စာဖတ်ခန်း ရပ်နားခြင်း

တခါတခါ ကဗျာလို့ခေါ်တဲ့စာတွေဖတ်ရ
သက်တံပေါ်ရောက်လိုက်ရ၊ ငရဲကြီးရှစ်ထပ်အောက်ကျလိုက်ရ
လူ့မလိုင်ဖြစ်လိုက်ရ၊ ခြင်းတောင်းထဲစွန့်လိုက်တဲ့လက်ဖက်ခြောက်ဖတ်ဖြစ်လိုက်ရ
ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်လိုက်ရ၊ ပုစွန်ဆိပ်ခေါင်းဖြစ်လိုက်ရ။

စာဖတ်ခန်း ရပ်
ရသ ပါပါ မပါပါ
ကဗျာထဲက ထွက်
သံသရာဝဲ ဆက်။

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၇
၂၄-၁၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ