါ့စ်ဖါးရပ်စ် ၁ဝ% ရမယ်။ ဗီတာမင် ဘီ ၂ ဓါတ် ၁၄% နဲ့ ဘီ ၁၂ ဓါတ် ၁၁% ရမယ်။ ဆယ်လင်နီယမ် ၂၂% ရမယ်။
• ကြက်ဥတလုံးမှာ ကိုလက်စထော ၂၁ဝ မီလီဂရမ်ပါတယ်။ ကြော်တာ ပြုတ်တာမှာ မထူးခြားပါ။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး