Not by chance ကံတရား ဆန်းပြား၏
ငယ်တုန်းက စိတ်ကူးတွေ၊ ပုံထဲမှာ ရုပ်ရှင်ထဲမှာ မြင်ဘူးတာတွေ၊ အိပ်မက်ထူးထဲက အရူးအမူးဖြစ်တာတွေဟာ ဖြစ်မလာဘူးလို့ မှတ်ထင်မထားသင့်ပါ။ အမှတ်မထင်ဖြစ်ဖြစ် တကယ်ဖြစ်လာနိုင်ပါတယ်။
ခြေမှာဗွေမပေါက်တဲ့သူတယောက် ဟိုနိုင်ငံ သည်တိုင်းပြည်တွေ ရောက်သွားလိုက်တာ မရေတွက်နိုင်တော့ပါ။
ပူအိုက်ခြောက်သွေ့လှတဲ့ အညာတောမှာမွေးခဲ့တဲ့ကျွန်တော် နှင်းတွေရေခဲတွေဆိုတာ စိတ်ကူးထဲမှာ မပါခဲ့ဘူးပါ။
ကြိုးစားလို့ဖြစ်လာနိုင်သလို အကြောင်းအားလျှော်စွာလည်း ဖြစ်လာနိုင်တယ်။ အဲတာကို ကံတရားလို့ခေါ်ပါသတဲ့။ မြန်မာပြည်သူတွေ ကံကောင်းကြပါစေ။ ကြိုးစားအားထုတ်ကြပါလေ။
ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၈
ဦးမျိုးမြင့်ရိုက်ပေးတဲ့ ကျွန်တော်တို့ နေခဲ့ရတဲ့အနားက ၁၇-၁၁-၂ဝ၁၄ နေ့ကပုံ

Comments
Post a Comment