Posts

Showing posts from November, 2015

သမ္မတ၊ တပ်ချုပ်တို့နဲ့ ဒေါ်စုတွေ့ဆုံမှု မျှော်လင့်ချက်

Image
VOA ကိုဉာဏ်ဝင်းအောင် 01.12.2015 08:10 အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပါအရင် သူတို့ သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီးဒီဇင်ဘာလ ၂ရက်နေ့မှာ တွေ့ဆုံသွားဖို့ တုန့်ပြန်လိုက်တာဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ကြိုဆိုလိုက်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ နိုင်ငံတော် သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြည်ထောင်စု လွှတ်တော် ဥက္ကဌနဲ့ပါ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံလိုကြောင်း အနိုင်ရ NLDပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ သီးသန့်စီ စာရေးသား ပေးပို့ခဲ့တာပါ။ သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးဆုံး သွားချိန် ဒီဇင်ဘာ လကုန် ပိုင်းလောက်မှ တွေ့ဆုံနိုင်လိမ့်မယ်လို့ အစောပိုင်းမှာ အကြောင်း ပြန်ကြားထား တာပါ။ ဒါပေမယ့် ဒီဇင်ဘာလ ၂ ရက် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွ

Pregnancy selfies ကိုယ်ဝန်ဆောင်ဓါတ်ပုံ

Image
ဆရာ ကိုယ်ဝန်ဆောင်နေတုန်း ဓါတ်ပုံမရိုက်ကောင်းဘူးလို့ လူကြီးတွေပြောတာ ကြားဖူးနေလို့ပါဆရာ။ ဓါတ်ပုံရိုက်တာ ကလေးကို ဘာတွေထိခိုက်စေနိုင်ပါသလည်းဆရာ။ ဒီလိုမေးခွန်းကို အရင်ဆရာဝန်တွေကမဖြေရဘူးပါ။ ကင်မရာနဲ့တွဲထားတဲ့ဖုန်းတွေပေါ်လာမှာ ဒီအမေးပါပေါ်လာတယ်။ ဖုန်နဲ့အတူကင်မရာပေါ်တဲ့သမိုင်းက ၁၉၉ဝ ကျော်ကနေစတယ်။ (ကင်နွန်) ကနေ ၁၉၉၇ မှာစသုံးလာတယ်။ ကယ်လီဖိုးနီးယားမှာနေတဲ့ နည်းပညာတီထွင်သူပညာရှင် Philippe Kahn (ဖိလစ် ခန်း) ကနေ ၁၁-၆-၁၉၉၇ နေ့မှာ သူ့သမီးလေးမွေးလာတာကို ချက်ချင်းဖုန်းကင်မရာနဲ့ရိုက်ပြီး လူ ၂ဝဝဝ ကျော်ဆီကို ရှယ်လိုက်တယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ ဓါတ်ပုံရိုက်တာ စိုးရိမ်စရာမရှိပါ။ အရင်ပေါ်ကင်မရာတွေမှာ သဘာဝအလင်းရောင်သာ သုံးတယ်။ ဓါတ်ရောင်ခြည်မပါ၊ အသံလှိုင်းမပါ၊ လျှပ်စစ်မပါ။ ခေတ်ပေါ် ကင်မရာ၊ ဖုန်းနဲ့တွဲထားတဲ့ ကင်မရာတွေကလဲ ဒစ်ဂျယ်တယ်လ်နည်းသာသုံးတယ်။ အာလ်ထွာဆောင်းလည်း စိုးရိမ်စရာမရှိပါ။ ဓါတ်မှန်မဟုတ်ရင် ဘာမှမဖြစ်ပါ။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၄

Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁)

Image
ကျွန်မ အသက် ၃၇ အိမ်ထောင်ရှိပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက လင်ယောက်ျား ပွေရှုပ်လို့ပါလားရှင့်သိပါရစေ။ ကျွန်မ ဆီးလမ်းကြောင်းပိုးဝင်ပါတယ်။ ဆီးထဲက သွေးတွေလဲသွားပါတယ်။ သွေးဖတ်လေးတွေလဲပါပါတယ်။ အောင့်လဲ အောင့်ပါတယ်။ ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။ ဆီးအိမ်ပိုးဝင်ခြင်းလက္ခဏာများ = ဆီးသွားတိုင်း ပူပြီးနာမယ်။ ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။ ဆီးစပ်၊ ဗိုက်အောက်ပိုင်းနေရာက နာမယ်။ ဆီးထဲအနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။ ဆီးထဲသွေးလဲပါတတ်တယ်။ ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ = ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။ ကိုယ်ပူမယ်။ ချမ်းမယ်။ ပျို့ချင်-အန်ချင်မယ်။ ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။ တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။ ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံး

Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂)

Image
ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။ ဆီးအိမ်ပိုးဝင်ခြင်း လက္ခဏာများ • ဆီးသွားတိုင်း ပူပြီး နာမယ်။ • ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။ • ဆီးစပ် ဗိုက်အောက်ပိုင်းနေရာက နာမယ်။ • ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။ • ဆီးထဲ သွေးလဲပါတတ်တယ်။ • တချို့မှာ အဲလိုဟာတွေ မခံစားရဘူး။ ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ • ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။ • ကိုယ်ပူမယ်။ ချမ်းမယ်။ • ပျို့ချင်-အန်ချင်မယ်။ • ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။ ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ • ကိုယ်ဝန်ဆောင်၊ • အသက်ကြီးသူ၊ • ဆီးချိုရှိသူ၊ • ကျောက်ကပ်ရောဂါရှိထားသူ၊ • ခုခံအား မကောင်းသူ။ တခြားရောဂါတွေလဲ ဖြစ်နိုင်တယ်။ • (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ဥပမာ - ၁။ Chlamydia (ကလာမိုင်ဒီယား)

Aye Clinic အေးဆေးတိုက်

Image
(လွန်ခဲ့တဲ့တနှစ်တိတိကတင်တဲ့စာ) • သည်နေရာ ဝရံတာမှာ လူနာစာအုပ်လေးတွေ အစီအစဉ်နဲ့တင်၊ ဆေးတွေလဲပြင်ပြင်ဆင်ဆင်၊ • အထဲကုတင် စမ်းသပ်နေတဲ့လူနာတွေတင်၊ • လာသမျှ ကုသပေးခဲ့တဲ့ ဆရာဝန်။ • ဆေးခန်းကို ဦးစီးဆောက်ပေးတဲ့သူငယ်ချင်း လေဖြတ်နေတယ်လို့ မကြားချင်တဲ့သတင်းလည်းဝင်၊ • ဆေးခန်းမှာ လာကူပေးနေခဲ့တဲ့နှမ လူ့လောကကိုစွန့်ခွါသွားတဲ့သတင်းကအရင်။ • ဆေးတွေပျယ်နေတဲ့ဆေးခန်း ဆေးစွမ်းမထင်၊ • ရေမန်းတောင်မပေးသာလို့ လေမန်းနဲ့ကုသနိုင်တဲ့ ဆေးပညာကိုငါသင်ယူချင်။ ။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၁-၂ဝ၁၄

Old teaches all things အိုရ ပြိုမကျ

Image
Myat Thu ကြာရင်ပြိုကျတော့မယ်နော် ခေါင်မိုး ဟင်းလင်း အခင်း ခြစာ အကာ ဗလာ ပနက်ရာ မပျောက် ဥပဒေကဲသို့အာဏာတည်သောအမိန့်နဲ့ဖျောက် ခေါင်တိုင်နတ်အုန်းက စောင့်ရှောက် ရာသီရောက်ရင် မှိုပေါက်၊ မျှစ်စို့ပေါက် But time growing old teaches all things. (Aeschylus) ဒါပေမယ့် အိုမင်းလာခြင်းကနေ အရာရာကိုသင်ပေးခဲ့ပြီ။ (ဂရိပညာရှင် အက်စ်ချိလပ်စ်) ဒေါက်တာတင့်ဆွေ ၃ဝ-၁၁-၂ဝ၁၅ Photo by Nay LA

Old is not sold အဟောင်းကိုသန့်ရှင်းပေးခြင်း

Image
ကျွန်တော်အိမ်လေးမှာလည်း အမှိုက်ကောက်ပေးထားပြီးပြီ။ ပုလဲကလူငယ်လူရွယ်တွေကနေလုပ်ပေးကြတာပါ။ အဲ့ (ကြွားလိုက်ရအုံးမယ်) ဒေါ်စုမပြောခင်ကတည်းကလုပ်ကြတာ။ Smile ဒေါက်တာတင့်ဆွေ ၃ဝ-၁၁-၂ဝ၁၅ Photo by Nay LA at 4 PM local time

Colombo Plan ကိုလံဘိုစီမံကိန်း

Image
အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေ စီးပွါးရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအတွက်ဖွဲ့ထားတာဖြစ်တယ်။ လူသားရင်းမြစ်ဖွံ့ဖြိုးရေးက အဓိကကျတယ်။ ၁၉၄၉ ခုနှစ် တရုပ်ပြည်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Kavalam Madhava Panikkar (ကာဗာလမ် မဒ်ဒါဘာ ပါနီကာ) ကနေ စပြီးအဆိုပြုခဲ့တာဖြစ်တယ်။ ကွန်မြူနစ်ကိုတွန်းလှံခုခံနေကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ကူညီဘို့ရည်ရွယ်တယ်။ အမေရကန်ကနေ အကူအညီတွေရဘို့လည်းဖြစ်တယ်။ သီရိလင်္ကာနိုင်ငံ ကိုလန်ဘိုမှာကျင်းပတဲ့ ၁၉၅ဝ ဗြိတိသျှဓနသဟာယအသည်းအဝေးကနေစတင်တယ်။ ၆ နှစ်တာလို့ခန့်မှန်းပေမယ့် ၁၉၈ဝ အထိခဏခဏထပ်တိုးခဲ့တယ်။ ဒိနောက်တော့ ကာလသတ်မှတ်မှုမထားတော့ဘူး။ Colombo Plan for Cooperative Economic Development in South and Southeast Asia လို့စပြီးခေါ်တွင်တယ်။ Australia, Britain, Canada, Ceylon, India, New Zealand and Pakistan နိုင်ငံတွေပါတယ်။ ဆိုရင်အဖွဲ့အစည်း ၂၇ ခုလည်းပါသေးတယ်။ The Colombo Plan for Cooperative Economic and Social Development in Asia and the Pacific လို့နာမည်ပြောင်းလာတယ်။ လုပ်ဆောင်နေတာတွေကတော့ - Long-Term Scholarships Programme စကောလားရှစ်အစီအစဉ်၊ Drug Advisory Program

Rebellion သူပုန်

Image
အရင်ကတော့ သပိတ်စုံ သူပုန်ထတဲ့။ အခုတော့ အမှိုက်ပုံ သူပုန်ထနေတယ်။ အစိုးရကိုတိုက်မှ သူပုန်မဟုတ်ပါ။ အစိုးရချထားတဲ့အမှိုက် ကောက်ကြတာလည်း သူပုန်ထတာပဲ။ ဒီသူပုန်ကမှ အစိုးရကိုချပြစ်နိုင်တယ်။  ဒေါက်တာတင့်ဆွေ ၃ဝ-၁၁-၂ဝ၁၅

Dos and Don'ts သိပါပြီ

Image
၁။ အရှင်သိရိန္ဒ ပုလဲ ဒကာကြီး ပြန်လာစေချင်တယ် ၂။ Saw Mya Thida ဆရာ့ကို ပြန်လာစေချင်ပါတယ်ရှင့် အရင်ပြောကြတုံးကတော့ ပြန်လာဘာလုပ်လို့စဉ်းစားနေကြောင်း ဖြေခဲ့ပါတယ်။ အခုတော့ သိပါပြီ။ အမှိုက်ကောက်ဖို့နဲ့ အမှိုက်မပြစ်ဖို့ပေါ့။ Smile! ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၅

Gang and Garbage အမိုက်နဲ့ အမှိုက်

Image
အမှိုက်တစကနေ နောက်အမှိုက်တွေကိုပါ ဖိတ်ခေါ်တယ်။ ၆၂ အမှိုက်ပုံနောက် ၈၈ မှာထပ်လိုက်တော့ အမိုက်တိုက်ဖြစ်ရော့။ အမှိုက်ရှင်းဘို့အရေးတွေးပြီး မဲပေးခဲ့ကြတယ်။ အမှိုက်ကောက်ခွင့်ရရေး မဲပေးခဲ့ကြတယ်။ အမှိုက်မှန် တစမကျန်စေနဲ့၊ အမိုက်သမားကို အမြိုက်တရားလည်းဟောကြ။ လမ်းရှင်းမှ သွားလို့လာလို့ကောင်းတယ်။ အာဃာတမထား၊ သူ့လမ်းသူသွားပေစေ။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၅

TWO နှစ်

Image
ဒီဇင်္ဘာ နှစ်ရက်နေ့မှာ နှစ်ယောက်နဲ့တွေ့မယ်။ နှစ်ဘာသာဖြေရမယ်ပေါ့။ နှစ်ချင်းပေါက်အောင်မှာတော့ သေချာတယ်။ တိုင်းပြည်အတွက် နှစ်နှစ်ကာကာကောင်းစေဘို့ရာ ပြောဆိုဆွေးနွေးကြမှာပါ။ လူတွေလည်း နှစ်ခြိုက်ကြမယ်၊ နှစ်မြို့ကြမယ်၊ နှစ်လိုကြမယ်၊ နှစ်ထောင်းအားရရှိကြမယ်ထင်ပါတယ်။ နှစ်ချို့တွေ၊ နှစ်ပရိစ္ဆေဒရှည်ကြာနေတဲ့ဟာတွေကလည်း အများသားမဟုတ်လား။ နှစ်သိမ့်စကားသာ မဟုတ်ပါ။ နှစ်ကုန်ရင်တော့ အောင်စာရင်းထွက်ပြီပေါ့။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၅

Litter အမှိုက်

Image
ဆရာရေမင်္ဂလာရှိသေနေ့သစ်ပါ။ မြန်မာပြည်မှာတော့ အမေစုက ကိုယ်စားလှယ်တွေကို အမှိုက်ကောက်ကြလို့ပြောကာရှိသေး ဝန်းရံပြည်သူတွေကပါ အမှိုက်တွေကောက်နေကြပြီ။ သမီးတောင် လမ်းထွက်အမှိုက်မကောက်ဖြစ်ပေမဲ့ ကိုယ့်အိမ်ထဲအကုန်သန့်ရှင်းရေးတွေလုပ်။ အိပ်ယာထတော့လည်း ခါတိုင်းထက်အိပ်ယာစနစ်တကျပြန်သိမ်း။ အိမ်သန့်ရှင်းရေးဦးစားပေးနေတယ်ဆရာရေ။ အမေ့စကား တယ်တန်ခိုးကြီးပါလား။ ဆရာပြန်လာဖို့လည်းမျှော်လင့်တယ်။ ဟုတ်ပ။ မျှော်လင့်ချက်မဲ့နေရာကနေ ရှိလာပြီ။ ကောင်းတယ်။ တိုင်းပြည်အတွက်၊ ကွန်မြူနတီအတွက်၊ အနည်းဆုံး ကိုယ်ကိုယ်တိုင် ပိုကောင်းအောင်လုပ်ကြရင် တိုင်းပြည်ပါတိုးတက်မယ်။ အမေရိကန်နမူနာ • အမှိုက်ကနေ အမှိုက်ကို ဖိတ်ခေါ်နေတယ်။ • လမ်းဘေးအမှိုက် အစအနပေါင်း တနှစ်တနှစ် ၅၁ ဘီလီယန် ရှိတယ်။ ၄၆့၆ ဘီလီယန်က ၄ လက္မထက် သေးငယ်တယ်။ တမိုင်အရှည် ဆန့်ကြည့်လိုက်ရင် အမှိုက်စပေါင်း ၆၇၂၉ ခုရှိမယ်။ • အမှိုက်သိမ်းရတဲ့တန်ဘိုး တနှစ်မှာ ဒေါ်လာ ၁၁့၅ ဘီလီယန်ကုန်ကျတယ်။ စီးပွါးရေးလုပ်ငန်းတွေက ပေးဆောင်ရတာ ၉့၁ ဘီလီယန်နဲ့ ကျန်တာကို အစိုးရ၊ ကျောင်းနဲ့ အဖွဲ့အစည်းတွေက ပေးကြရတယ်။ • ကွန်မြူနတီခေါ်တဲ့ လူမှုအစုအဝေးတွေရဲ့ စီးပွါးရေးအရည်အသွေးနဲ့ လူနေမှုဘဝကို နိမ့်ကျစေတယ်။ ၂ဝဝ၉ ခ

ODA ဂျပန် အိုဒီအေ

Image
ဂျပန်ကနေပေးနေတဲ့ Official Development Assistance (ODA) တရားဝင်ဖွံ့ဖြိုးမှုအကူအညီနဲ့ စစ်လျော်ကြေးမတူပါ။ ODA ကို ချမ်းသာတဲ့ နိုင်ငံတွေကနေ အကူအညီပေးတာဖြစ်တယ်။ ၁၉၅၄ ကနေစခဲ့တယ်။ အဲတာကလည်း ဂျပန်ကနေ ကိုလံဘီုမံကိန်း လက်မှတ်ထိုးပြီးဖြစ်တယ်။ ၂ဝဝ၃ စာရင်းအရ ODA အကူအညီတန်ဖိုး စုစုပေါင်း ဒေါ်လာ ၂၂၁ ဘီလီယန် ရှိတယ်။ Organisation for Economic Co-operation and Development (OECD) စီးပွါးရေးနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်း လုပ်ဆောင်ရေးအသင်းကြီးကနေ လုပ်တာဖြစ်တယ်။ ၂၈ နိုင်ငံပါတယ်။ • အီးယူ European Union – $86.66 billion • ယူအက်စ် United States – $31.55 billion • ယူကေ United Kingdom – $17.88 billion • ဂျာမဏီ Germany – $14.06 billion • ဂျပန် Japan – $11.79 billion • ပြင်သစ် France – $11.38 billion • ဆွီဒင် Sweden – $5.83 billion • နော်ဝေ Norway – $5.58 billion • နယ်သာလင် Netherlands – $5.44 billion • ကနေဒါ Canada – $4.91 billion • သြစတေးလျ Australia – $4.85 billion လက်ခံရှိတဲ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံရှိတယ်။ မြန်မာပြည်ပါတယ်။ ၁၉၈၈ အရေးအခင်းကြီးနဲ့ စစ်အစိုးရတွေကနေ လူ့အခွင့်အရေးချိုးဖေါက်မှု

British Commonwealth ဗြိတိသျှဓနသဟာယအသင်း

Image
Aye Kyaw Kyaw ဂျပန်က မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်မှာပဲ ဝင်သောင်းကြမ်းသွားတာကို စစ်လျော်ကြေးပေးတယ်။ အင်္ဂလန်က နှစ် ၁ဝဝ မြန်မာပြည်ကို ကျွန်ပြုသွားတာ ဘာဖြစ်လို့ စစ်လျော်ကြေးမပေးတာလည်းဆိုတာ ဆရာသိရင် ပြောပြပါခင်ဗျာ။ Dr. Tint Swe ကိုလိုနီလျော်ကြေးဆိုတာမရှိပါ။ ဒါပေမယ့် ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရတဲ့နိုင်ငံတွေကို ဗြိတိသျှဓနသဟာယအသင်းဖွဲ့ပြီး ကူညီတယ်။ စစ်လျော်ကြေးဆိုတာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတော့ လက်နက်ချနိုင်ငံကနေ ပေးဆပ်ဘို့ သဘောတူညီချက်အရ ပေးရတာဖြစ်ပါတယ်။ British Commonwealth ကို Commonwealth of Nations လို့လည်းခေါ်တယ်။ တချိန်က ဗြိတိသျှအင်ပါယာကနေ လွတ်လပ်ရေးရတဲ့နိုင်ငံတွေဖြစ်ကြတယ်။ London Declaration 1949 လန်ဒန်ကြေညာချက် ၁၉၄၉ အရဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဗြိတိသျှအစိုးရကြားမှာ ဥပဒေအရ ဆက်စပ်မှုမရှိကြပါ။ ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းကြောင်း၊ ဒီမိုကရေစီတန်ဖိုး၊ လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးမှုတွေမှာတော့ ညီညွတ်မှု သဘောဆောင်တယ်။ Commonwealth Games အားကစားပွဲကြီးကို ၄ နှစ်တကြိမ်ကျင်းပတယ်။ ဗြိတိသျှဘုရင်မကြီးက Head of the Commonwealth ဥသျှောင်ဖြစ်တယ်။ အဖွဲ့ဝင်အစိုးရခေါင်းဆောင်တွေ အစည်းအေ

War Reparations from Japan ဂျပန်စစ်လျှော်ကြေး

Image
Myo Aung Poso ဂျပန်က မြန်မာကို ကူညီထောက်ပံ့ခဲ့တဲ့သမိုင်း အရမ်းမှေးမှိန်နေပါတယ်။ Tint Swe ဂျပန်စစ်လျော်ကြေးထဲက ဟီးနိုးဘတ်စ်ကာတွေကို လူအများသုံးရတယ်။ ရန်ကုန်-မန်းတလေးပြေး ဘတ်စ်ကားလည်း ဟီးနိုးကားနဲ့စခဲ့တယ်။ နောက်တော့ စစ်သုံးဟီးနိုးကားတွေကို တွေ့လာရတယ်။ ကျန် ဂျပန်စစ်လျော်ကြေးတွေကတော့ မဆလ လူကြီးတွေပဲသိမယ်။ ဂျပန်ကနေ စစ်လျော်ကြေးအဖြစ် ၁၆ နိုင်ငံကိုပေးခဲ့တယ်။ 1. Micronesia မိုက်ခရိုနီးရှား 2. Myanmar မြန်မာ 3. Philippines ဖိလစ်ပိုင် 4. Indonesia အင်ဒိုနီးရှား 5. Laos လာအို 6. Cambodia ကမ်ဘောဒီးယား 7. Vietnam ဗီယက်နမ် 8. Korea ကိုရီးယား 9. Malaysia မလေးရှား 10. Thailand ထိုင်း 11. Taiwan တိုင်ဝမ် 12. Singapore စင်္ကာပူ 13. Holland ဟော်လန် 14. Switzerland ဆွစ်ဇာလန် 15. Denmark ဒိန်းမတ် 16. Sweden ဆွီဒင် မြန်မာပြည်က ပဌမဆုံးသဘောတူညီမှုရတဲ့နိုင်ငံဖြစ်တယ်။ Myanmar 1955, 1963 72 billion indemnity 50.4 billion grant 18 billion Loans 10.8 billion Loans ပေးအပ်ခဲ့ပါတယ်။ မြန်မာပြည်ကို ၁၉၅၅-၁၉၆၃ အတွင်း စုစုပေါင်း ဂျပန်ယန်းငွေ ဘီလီယန် ၉ဝ ပေးတယ်။ အဲတာက ဂျပန်ဘတ်ဂျက်

Men in History သမိုင်းထဲကလူကြီးများ

Image
ဒါလည်း ၂ နှစ်တိတိကတင်တဲ့စာဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်စာအုပ်ဟာ သမိုင်းအထောက်အထား အားထားစရာလို့ ဗိုလ်နေဝင်းမြေးက ပြောသတဲ့။ (ဂဠုန်) ဦးစောတို့ (ဘူချာ) ဗိုလ်စိန်လွင်တို့ စာအုပ်ရေးမသွားနိုင်ကြတာ နာတာဘဲ။ (ဒီပဲယင်း) ဝန်ကြီးချုပ်ဗခကစိုးဝင်းနဲ့ (ဘုန်းကြီးဆရာ၊ လက်ပတ်နီတကာ) ဦးအောင်သောင်းတို့လည်း စင်္ကာပူမှာ စာချိန်ချိန်မရလိုက်ကြဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းရာသုကတိ လားကြပါစေ။ သမိုင်းကတော့ ကျန်ရစ်ကြသူတွေချည်းပါ။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၃

Half Nationalism တဖက်ပိတ်မျိုးချစ်

Image
ဒေါ်စုကို ဂျပန်ကဖိတ်ထားတယ်။ အခုဂျပန်ရောက်နေတဲ့ ဦးဥာဏ်ဝင်းက ဂျပန်ဆီကနေ နည်းပညာနဲ့ စည်းစံနစ် ရလိုကြောင်းပြောတယ်။ အရင်က Made in Japan ဂျပန်ပြည်မှာလုပ်သည်ဆိုတာ အရည်အသွေးညံ့တယ်။ အင်္ဂလန်ဖြစ်နဲ့ ဂျာမဏီဖြစ်မှ ကောင်းတာကို မြန်မာပြည်သားတွေကသိကြတယ်။ စက်ဘီးစီးရင် (ရာလေး) နဲ့ (ဟမ်းဘား) ပဲစီးကြတယ်။ (မဆလ) တက်လာတော့ ဥရောပကုန်တွေမသွင်းပဲ တရုပ်ပြည်ကနေသွင်းတယ်။ (ဂရိတ်ဝေါလ်) တရုပ်မဟာတံတိုင်း တံဆိပ် ခဲတန်တွေ ညံ့လိုက်တာ။ ဂျာမဏီ ခွေးမြီးတိုနဲ့ အစပ်မဟုတ်တာကို ၅ တန်း ၆ တန်းကျောင်းသားတိုင်းက သိကြတယ်။ ကနေ့တော့ Sony (ဆိုနီ) အမှတ်တံဆိပ်ပါ ကုန်တွေကို ဘယ်သူမှ လိုက်မမီတော့ပါ။ ဂျပန်ကထုတ်ပေမဲ့ ဂျပန်နာမည် ယူမထားတာကိုပြောချင်တာ။ စာအုပ်လေးဖတ်ဘူးတယ်။ (မာဆူရာ အိုင်ဘူကာ) ဟာ Tokyo Tsushin Kogyo နာမည်နဲ့ ကက်ဆက် ရီကော်ဒါတွေ စထုတ်တယ်။ ၁၉၅၈ မှာ Sony လို့ ပြောင်းလိုက်တယ်။ အင်္ဂလိပ်စာလုံးသုံးထားတယ်။ Sony နာမည်ဟာ လက်တင်လို Sonic နဲ့ Sound လို့ အဓိပ္ပါယ်ရတဲ့ Sonus ကနေလာတယ်။ Sonny လို့ လုပ်ရင်တော့ Boy လို့ အဓိပ္ပါယ်ရတယ်။ ဒုတိယကမ္ဘာစစ်မှာ အနုမြူဗုံးနှစ်လုံးကြဲခံရပေမဲ့ အင်္ဂလိပ်နဲ့ အမေရိကန်ကို အရမ်းကာရောမုန်းတီးပြီး၊ ဂျပန်မှဂျပန်လို

Cro-Media ခရိုမီ

Image
ဒေါ်အမာရာပြည့်ပွဲရက်မို့ အရင်က ဒေါ်အမာနာမည်ပါတဲ့စာလေးကိုပြန်တင်ပါရစေ။ မေးတဲ့သူက ဆရာ အစိုးရပိုင်မဟုတ်တဲ့ ရုပ်သံလွှင့်မီဒီယာဟာ ဘက်လိုက်မှုရှိသင့် မရှိသင့်။ ဟုတ့့် ဒေါ်အမာလို့ထင်ပါတယ်၊ ပြောဘူးတယ်မဟုတ်လား။ စာနယ်ဇင်း ဘက်မလိုက်ဘူးဆိုတာ လိမ်တာကွဲ့တဲ့။ ၁၉၄၈-၁၉၆၂ အတွင်းမှာ အဝါ၊ အနီ၊ အပြာခေတ်မို့၊ စာနယ်ဇင်းတွေက အရောင်တခုခုကို လိုက်ကြတယ်။ အစိုးရက ကွန်မြူနစ်ဆန့်ကျင်ရေးသာ ရေးတယ်။ ကနေ့ မြန်မာပြည်မှာ အာဏာရှိ (ရှင်) လား၊ အာဏာမဲ့လား ရွေးကြတယ်။ ပုဂ္ဂလိကလည်း မတူးဘူး။ ဟိုလိုလို သည်လိုလိုဆိုရင် ညံ့လို့။ ၂ဝ၁၅ ရွေးကောက်ပွဲနီးလာတော့ အရောင်တွေထွက်လာတယ်။ ရဲရဲတောက်တွေ။ ထူးခြားတာတခုက စိမ်းသင့်မှစိမ်း ဆိုတာလည်း တွေ့လိုက်ရသေးတယ်။ သတင်းရေးတာ၊ ရွေးတာမှာ ပညာပါရတယ်။ CNN, BBC, Times, Newsweek တွေအဆင့်အတန်းဟာ သိတဲ့အတိုင်းပဲ။ သူတို့လည်း ဘက်လိုက်တယ်။ ဒါပေမဲ့ အဆင့်ရှိတယ်။ အဆင့်ရှိပေမဲ့ Al Jazeera (အယ်လ်ဂျာဇီရာ) ကတော့ နာမည်နဲ့တင် ဘက်လိုက်တာသိသာပြီး၊ အာရတ်နဲ့ မွတ်ဆလင် ပရိတ်သတ်သာများတယ်။ သတင်းထောက်တွေကတော့ တော်တာပေါ့ ဘီဘီစီ၊ စီအင်အင်ကနေ ငွေပိုပေးခေါ်ခိုင်းထားတာကိုး။ မီဒီယာဆိုတာလည်း ငွေပဲ။ မြန်မာပြည်မှာက ပြည်ပနေရာကနေ အ

How to Swallow Bitter Medicine ဆေးခါးကို ဘယ်လိုသောက်မလည်း

Image
ဆေးအများစုဟာ အဝင်ဆိုးတယ်။ ခါးတယ်။ သည်အတိုင်သောက်လို့ခက်တယ်။ ပျို့အန်ထွက်မယ်။ မျိုမကျလောက်ဘူး။ သုတေသနလုပ်ထားတယ်။ ဘယ်မျိုးဗီဇကနေ အဲလိုဖြစ်စေသလည်း။ ကလေးတွေက ခါးတာကို ပိုပြီးမခံနိုင်ကြဘူး။ အဝင်သက်သာနည်းတွေသုံးရတယ်။ ဆေးပြားအပေါ်ယံမှာ သကြားအုပ်ထားရတယ်။ ဥပမာ ဖျူရာမင်ဘီစီ သံဓါတ်ဆေး၊ ဗီတာမင်ဘီဆေး။ ဆေးတောင့်လို့ခေါ်ကြတဲ့ ကက်ပစူးလ်ခေါ် အဖုံးထဲမှာဆေးမှုံ့ထည့်ပေးထားရတယ်။ ဥပမာ အမောက်ဆာဆလင်။ တက်ထရာဆိုက်ကလင်း။ ဆေးရည်ကို အချိုရည်ရောထားတယ်။ Syrup နာမည်ပါရင် အဲတာမျိုးပဲ။ ငှက်ဖျားဆေး Quinine (ကွီနင်း) ကို ဆေးခါးကြီးလို့ သတ်မှတ်ခဲ့ကြတယ်။ ငှက်ဖျားကို ရောဂါတွေရဲ့ဘုရင်လို့ တင်စားကြတယ်။ အလက်ဇန်းဒါးစစ်ဘုရင်လည်း အသက် ၃၃ နှစ်သာရှိသေပေမယ့်  ငှက်ဖျားနဲ့သေဆုံးခဲ့တယ်လို့ ယူဆရတယ်။ ဆေးခါးတာကို ဘယ်လိုမျိုမလည်းအတွက် အကြံပေးချက်တွေရှိပါတယ်။ ချိုတာတခုခုနဲ့ရောသောက်ပါ။ ဒါပေမယ့် ရောလို့ရ မရ ဆရာဝန်ကိုအရင်မေးပါ။ မြန်မာပြည်မှာက ပျားရည်သုံးတာအစဉ်အလာဖြစ်နေတယ်။ တချို့က ပျားရည်နဲ့ မတည့်ပါ။ သူများတွေဆီမှာ ဖျော်ရည် ဥပမာ စပျစ်သီးဖျော်ရည်သုံးကြတယ်။ ဆေးမသောက်ခင်နဲ့ ဆေးမျိုပြီးမှာ အချိုရည်သောက်ပါ။ ကာဗွန်ထည့်ထားတဲ့ ဥပမာ ကိုကာကိုလာနဲ့တေ

Prescription ငှက်ဖျားဆေး

Image
မိုးခါးရေမသောက်ဖို့ သတိပေးကြတယ်၊ သည်တခါတော့ ဆေးခါးကြီးသောက်ရလိမ့်မယ်၊ ဗူးခါးရေသောက်ဖူးသူတွေကတော့ မှုကြမှာမဟုတ်ပါ၊ ရေဗူးပေါက်တာမလိုဆိုသူတွေကတော့ ဘူးခံကြလိမ့်မယ်၊ ကြမ်းကြားလေနဲ့ နေကြရသူတွေအတွက် မနက်တပြား၊ ညတပြား၊ ငါးနှစ်စား၊ အများအတွက်သောက်ရတဲ့ဆေးခါး၊ သွားရော့ ငှက်ဖျား။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂ဝ၁၅

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်ထောင်စုစိတ်ဓာတ် (က)

Image
ရေးသားသူ = ဦးအေးသာအောင်၊ CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ အပိုင်း (က) ဤကမ္ဘာ၌ များစွာသော နိုင်ငံတို့သည် လူမျိုးအများအပြား ပါဝင်ပေါင်းစပ်လျက် ပြည်ထောင်စု နိုင်ငံတော်များကို ဖွဲ့စည်းခဲ့ကြ၏။ ဤသို့ ဖွဲ့စည်းခဲ့ကြသည့် ပြည်ထောင်စုများအနက် အချို့သော ပြည်ထောင်စုတို့၌ တန်းတူညီမျှသော အခြေခံဖြင့်ဖွဲ့စည်းကာ၊ အမျိုးသား အကျိုးစီးပွါးကို အညီအမျှပြု၍ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းလျက်ပင်ရှိကြ၏။ ပြဿနာကြီးငယ် ပေါ်ပေါက်သည်ကိုလည်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကာ ပြေငြိမ်းစေ၏။ အချို့သော ပြည်ထောင်စုများတွင်မူ အပေါ်စီးရနေသော၊ အင်အားကြီးသော၊ လူဦးရေအားဖြင့် များသောလူမျိုးများက လွဲမှားသော အမျိုးသားရေးဝါဒ ကို ကျင့်သုံးလျက် လွှမ်းမိုးအုပ်ချုပ်ကြ၏။ ပြည်ထောင်စုဖွဲ့ရာ၌လည်း မညီမျှသော အခွင့်အရေးများကို ပြဌာန်း ကျင့်သုံးကြ၏။ အချို့မှာမူညီမျှသော အခွင့်အရေးများကိုပင် ပြဌာန်းထားသော်လည်း၊ ထိုအခွင့်အရေးများကို ကျန်လူမျိုးများက မကျင့်သုံးနိုင်အောင် ဖိနှိပ်လွှမ်းမိုးထားကြ၏။ ထိုကြောင့် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ လူ့အခွင့် အရေးများတွင် မညီ

Bitter pills ဆေးခါးကြီး

Image
နားတော့မငြီးကြနဲ့ပေါ့ဗျာ။ VOA က နောက်တခုမေးလို့ ဖြေခွင့်ရပါသေးတယ်။ ဒေါ်စုကနေ အမတ်သစ်တွေကို စည်းကမ်းလမ်းညွှန်တွေချမှတ်တာက ကြမ်းလွန်းမနေဘူးလားတဲ့။ လိုက်နိုင်ကြပါ့မလားတဲ့။ ကျွန်တော်အမြင်က ရိုးရိုးဆေးကုမရလို့ ဓါတ်ကြမ်းတိုက်သလို မဟုတ်ပါ။ အမှန်တကယ်ပြောင်းလဲဘို့ဆိုတဲ့ မဲဆွယ်ကာလ စကားနဲ့အညီ အမတ်တွေကအစ ပြောင်းကြဘို့ပြောလိုက်တာဖြစ်တယ်။ တနည်းအားဖြင့် မြန်မာပြည်မှာ အဲလိုဆေးခါးကြီး တိုက်ဘို့လိုနေတယ်ဆိုတာကို ပြတာဖြစ်တယ်။ ၁ဝဝ% လိုက်နိုင်ကြမယ်လို့တော့ အာမမခံပေမယ့် အမတ်သစ်တွေအားလုံးဟာ အင်ပြည့်အားပြည့်လုပ်ကြမယ်လို့ တထစ်ချယုံကြည်ပါတယ်။ ဒါ့ပြင် နောက် ၅ နှစ်ဖြစ်ဖြစ်၊ ကြားဖြတ်ဖြစ်ဖြစ် အရွေးခံကြအုံးမယ့် အမတ်လောင်းတွေပါ ခုကတည်းက အိမ်စာလုပ်ကြဘို့ နှိုးဆောင်ချက်လို့ပါယူဆပါတယ်။ အိန္ဒိယနမူနာ အဆိုးတခုနဲ့ အကောင်းတခုကို ပေးပါရစေ။ ၂ဝ၁၄ အိန္ဒိယရွေးကောက်ပွဲမှာ မဲနဲ့တက်လာတဲ့ အမတ်သစ် ၃ ဦးမှာ ၁ ဦးက ရာဇဝတ်မှုမကင်းကြပါ။ ကျွန်တော်တို့လူတွေမှာက ၁ဝဝ% ကင်းကြတယ်။ ကောင်းတာတခုက အိန္ဒိယ ပါလီမန်အတွင်းဝန်ရုံးအောက်မှာ အမတ်သင်တန်းရှိတယ်။ မြန်မာပြည်မှာလည်း ရှိစေချင်တယ်။ NLD ပါတီက မဟုတ်သူတွေကိုပါ အကျိုးများစေပါမယ်။ အမတ်တွေမှာသာ အရည်အ

Colorado Springs shooting ကိုလိုရာဒိုပစ်ခတ်မှုနဲ့ ကိုယ်ဝန်ဖျက်တာ ဆိုင်သလား

အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုမှာ ဆေးရုံတခုကို သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူ ၃ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရသွားပါတယ်။ ဘာလို့အဲလိုပစ်သလည်း ခုထိမရှင်းလင်းသေးပါ။ Colorado Springs center ဟာ ကိုယ်ဝန်ဖျက်ချပေးနေတဲ့ဆေးရုံတခုဖြစ်နေပါတယ်။ ပစ်ခတ်မှုဟာ အဲဒီအချက်နဲ့ ဆက်နေ မနေတော့ မသိရသေးပါ။ သေနတ်သမား အသက် ၅၇ နှစ်ရှိတဲ့ (ရောဘတ် လူဝီ ဒီးယား) ကို ဖမ်းမိထားပါပြီ။ သူက အမှုတခုကိုလည်း ရင်ဆိုင်နေရသူဖြစ်ပါတယ်။ အဲဒီဆေးရုံရှေ့မှာ ကက်သလစ်တရားဟောဆရာက အပါတ်စဉ်လူစုလူဝေးနဲ့ ဆန္ဒပြသလိုတရားဟောလေ့ရှိပါတယ်။ သေနတ်သမားက အဲဒီလူစုထဲကတော့ မဟုတ်ပါ။ အမေရိကမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင်ပေးထားပါတယ်။ ဒါပေမယ့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်တာရော အယူအဆအမျိုးမျိုး လွတ်လပ်စွာရှိခွင့်လည်းပြုထားလို့ ကိုယ်ဝန်ဖျက်ချရေးမှာလည်း နေရာဒေသအလိုက် မတူကြပါ။ ၂၄-၁-၂ဝ၁၁ နေ့က လူတွေ ရာနဲ့ထောင်နဲ့ချီပြီး ဝါရှင်တန်-ဒီစီက လမ်းမတွေပေါ်မှာ မမွေးသေးတဲ့ ကလေးတွေကို သတ်ပြစ်နေကြာကနေ အကာကွယ်ပေးကြဘို့၊ မွေးပြီးသားတွေရော မမွေးသေးသူတွေအတွက်ပါ အသက်ရှင်ပိုင်ခွင့် အခွင့်အရေးအတွက်ပါ ရပ်တည်ပေးကြဘို့ရာ ချီတက်ဆန္ဒပြကြပါတယ်။ (လီလာ-ရို့စ်) က ဒီလိုပြောပါတယ်။ (ဖီလာဒက်ဖီးယ

Baian Lishou Coffee ကြော်ငြာကော်ဖီ

Image
ထိုင်းကနေဝယ်ရတယ်ပြောတဲ့ ကော်ဖီထုပ်ပါရှင့်။ အစာစားချင်စိတ်ကိုထိန်းပေးတယ် ရေငတ်တယ်။ ဝမ်းလဲချုပ်ပါတယ်။ အဆီကျတယ်ပြောလို့ ဝယ်သောက်တာ ချွေးတွေအရမ်းထွက်ပြီးမူးပါတယ်။ ညာဘက်လက်သန်း၊ လက်သူကြွယ်၊ လက်ခလယ်အကြောတွေလည်း ကိုက်ပါတယ်။ မတည့်ဘူးထင်လို့ ဆက်မသောက်တော့မှသက်သာသွားပါတယ်။ အရမ်းကို စိတ်ဖိစီးမှုဖြစ်ပါတယ်။ စိတ်မကြည်ပါဘူး။ အလိုမကျတာတွေဖြစ်ပါတယ်။ သူငယ်ချင်းမှာ အဲ့လိုမျိုးဖြစ်တာတွေ မရှိပါဘူး။ တခြားသူငယ်ချင်းလည်း သောက်တာ ပိန်လဲပိန်ပါတယ်။ သမီးဖြစ်သလိုသူတို့ ၂ ယာက်လုံးမဖြစ်ပါဘူး။ သမီးမှာ တခြားရောဂါများရှိနေလို့များလားသိချင်လို့ပါ။ အရိုးနဲ့အကြောဆေးရုံကိုသွားပြသင့်ပါသလားရှင့်။ ကြော်ငြာဆေးဖြစ်တယ်။ ဆရာဝန်တွေက မညွှန်ပါ။ ပိန်ဆေးသဘောဆေးပါတယ်။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုး ဆေးသုတေသန မတွေ့သေးပါ။ ဆေးစစ်တာတော့ ကိုယ်တိုင်ဆုံးဖြတ်ပါ။ မေးတဲ့သူ (သောက်တဲ့သူ) အသက်၊ ရာသီ၊ အိမ်ထောင်ရေး စတာတွေ မသိပါ။ ဒီကြော်ငြာကော်ဖီထက်ဆိုးတဲ့ ကော်ဖီလည်းရှိတယ်။ Love Coffee ညစ်ညမ်းကော်ဖီခေါ်တယ်။ ရေးထားပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂ဝ၁၅

Publisher စာအုပ်ထုတ်ဝေသူတွေလည်း ကျွန်တော့်ကိုပြောကြပါ

Image
ကျွန်တော့်ပို့စ်တခု = The Winter Thunder ဆောင်းမိုးကြိုးပစ်ပါစေ ကြော်ငြာဆေး မသင့်လို့ရေးတာကို အဲဒီဆေးဘယ်မှာဝယ်ရမလည်း မေးသလိုပဲ၊ အခုလည်း သူ့စာအုပ်သွားဝယ်မယ်တဲ့။ ဦးဝင်းတင်ရေးတာသာ ဖတ်စေချင်တာပါ။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂ဝ၁၅

VOA

Image
အခုပဲ VOA ကခေါ်လို့ မေးတာတွေကို ဖြေခွင့်ရပါတယ်။ Wish list ဖြစ်စေချင်တာဘာလည်းဆိုတော့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမတ ဖြစ်စေချင်ပါတယ်လို့။ တားဆီးတာတွေကို ဘယ်လိုကျော်လွှားမလည်းမေးတော့ ၂ဝဝ၈ ဖွဲစည်းပုံကို တရားဝင်ရေးခဲ့တာက ၉-၁-၁၉၉၅ နဲ့ ဒိအရင် ၂ နှစ်ကတည်းကပါ။ သူတို့ရေးတုံးက ၂ဝ၁၅ မှာ သူတို့အကြီးအကျယ်ရှုံးမယ်၊ NLD ကအဲလို အပြတ်အသတ် နိုင်မယ်လို့ သူတို့ခေါင်းတွေထဲမှာ မရှိဘူးထင်တယ်။ NLD အနိုင်ရတာ ရက် ၂ဝ တိတိရှိပြီ၊ ဘယ်ဘာသာရေးကမှလည်း လွှမ်းမိုးမယ့် အရိပ်အရောင် တစွန်းတစမမြင်ရ၊ ဘယ်နိုင်ငံခြားကမှလည်း လွှမ်းမိုးစရာမတွေ့ရပါ။ အဲတော့ ၅၉ (စ) ဟာ လေလုံးသာ ဖြစ်တယ်လို့။ အလားအလာကကောဆိုတော့ အလားအလားတွေက တနေ့တခြား ဒီရေအလားပဲ။ နိုဝင်္ဘာ (၈) ရက်တုံးကတော့ သုည၊ အခုတော့ ၅ဝ% လို့ဖြေလိုက်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂ဝ၁၅

Learn the hard way စာကျက်ကြပါ

Image
NLD ပါတီက အရွေးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးတင်ဦးနဲ့ ဒေါ်စုကနေ မနေ့က တွေ့ဆုံပြီး လိုက်နာလုပ်ဆောင်စရာတွေကို တိတိကျကျတင်းတင်းကျပ်ကျပ်ပြောလိုက်ပါတယ်။ နမူနာယူစရာ အိန္ဒိယကိုပေးပါရစေ။ အင်္ဂလိပ်စာလုံးလေးတွေကိုပါ ထည့်ရေးပါရစေ။ ကျော်ဖတ်သွားလည်းရပါတယ်။ ၂၄-၄-၂ဝ၁၂ နေ့က အိန္ဒိယအမတ် ၁၂ ဦးကို ၅ ရက်ကြာ၊ ၂-၉-၂ဝ၁၄ နေ့က ၉ ဦးကို ၅ ရက်ကြာ တာဝန်က နားစေခဲ့တယ်။ ၁၉၈၉ ရာဂျစ်ဂန္ဒီဝန်ကြီးချုပ်ဖြစ်စဉ်က အမတ်ပေါင်း ၆၃ ယောက်ကို ၃ ရက်ကြာ တာဝန်ကရပ်စဲခဲ့တယ်။ ၁၈-၅-၂ဝ၁၄ နေ့က IANS သတင်းမှာ အိန္ဒိယအမတ်သစ် ၃ ယောက်မှာ ၁ ယောက်က ရာဇဝတ်မှုနောက်ကြောင်းတွေနဲ့ ဖြစ်ကြတယ်လို့ သတင်းထုတ်ခဲ့ပါတယ်။၂ဝဝ၉ တုံးက Lok Sabha (လော့ခ် ဆာဗား) ခေါ် အောက်လွှတ်တော်မှာ ၂ဝ% သော အမတ်မင်းတွေမှာ ရာဇဝတ်မှုတွေနဲ့ဖြစ်ကြတယ်။ အခု ၄% တိုးများလာတယ်။ အိန္ဒိယအောက်လွှတ်တော်အမတ် ၅၄၃ ယောက်ရှိတာထဲက ၅၄၁ ယောက်ကို National Election Watch (NEW) နဲ့ Association for Democratic Reforms (ADR) တို့ကနေ လေ့လာဆန်းစစ်မှုလုပ်ခဲ့ပါတယ်။ အဖြေမှာ အမတ်သစ် ၁၈၅ ယောက် (၃၄%) မှာ ရာဇဝတ်မှုတန်းလန်းတွေနဲ့လို့တွေ့ရှိရတာပါ။ ကောက်ချက်ချလိုက်ရင် အမတ်လောင်းတယောက်ဟာ ရာဇဝတ်မှုနောက်ကြောင်းရှိနေရ