ဦးပေါ်ဦး နှင့် ခုံတော်မောင်ကျဘမ်း

မေးခွန်းလေးတခု မေးပါရစေဆရာ ကျန်းမာရေးနဲ့မပတ်သက်ပါ။ ခုံတော်မောင်ကျဘမ်းနဲ့ အမတ်ကြီး ဦးပေါ်ဦး တကယ်ရှိခဲ့ပါသလား ကျနော်သိရသလောက် တကယ်မရှိဘူးထင်မိပါတယ်။

အမတ်ကြီး ဦးပေါ်ဦးဟာ ၁၁၂၁ မှာမွေးဖွါးပြီး ၁၂၀၀ မှာကွယ်လွန်ခဲ့ပါတယ်။ ရွှေဘိုခရိုင်၊ တံဆည်ရွာသားဖြစ်တယ်။ ဘိုးတော်မင်းလက်ထက်ကစပြီး မင်း ၃ ဆက်မှာ အမှုတော်ထမ်းခဲ့တယ်။

မဟာမောသ၊ စောရတပိုင်း၊ မောင်လူဝိုင်း၏ အဆိုသည်၊ ယွင်းယိုဖောက်ပြန်၊ မမှန်အချက့့် လို့ ဘိုးတော်ဦးဝိုင်းကို တရားရှုံးထား စီရင်ချက်ချခဲ့တယ်။

ခုံတော်မောင်ကျဘမ်းဟာ ၈၂ဝ ခုနှစ်မှာ ပုဂံပြည်မှာမွေးတယ်။ တရံရောအခါ မောင်ကျဘမ်းသည် တရားခုံရုံးပေါ်တွင် မိမိ၏ဂုဏ်ပုဒ်ကိုဖေါ်၍ ကိုယ်ရည်သွေး စာတပုဒ်ကို ရုတ်ချည်းဆိုလိုက်သည်မှာ

တိတ်လည်း လေးတန်၊ ဗျာဒိတ်ခံသည်၊ နေရပ်မှာ ပြည်ရွှေဂံ၊ အမိမယ်နှင်းဇံ၊ ရှေ့နေတွင် ဘက်မစံ၊ ကျော်စောသူ ငါမောင်ကြံ၊ ဘုရားမှာ ကကုသန် လို့ စပ်ဆိုလိုက်တယ်။

အခုစာတွေကို မြန်မာ့စွယ်စုံကျမ်း အတွဲ ၂ နဲ့ ၆ တို့ကနေ သတ်ပုံတွေမပြင်ပဲ ကူးရိုက်တာဖြစ်ပါတယ်။ စောရတစ်ပိုင်း မဟုတ်ပါ။ တစ်ရံရောအခါ မဟုတ်ပါ။ စာတစ်ပုဒ် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး