ပန်းချီဆွဲခဲ့စဉ်က

အချိန်ရတုန်း သူများတင်ထားတာတွေ လိုက်ဖတ်ပါတယ်။ သတ်ပုံမှန်လို့ တခုကို မျက်စိကျမိတယ်။

တနေ့တော့ ကုန်တင်ကားပေါ်က ဆန်အိတ်တွေကို တအိတ်ပြီးတအိတ် ဆန်ဆိုင်ထဲ သယ်ပေးနေတဲ့ မဲကြီးကို တွေ့လိုက်မိပါတယ်။မဲကြီးက ပုဆိုးစ တဘက်ကို နောက်ပြန်ခေါင်းပတ်ချည်ထားပြီး ကျန်တဘက်ကို သူ့ကျောပေါ် ခင်းထားပါတယ်။ ပုဆိုးဖြန့်ခင်းထားတဲ့ကျောပေါ် ဆန်အိပ်ကိုတင် နဖူးကချွေး ဒီးဒီးကျပြီး တပင်တပန်း ဆိုင်ထဲ သယ်ပို့ပေးနေချိန်ဖြစ်ပါတယ်။

အဲတာ သူငယ်ချင်းဆရာဝန်တယောက်က တင်ထားတဲ့ ဘာသာပြန်စာတပုဒ်။ သူက မန္တလေးမှာ ကျွန်တော်က မုံရွာမှာ မြန်မာစာသင်ခဲ့တာပါ။

ကျွန်တော်က ငယ်ငယ်ကပုံဆွဲတယ်။ တခါက မဂ္ဂဇင်းတခုထဲက ဆန်အိတ်ထမ်းနေတဲ့ ယောက်ျားကြီးတယောက်ပုံ ကူးဆွဲတာကို အမှတ်ရမိတယ်။ ဆိပ်ကမ်းတခုမှာ။ အနီးနဲ့ အဝေး အရောင်မတူတဲ့ဆွဲနည်းပါတယ်။ ပန်းချီကားကို ကြည့်တဲ့သူကို အာရုံစိုက်စေအောင် အရောင်နဲ့ အသားပေးဆွဲနည်းလည်းပါတယ်။

အခုတော စာဖတ်ရင် သတ်ပုံကို အာရုံစိုက်ပါတယ်။ ကျွန်တော်နဲ့ ဝေးသူတွေက သတ်ပုံပိုမှားကြတယ်။

မြန်မာပန်းချီဆရာတွေရေးဆွဲတဲ့ သင့်တော်တဲ့ပုံရှာမရှလို့ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၀-၁၁-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ