Knowledge ပညာစမ်းခန်း

ကျွန်တော်က ဆေးပညာစာတွေအပြင် နိုင်ငံရေးလည်း ရေးတယ်။ ဒီအထိတော့ မဆန်းသလိုမို့ သိပ်မပြောကြပါ။ ဒီကြားထဲ သီချင်းတို့ ကဗျာတို့က ကြားညှပ်ပါလာတယ်။ ဒါ့ပြင် ရာဇဝင်သမိုင်း တမျိုးထပ်တိုးလာတယ်။ ဝါသနာတွေထဲမှာ ပန်းချီဆွဲတာလည်း တချို့ကသိသွားကြတယ်။ (ကြွားတာကိုး) ကြာတော့ စွယ်စုံ၊ ဟင်းလေးအိုး စသဖြင့် ဘွဲ့တိုးပေးလာကြရော။

တကယ်တေ့ အဆန်းတွေမဟုတ်ပါ။ အထက်တန်းကျောင်းထိစာသင်ဘူးရင် ဘာသာစုံသင်ရတယ်မဟုတ်လား။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီ၊ အထွေထွေသိပ္ပံ။ ကျွန်တော်က စာတွေသင်ရင် စာမေးပွဲမှာအမှတ်ရဘို့နဲ့ ပြီးတာတော့ မဟုတ်ပါ။ အဲ့ အထင်လည်းမကြီးလိုက်နဲ့ ခုချိန်ထိ ဘယ်သာသာမှ ဂုဏ်ထူးမရဘူးပါ။ သင်ထားသမျှတော့ အလဟဿ မထားတတ်ပါ။ အသုံးတည့်တိုင်း ယူသုံးတယ်။

၅ တန်းမှာ သိပ္ပံစသင်ရတော့ ပယ်ရီစကုပ်ကို ကိုယ်တိုင်လုပ်ဘို့ကြိုးစားသေးတယ်။ ကျောင်းကအပြန် အိမ်နောက်ဖေး မြေကြီးပေါ်မှာ ဖင်ချထိုင်ရင်းပေါ့။ မဖြစ်မြောက်ပါဘူး။

ပထဝီသင်ထားတော့ ဟိုတိုင်းပြည် ဒီတိုင်ပြည်တွေကို စာနဲ့ရင်းနှီးနေပြီ။ အဲ့ ဝါသနာစုံမှာ ကျွန်တော်က မြေပုံကို သိပ်သဘောကျတာ။ အားရင် ဘာမြေပုံဖြစ်ဖြစ် ကြည့်နေချင်တာ။ နိုင်ငံရေးလုပ်ရင်း အဲဒီနိုင်ငံတွေရောက်တော့ စိမ်းမနေတော့ဘူးပေါ့။

သမိုင်းကတော့ ဖူးစာပါသေးတယ်။ ဇနီးက သမိုင်းမေဂျာ။ ကျွန်တော်က ဗမာရာဇဝင်ကို စာအုပ်အမျိုးမျိုးဖတ်ပြီး သူ့ကို ပညာစမ်းတယ်။ ကျွန်တော်တို့က မဟော်သဓာနဲ့ အမရာတော့ မဟုတ်ပါဗျာ။ ပုရွက်ဆိတ်လို တခါက်လာ တစေ့ပါ။ အသက်ရလာတော့ များများလာတာပေါ့။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ