Cro-Media ခရိုမီ

ဒေါ်အမာရာပြည့်ပွဲရက်မို့ အရင်က ဒေါ်အမာနာမည်ပါတဲ့စာလေးကိုပြန်တင်ပါရစေ။

မေးတဲ့သူက ဆရာ အစိုးရပိုင်မဟုတ်တဲ့ ရုပ်သံလွှင့်မီဒီယာဟာ ဘက်လိုက်မှုရှိသင့် မရှိသင့်။

ဟုတ့့် ဒေါ်အမာလို့ထင်ပါတယ်၊ ပြောဘူးတယ်မဟုတ်လား။ စာနယ်ဇင်း ဘက်မလိုက်ဘူးဆိုတာ လိမ်တာကွဲ့တဲ့။

၁၉၄၈-၁၉၆၂ အတွင်းမှာ အဝါ၊ အနီ၊ အပြာခေတ်မို့၊ စာနယ်ဇင်းတွေက အရောင်တခုခုကို လိုက်ကြတယ်။ အစိုးရက ကွန်မြူနစ်ဆန့်ကျင်ရေးသာ ရေးတယ်။ ကနေ့ မြန်မာပြည်မှာ အာဏာရှိ (ရှင်) လား၊ အာဏာမဲ့လား ရွေးကြတယ်။ ပုဂ္ဂလိကလည်း မတူးဘူး။ ဟိုလိုလို သည်လိုလိုဆိုရင် ညံ့လို့။

၂ဝ၁၅ ရွေးကောက်ပွဲနီးလာတော့ အရောင်တွေထွက်လာတယ်။ ရဲရဲတောက်တွေ။ ထူးခြားတာတခုက စိမ်းသင့်မှစိမ်း ဆိုတာလည်း တွေ့လိုက်ရသေးတယ်။

သတင်းရေးတာ၊ ရွေးတာမှာ ပညာပါရတယ်။ CNN, BBC, Times, Newsweek တွေအဆင့်အတန်းဟာ သိတဲ့အတိုင်းပဲ။ သူတို့လည်း ဘက်လိုက်တယ်။ ဒါပေမဲ့ အဆင့်ရှိတယ်။ အဆင့်ရှိပေမဲ့ Al Jazeera (အယ်လ်ဂျာဇီရာ) ကတော့ နာမည်နဲ့တင် ဘက်လိုက်တာသိသာပြီး၊ အာရတ်နဲ့ မွတ်ဆလင် ပရိတ်သတ်သာများတယ်။ သတင်းထောက်တွေကတော့ တော်တာပေါ့ ဘီဘီစီ၊ စီအင်အင်ကနေ ငွေပိုပေးခေါ်ခိုင်းထားတာကိုး။ မီဒီယာဆိုတာလည်း ငွေပဲ။

မြန်မာပြည်မှာက ပြည်ပနေရာကနေ အထဲသွားပြီး၊ အထဲနေပြီး၊ မီဒီယာလုပ်ငန်းလုပ်သူတိုင်းဟာ Compromise (ကွန်ပရိုက်မိုက်စ်) လုပ်တယ်လို့ခေါ်တဲ့ ကိုယ့်အရည်အသွေးကို ရေမရောရင် ရပ်တည်ဘို့ခက်ကြတယ်။ အရည်အချင်း နည်းတာတော့ မဟုတ်လောက်ပါ။ လက်သင်တွေကတော့ ခုထိတော့ မှိုပေါက်တဲ့ရာသီမှာသာရှိသေးတယ်။ ဆောရီး။

စာနယ်ဇင်းဖတ်သူတွေကလည်း အစိုးရထုတ်တွေကိုသာ ဖတ်၊ ကြည့်၊ နားထောင်တဲ့အဆင့်က တက်မလို့ရှိသေးတာ။ အစဉ်အလာဟောင်းနဲ့ ရင်းနှီးမြှုပ်နှံအားတွေကို ပုဂ္ဂလိကအစစ်တွေက မမီနိုင်သေးပါ။ ပုဂ္ဂလိကထဲမှာလဲ ခရိုနီမီဒီယာ (ခရိုမီ) တွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၅
၂၉-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ