Militant စစ်သွေးကြွ

သတင်း = အာဏာသိမ်းရန်မရှိသည့်အပြင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ၏ ရလဒ်ကို အသက်နှင့်ရင်းပြီး ကာကွယ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား

သုံးသပ်ချက် -
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကနေပြောရမယ့် စကားမဟုတ်ပါ။ သူပြောရမှာက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေးမယ်လို့သာဖြစ်တယ်။ အာဏာသိမ်း-မသိမ်းဆိုတာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကနေသာ ပြောရမှာပါ။

တခြားလူတွေကနေ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုမရှိဘူးလို့ ပြောလာရင်တော့ အဲဒီရလဒ်ကိုတော့ အသက်နဲ့ရင်းပြီးကာကွယ်ဘို့ အကြောင်းမရှိဘူးလို့ ကောက်ယူနိုင်နေတယ်။

အသက်နဲ့ရင်းပြီးဆိုတဲ့အသုံးဟာ Militant စစ်သွေးကြွစကားလုံးဖြစ်တယ်။

Militant = Combative and aggressive in support of a political or social cause, and typically favoring extreme, violent, or confrontational methods.

ဒေါက်တာတင့်ဆွေ
၎-၁၁-၂ဝ၁၅

Comments