I Know What You Did Last Summer
လူဦးရေ ၁့၂ ဘီလီယန်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံကသွားနေရသူမှန်သမျှ မင်းတို့ဗမာတွေလို့ အဆဲမခံကြရပါ။ အိန္ဒိယအစိုးရနဲ့ အိန္ဒိယနိုင်ငံရေးပါတီတွေကနေ မြှောက်မပေးလို့ပါ။ ကုလားလို့ ရောကောသောကောအပြောမျိုးကို ဆင်ခြင်သင့်ကြပါပြီ။ မြှောက်ထိုးပင့်ကော်လုပ်နေတာလည်း သိသင့်လောက်ကြပါပြီ။ အပြစ်ရှိသူဆိုတာ တခြားကို လက်ညှိုထိုးတတ်တယ်။ အပြစ်ဆိုတာ မလွတ်ပါ။
I Know What You Did Last Summer ဆိုတဲ့ ၁၉၉၇ ကရိုက်တဲ့ ရုပ်ရှင်ကားတကားရှိတယ်။ နွေကျောင်းမပိတ်ခင် ပါတီတခုကနေ သောက်စားပြီးပြန်လာတဲ့ ကောလိပ်ကျောင်းသူကျောင်းသားလေးယောက် လမ်းဘေးက လူတယောက်ကို ကားနဲ့သွားတိုက်မိတယ်။ အတိုက်ခံရသူသေပြီဆိုပြီး အလောင်းကိုဖျောက်ဖျက်ကြတယ်။ တကယ်မသေပဲ ပြန်ခုခံရင်း ပင်လယ်ထဲကျသွားတယ်။
ကျောင်းပြန်ဖွင့်လို့ ကောလိပ်ပြန်ရောက်တော့ (မင်းတို့ နွေရာသီမှာ ဘာလုပ်ခဲ့ကြတယ်ဆိုတာ ငါသိတယ်) ဆိုတဲ့စာကို သူတို့နံရံမှာ တွေ့ကြရတော့တယ်။
အခုဆောင်းရာသီမှာ သူတို့တတွေ နွေတုံးကဘာလုပ်ထားတယ်ဆိုတာ တို့သိတယ်လို့ ပြောနိုင်ကြတော့မှာပါ။
ဒေါက်တာတင့်ဆွေ
၎-၁၁-၂ဝ၁၅

Comments
Post a Comment