Eggplant ခရမ်းသီး

ပို့စ်တခု = T Kyi Aye ရွေးကောက်ပွဲ မဲဆွယ်ကာလ ခရမ်းသီးဈေး အနည်းငယ်မြင့်တက်

Tint Swe နရသီဟပတေ့ လက်သုံးတော်အသီး

ပုဂံရာဇဝင်မှာ နောက်ဆုံးမင်းဆက် နရသီဟပတေ့ ခေါ် တရုပ်ပြေးမင်းဟာ ပွဲတော်တည်ရင် ဟင်းခွက်ပေါင်း ၁၄၄ ခွက်ပါရတယ်။ ပွဲတော်တည်အပြီး အိပ်ရာကနေနိုးလာရင် စိတ်ပေါက်ပေါက်ရှိတိုင်း အနားရှိတာတခုခုနဲ့ တွေ့ကရာကို ပြစ်ပေါက်တယ်။

အမတ်တွေကနေ နန်းတွင်းသူတွေ သက်သာပါစေဆိုပြီး ပုံထဲပါအသီးကို ဘုရင့်အနားမှာ ထားပေးလိုက်တယ်။ ဘုရင်ပြစ်လိုက်လို့မှန်တဲ့ အပျိုတော်တွေ ခါးရမ်းသွားတာကိုကြည့်ပြီး ခါးရမ်းသီးလို့ခေါ်ကြသတဲ့။

တုတ်ထမ်းပြောတဲ့ ပုဂံရာဇဝင်ပါ။ မြန်မာပြည်မှာလည်း အပျိုတော်နဲ့ ခရမ်းသီးနာမည်ကြီးလာတယ်။

မှတ်ချက်။ အပျိုတော်ပုံကို ကွန်မင့်မှာ လာပြီးမတင်ကြစေလိုပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂-၁၁-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး