RASU ရာဇူး

သိချင်တာလေးတခုလောက် မေးခွင့်ပြုပါဆရာ။ အဆိုတော်ကိုင်ဇာရဲ့ ရာဇူးကမမဆိုတဲ့သီချင်းထဲက ရာဇူးဆိုတာ ရန်ကုန်တက္ကသိုလ်ရဲ့ ဘယ်နေရာကို ရည်ညွှန်းတာလဲဆိုတာ သိချင်လို့ပါဆရာ။ လေးစားစွာဖြင့်။

Rangoon Arts and Science University (RASU) ရာဇူးလို့ အသံထွက်ကိုယူတယ်။ ရန်ကုန်တက္ကသိုလ်ကြီးတခုလုံးကို ဆိုလိုတာ။

မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကို Mandalay Arts and Science University (MASU) မာဇူးလို့ ခေါ်ကြတယ်။

ဆေးတက္ကသိုလ်တွေကိုတော့ အမ်စီ-ဝမ်း ဆေး (၁)၊ အမ်စီ-တူး ဆေး (၂) နဲ့ အိုင်အမ်အမ် ဆေးမန်းလို့သာခေါ်ကြတယ်။

အဲလိုအခေါ်က စာတွေ ကဗျာတွေ သီချင်းတွေမှာသာမက ဘောလုံးပွဲ အားကစားပွဲတွေမှာ အော်ပြီးအားပေးခဲ့ကြပါတယ်။

ခုခေတ်မှာ စသံ ဆသံ ဇသံ မကွဲကြသူတွေများနေတယ်။ အဲဒီတက္ကသိုလ်တွေကို အသံစူးနေအောင်အော်ကြပေမဲ့ ရာစူး၊ မာစူးလို့ မထွက်ပါ။ တက္ကသိုလ်တွေ ပညာထွက်မှန်ပြီး ကျောင်းထွက်တွေ အသံထွက်မှန်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၇
၂၄-၁၁-၂ဝ၁၈

Comments