VOA တိုက်ရိုက်လေလှိုင်း

အခုပဲ VOA တိုက်ရိုက်လေလှိုင်းမှာပါပြီးသွားပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်ဟာ အတိုက်အခံဖက်ကနေနိုင်ရင် မြန်မာ့တပ်မတော်က အာဏာလွှဲပေးပါမလားဆိုတာကို ဂန့်ဂေါ ဦးလှဆွေ၊ ဧရာဝတီ ဦးအောင်ဇော်တို့နဲ့အတူ ဆွေးနွေးကြပါတယ်။

ကျွန်တော့်နိဂုံးကတော့ဗျာ -
မြန်မာ့တပ်မတော်ဟာ ညစ်ထေးခဲ့တဲ့သမိုင်းကို ဆေးကြောဘို့ရာ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်ကို အခွင့်အလမ်း ကောင်းကြီးလို့၊ ရွှေတံခါးကြီးပွင့်နေတယ်လို့ မှတ်ယူကျင့်သုံးသင့်ပါကြောင်း။

အဲလိုမှမဟုတ်ပဲ အာဏာယူထားသူတွေကိုပဲ ဆက်ပြီးအာဏာပေးလိုက်ရင်တော့ ဇင်္ဘာဗွေသမတ ရောဘန်မူဂါဘေ တရုပ်ကနေ ငြိမ်းချမ်းရေးနိုဗယ်ဆုပေးသလို မြန်မာပြည်က ကင်ဒီဒိတ်ကိုပေးမယ်ဆိုရင်တော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ရစရာအလားအလာရှိပါကြောင်း။

ဒေါက်တာတင့်ဆွေ
၃-၁၁-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး