Posts

Showing posts from October, 2018

စာခြောက်ရုပ်

Image
ရွှေရောင် မှည့်ဝင်း စပါးခင်း၏ ကန်သင်းဘေးစပ် မတ်တပ်ရပ်သည် ရိုးပြတ်စည်ထုပ် စာခြောက်ရုပ်။ နံနက်စောစော နှင်းသောသောတွင် အကြောစိမ့်မျှ ချမ်းတုန်လှသည် တစတထွာ ခြုံစရာလျှင် ပုဝါမရှိ အားမရှိ။ နေ့လယ်ခင်းချိန် နေပူချိန်တွင် လိမ်ပိန်၍သာ နေရပါသည် ရင်ဆာမပျောက် အာခြောက်ခြောက်။ နေ့ရောညပါ ဆက်၍သာလျှင် ငါ့မှာစောင့်ကြပ် မလစ်လပ်စွ မတ်တတ်နှင့်သာ ညောင်းညာလာခဲ့ သာသာကွေးကွေး ကန်သင်းဘေးတွင် တရေးတမော မှေးလိုသည်။ စပါးခင်းသို့ ချင်းနင်းဝင်ရောက် စပါးကောက်၍ စားသောက်လိုအား ငှက်ငယ်များက ငါ့အား မျက်စောင်းထိုးကြသေး။ တခါတုန်းက ဘုန်းကြီးကျောင်းသား နွားကျောင်းသားတို့ လေးအားပြိုင်ခန်း လက်တည့်စမ်း၍ နှုတ်ခမ်းပဲ့ကျိုး ခေါင်းကအိုးသည် သက်ဆိုးမရှေ ကွဲခဲ့လေ၏။ အို့ ဘဝတခို မစိုမပြေ ရှိပါလေသည် ရွှေရည်မှည့်ဝင်း စပါးခင်းမှ တေးချင်းဟစ်အော် တကြော်ကြော်နှင့် ပျော်ပျော်ရွှင်ရွှင် တေးသံလွင်ကို ငါလျှင်ကြားရ ထိုခဏဝယ် ဒုက္ခအားလုံး မေ့နိုင်၏။ အလယ်တန်း ကဗျာလက်ရွေးစင်စာအုပ်ပါ သင်းအောင်ရဲ့ကဗျာဖြစ်ပါတယ်။ ပုံကဝါးနေလို့ အားနာတယ်။ အွန်လိုင်းမှာ တင်ထားသူတွေက တတွေကို တစ်လုပ်ထားကြတယ်။ မလုပ်ကောင်းပါ။ မျက်စောင်းထိုး

Questions 31-10-2018

Unknown woman # 1 မင်္ဂလာပါ ဆရာ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ဆရာ ကျွန်မဆေးစားတာ တစ်နှစ်ကျော်စားပါတယ် အိမ်ထောင်သက်တမ်းက သုံးနစ်ကျော်ခဲ့ပါပြီ ကလေးရနိုင်အောင်ဘာဆေးစားရမှာလည်းလမ်းညွန်ပြပါအုံး မေးနည်း ပို့ပြီး။ အသက် ရာသီ မပြောလိုသူအတွက် ဘလော့လင့် ပေးထား။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၈ Unknown man and woman # 1 အသက် မသိ ရာသီ မသိ ဆရာရေ ကလေးအကြီး ၁ နှစ်နဲ့ ၃လ နောက်ကလေးယူချင်တယ် ရပါသလား အသက် မသိ ရာသီ မသိ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၈ Unknown woman # 2 Diarrhea မေးနည်း ပို့ပြီး ဆရာ မင်္ဂလာပါရှင့် သမီးမေးစရာရှိလို့ပါ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ဒီကနေမေးလို့ရလားရှင့် မေးနည်း ပို့ပြီး အသက်က ၁၉နှစ်ပါ မ ပါ ဝမ်းသွားတာ ကြာပြီရှင့် ထမင်းလဲမစားနိုင်ဘူးသိပ်ပြီး လူလဲအရမ်းပိန်သွားတယ် လမ်းနည်းနည်းလျှောက်တာနဲ့မောတယ် အဲ့တာဘာဖြစ်တာလဲရှင့် Diarrhea ဝမ်းပျက်ခြင်း https://doctortintswe.blogspot.com/2018/03/diarrhea.html နာတာရှည်ဝမ်းပျက်ခြင်းက တမျိုးရှိသေးတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၈ Unknown man # 1 အသက် မသိ ဒါပေမဲ့ အဖြေလင့် ပို့ပါတယ် မင်္ဂလာပါ ဆရ

ဆောင်းအမီ ဟုတ်ကဲ့ ပြင်လိုက်ပါပြီ

Image
ကျွန်တော်က မှားတာတွေ့ရင် အချိန်ရသလောက် ပို့စ်အဖြစ်တင်ပါတယ်။ မှားနေတဲ့ပို့စ်အောက်က ကွန်မင့်ကနေ ပြင်ပေးတာက နည်းတယ်။ အခြေအနေကြည့်ပြီးမှသာ ကွန်မင့်ရေးပါတယ်။ တချို့ကမကြိုက်ကြပါ။ ပြင်ပေးတာကို ကြည်ကြည်ဖြူဖြူ လက်ခံသူတချို့လည်းရှိတယ်။ ဆောင်းအမီ ဟုတ်ကဲ့ ပြင်လိုက်ပါပြီ။ ကျေးဇူးပါဆရာရှင့်။ ကျွန်တော် စာရိုက်ကျနေရစ်တာသာမက မှားရေးတာကို ထောက်ပြပြင်ပေးသူတွေရှိတယ်။ တွေ့တာနဲ့ ချက်ချင်း လိုက်ပြင်ပါတယ်။ ကျေးဇူးလို့လည်းရေးပါတယ်။ ကျွန်တော်ပြင်စရာနေရာက ၇ နေရာရှိတာ။ ဖေ့စ်ဘွတ်က ၂ ခု၊ ပေ့ခ်ျက ၃ ခု၊ ဘလော့တခုနဲ့ သိမ်းထားတဲ့ဖိုင်။ ဆုံးမရလွယ်ကူသောပုဂ္ဂိုလ်ဆိုတာ ဘုရားလက်ထက်ကတည်းက စကားဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်လေးက ပျက်အစဉ် ပြင်ခဏဆိုတဲ့ ကာတွန်းပညာပေးဖတ်ရကတည်းက စွဲမှတ်နာယူပါတယ်။ ကျွန်တော်ရေးတာတွေက အတော်များတယ်။ အမှားတွေပါနေမယ်။ စာအဟောင်းတွေမှာ အမှားတွေပိုပါတယ်။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၃၁-၁၀-၂၀၁၈

မှုန်ငွေရည်

Image
မိုးဖွဲဖွဲ နှင်းလည်းမဟုတ် အေးစိုစို နှင်းလိုမအေး ကောင်းကင်မှုန်ရီ မှုန်ငွေရည် ဒေါက်တာတင့်ဆွေ ၃၁-၁၀-၂၀၁၈ ညနေ ၃ နာရီ ၃၃ မိနစ်

ဆောင်းအမီ

Image
ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်း တင်ထားတာတွေ့တယ်။ မီ နဲ့ မှီ အတော်မှားကြတယ်။ တေးရေး သောတမောင်၊ အဆို မေလှမြိုင်သီချင်းတင်ထားတာကတော့ ဆောင်းအမီ မှန်တယ်။ - အချိန်မတိုင်မှီ ကြွေလွင့်ခဲ့ရတဲ့ မြန်မာ့အနုပညာကြယ်ပွင့်များ (မမှန်) - ခေတ်မှီ နေဆဲ တကွက် ကာတွန်း (မမှန်) - ကိုယ်ဉာဏ်မမှီ မသိတဲ့ အရာတွေကို စဉ်းစားပြီးမှ ပြောကြပါ။ (မမှန်) ၁။ ကျွန်တော် မြန်မာစာအသုံးမှာ မီနဲ့မှီ အသုံးကို သိချင်လို့ပါဆရာ ဖြေပေးနိုင်မလားဗျ ၂။ ဆရာခဗျား ခါတော်မှီ နှင့် ခါတော်မီ မှာဘယ်ဟာကစာလုံးပေါင်းအမှန်လဲခဗျား။ လေးစားစွာဖြင့်။ ၃။ အပမီ၊ အပမှီ။ ဘယ်ဟာ အမှန်လဲဆရာ။ ၄။ ဆရာရှင့် မီ/မှီ သုံးတာအရမ်းမှားနေလို့ ရှင်းပြပေးပါရှင့်။ မမီမကမ်း၊ လှတာလိုက်လို့မမီ၊ သူ့အလှမမီ၊ တိုင်မှီ။ မှီခိုဆိုတာ မှန်လားရှင့်။ ဘယ်ပန်းချီရေးလို့မမီ၊ မကြာမီတွေမှာ ဟထိုးလိုလားရှင့်။ လူတွေ အရမ်းရေးကြတာ လှတာလိုက်လို့မမှီဘူးလို့ ဒါလဲဟထိုးပါရင် မှန်လားရှင့်။ မီ ဆိုတာ မတိုင်ခင်ကသဘောမှာ သုံးတယ်။ မ နဲ့တွဲပြီးသုံးတယ်။ မတိုင်မီ၊ မကြာမီ၊ မလာမီ၊ မသွားမီ၊ မပြောမီ၊ အချိန်မစေ့မီ။ နိုင်သည်သဘောလည်းသုံးတယ်။ လှမ်းယူလို့ရနိုင

ပဌမအကြိမ်မဟုတ် ငါးခါထက်မနည်းတော့

ပဌမလား ပထမလားဆရာ။ ၅ ခါထက်မနည်းတော့။ နာရီပိုင်းလေးကတခုတင်သေးတယ်။ မြန်မာ့စွယ်စုံကျမ်းတွေကို ပြန်ရိုက်ပြီး အွန်လိုင်း ဒေါင်းလုဒ်ဖိုင်ထဲမှာ မူလက ပဌမလို့ရေးတာအမှန်ကို ပထမလို့ပြင်ထားကြောင်း ပုံ ၂ခု တွဲပြတာ တနာရီသာသာ လောက်သာရှိသေးတယ်။ ဒိအရင် ၅ ခါလောက်တင်ပြီးသား။ တချို့က မြန်မာနိုင်ငံတစ်ခွင်လို့ရေးနေကြတယ်။ မြန်မာနိုင်ငံတခွင်ဘုရားသမိုင်းပေါင်းချုပ် (လှသမှိန်) ကစ္စာယနပဥှာဗျာကရဏဝိဘာဝနီခေါ်သဒ္ဒါကြီးရှစ်ဆောင် အမေးအဖြေကျမ်း ပဌမတွဲ ပါဠိကလာတာနဲ့ သက္ကတကလာတာလို့လည်း ရှင်းပြထားပြီး။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၈

ပင်ရင် စကားပြေလက်ရွေးစင်

Image
ကွမ်းတယာနှင့် လ္ဘက်တပွဲ စလောင်းဖုံးတချပ် ကျွန်တော်တို့ဆယ်တန်းမှာသင်ခဲ့ရပါတယ်။ အဲဒီခေတ်မှာ မြန်မာစာကို သတ်ပုံမှန်နဲ့သာရေးသား သင်ကြားခဲ့ပါတယ်။ ကွမ်းတစ်ယာလို့ မရေးပါ။ လ္ဘက်တစ်ပွဲလို့ မရေးပါ။ စလောင်းဖုံးတစ်ချပ်လို့ မရေးပါ။ ဒေါက်တာတင့်ဆွေ ၃၀-၁၀-၂၀၁၈

BI-RADS ရင်သား မင်မိုဂရမ်အဖြေ

ဒေါက်တာတင့်ဆွေ နေကောင်းကျန်းမာပါစေလို့ အရင်ဆုံး နုတ်ဆက်လိုက်ပါတယ်။ ကျမလည်း နေကောင်း ကျန်းမာပါတယ်ရှင်။ ဒေါက်တာကို နောက်တခါပြန်ပြီး အကြံတောင်းပါရစေရှင်။ ကျမ သူငယ်ချင်းတယောက် အသက် ၄၂ နှစ်ရှိပြီ သူက အစမှာ နောက်ဖခုံးမှာ နာတယ်ဆိုပြီး အနှိပ်သည်နဲ့ နှိပ်ပါတယ်။ သက်သာပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ပြန်ပြန်နာလာတယ်။ အခုနောက်ပိုင်း ဘယ်ဘက် ရင်သားမှာတခါတလေ စူးစူးပြီး နာတယ်ဆိုပြီး ဘာဘဲ ဖြစ်ဖြစ် ရင်သား ဆေးစစ်ကြည့်မယ်ဆိုပြီး ဒီလ အောက်တိုဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်က ဆေးရုံတခုမှာ ရင်သား ကို mammogram နဲ့ စစ်ကြည့်ပါတယ်။ ဒီအောက်က အဖြေလွာထွက်လာပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ရှင်းပြမဲ့ ဆရာဝန်နဲ့က နောက်ရက် ချိန်းထားပါတယ်။ မတွေ့ဖြစ်သေးပါဘူး။  စစ်ပေးတဲ့နေ့က ဆရာဝန်က စိုးရိမ်စရာမရှိပါဘူး။  ရင်သား နှစ်ဖက်စလုံးမှာ အရွယ်သေးသေးလေး ရေအိတ်ပါဘဲဆိုတာဘဲ ပြောတယ်။  ဆေးစာတွေ အရ အဓါယ်တွေ မသိလို့ ဒေါက်တာ ဆီက အကြံတောင်းချင်ပါတယ်ရှင်။ ဒီလို့ဖြစ်တာက စိုးရိမ်ရလား။ ဘယ်လို ကုသလို့ရတယ်ဆိုတာ တွေပါ အကြံပြုပေးပါ။ အဖြေလွာကို အောက်မှာ အတခ့်ျဖိုင်နဲ့ ပို့လိုက်ပါတယ်။ လေးစားစွာဖြင့် ကင်ဆာ မတွေ့။ တန

Body Language Cues လူကိုဖတ်ခြင်း

Image
စိတ်ပညာရှင်အသိနဲ့ ရေးမှာပါ။ ဗေဒင်လက္ခဏာလို မဟုတ်ပါ။ လူတယောက်ကို သူပြောနေတာကို နားထောင်ပြီး တန်းမယုံပါနဲ့။ သူဘယ်လိုအသက်မွေးဝမ်းပြုနေတယ်၊ ဘာရာထူးရှိတယ်၊ ဘာဘွဲ့တွေရထားတယ်ကိုကြည့်ပြီး၊ တန်းမယုံပါနဲ့။ ပြောတာကိုရော ပြောစကားထဲမပာတာကိုပါ ရအောင်ဖတ်ပါ။ ဖုံးထားတဲ့မျက်နှာဖုံးနဲ့ မိက်ကပ်တွေခွါပြီး တကယ့်အစစ်ကို မှန်အောင်ကြည့်ပါ။ ကြိုတင်တင်ကူးယူဆထားချက်ကို ဘေးဖယ်ထားလိုက်ပါ။ ဦးနှောက်နဲ့ အာရုံကြောက သုံးသပ်ချက်ကို အသုံးချပါ။ (၁) Observe Body Language Cues ကိုယ်အမူအယာဖတ်ခြင်း သုတေသနတွေအရ လူတွေရဲ့ ကိုယ်အမူအယာဖတ်ခြင်းဟာ ၅၅% မှန်တယ်။ အသံအနိမ့်အမြင့်ဟာ ၃ဝ% မှန်တယ်။ အပြောစကားလုံးတွေဟာ ၇% သာမှန်တယ်။ (မှတ်ချက်။ သုတေသနထဲမှာ အရေးအသားမပါ။) ၁။ Pay Attention to Appearance အမြင်ကိုသတိထားပါ ဘာဝတ်ထားလည်း။ တန်ဘိုးရှိလက်ဝတ်ရတနာတွေ၊ အင်္ကျီ၊ လုံခြည်၊ ဖိနပ်၊ စတာတွေကိုကြည့်ရင် ဘယ်လို ရည်မှန်းချက်နဲ့ ပွဲတက်လာသလည်းကို မှန်းနိုင်တယ်။ မိန်းကလေးတယောက် သူ့အသားအရေမြင်စေအောင် ဝတ်ထားရင်လည်း သိပါမယ်။ သာမန်ဝတ်စားထားရင် ခပ်ပေါ့ပေါ့နဲ့ အေးအေးဆေးဆေးအတွက်ဖြစ်မယ်။ ယောဂီဝတ်စုံ အပါအဝင် ယူနီဖေါင်းတွေကနေလည်း ပြောပြနေမယ်။ ၂။ အနေအထားကိုကြ

Add အဒ်

Image
ဆရာ အပ်နဲ့အတ်ကို ဘယ်လိုနေရာတွေမှာ သုံးရမလည်းဆိုတာ သိချင်လို့ပါဆရာ။ မိတ်ဆွေဖြစ်ဖို့အပ်တာဆိုရင် အတ်လိုက်မယ်နဲ့ အပ်လိုက်မယ် ဘယ်ဟာအမှန်ပါလည်းဆရာ။ Add ဆိုတာ ဖရင်းအဖြစ်စာရင်းထည့်သွင်းပါလို့ပြောကြတယ်။ အသံထွက်က အဒ်ဖြစ်တယ်။ အပ်လို့လည်း မမှန်၊ အတ်လို့လည်း မမှန်ပါ။ အက်လို့လည်း မမှန်။ အဓိပ္ပါယ်က ထည့်တာ၊ ပေါင်းတာ။ အပ်က အပ်နှံသည်အဓိပ္ပါယ်ရလို့ သင့်ပေမဲ့ အသံထွက်ကိုယူတာ မဟုတ်ပြန်ပါ။ အပ်ထားတာက သိမ်းထားပေးပါ စောင့်ရှောက်ပေးပါလို့ ဆိုလိုတယ်။ ကလေးကျောင်းအပ်တာနဲ့တူတယ်။ အပ်ပေးပါလို့ရေးရင် အဝတ်ချုပ်ဘို့လား တွေးမိတယ်။ အပ် တပ်အပ်သေချာ ပြုသင့်ပြုအပ် ရင်ချင်းအပ် အပ်ကျမပ်ကျ (နောက်ပေါ်) အပ်ကျမှတ်ကျသိသည် (ယခင်အသုံး) အပ်ချည်လုံး အပ်ချုပ်ခုံ အပ်စပ် အပ်ထည် အပ်နဖါးပေါက် အပ်ပြန်ပေါက် အပ်နှံ အဝတ်ချုပ်သည့်အပ် ကျောင်းအပ်သည် အတ် အတ္တနောမတိ အတ္တဟိတ အတ္ထုပ္ပတ္တိ ဒေါက်တာတင့်ဆွေ

Tortoise upside down မြန်ဂလိပ်

Image
အီတလီလူမျိုးဆရာဝန်တဦးကို ယူကေနိုင်ငံမှာ အင်္ဂလိပ်စာစစ်ဆေးမှုလုပ်တော့ကျလို့ လိုင်စင်သိမ်းခံရတယ်။ ဒေါက်တာ အယ်လက်ဆန်ဒရို တက်ပါး ဟာ ယူကေမှာ ၂ဝ၁၄ တုံးက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အရ အဲလို လိုင်စင်သိမ်းခံရတဲ့ ပဌမဆုံးအီးယူကဆရာဝန်ပါ။ စာမေးပွဲတွေစစ်ပြီးမှ အဲလိုဆုံးဖြတ်လိုက်တာပါ။ သူကအီတလီကတည်းက အင်္ဂလိပ်စာ သင်တန်းတွေ ယူလာခဲ့ပါတယ်။ ပိုလန်ဆရာဝန် ဒေါက်တာတောမတ်ဇ် ဖရီဇွဲလ်ဝဇ် လည်း ယူကေမှာ (၉) နှစ် လာဆေးကုဘို့ လိုင်စင်ရထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူလည်း အင်္ဂလိပ်စာစာမေးပွဲ ၃ ကြိမ်ကျထားပြီဖြစ်ပါတယ်။ ဥပဒေအရ (၁၂) လအတွင်းမှာ အင်္ဂလိပ်စာစာမေးပွဲအောင်ရပါမယ်။ အင်္ဂလိပ်လူနာပြောတာကို ဆရာဝန်ကနားမလည်ရင် အသက်ကိုပါ စေသေနိုင်တယ်။ မြန်မာစကားလည်း အတူတူပဲ။ မြန်မာစကားကို မြန်မာလို မှန်မှန်ကန်ကန်မပြောနိုင်တဲ့ အရာထမ်း အမှုထမ်းတွေရှိတော့ လုပ်ငန်းခွင်မှာခက်ခဲရတယ်။ တချို့အရာရှိတွေက သတ်ပုံမှန်ရေးတင်တဲ့စာကို ပြင်ခိုင်းနေကြသတဲ့။ စကားနဲ့ ဆက်သွယ်ရေးလုပ်တဲ့ မီဒီယာမှာ မပီကလာပြောနေကြတာကိုလည်း မသင့်လို့ထင်ပါတယ်။ ပြည်ပထွက်နေရ လုပ်ရသူတွေ မြန်မာလူမျိုး (၄) သန်းလောက်ရှိတယ်။ ဘာသာစကားအခက်အခဲတွေ ရှိကြတယ်။ အခုထိ အင်္ဂလိပ်စာကို တိုင်းတပါးဆိုတဲ့တံဆိပ်ကပ်

November Events နိုဝင်္ဘာမှတ်တမ်း

Image
ဟိုလွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်၊ နိုဝင်္ဘာလ (၁) ရက်နေ့ မနက်ခင်းမှာ၊ မန္တလေးဘူတာကြီးကလာတဲ့ ကျောက်မီးသွေး မိုးခိုးနံ့ကိုရှူရင်း အရှေ့ဖက်ကို စက်ဘီးဆက်နင်းနေတယ်။ အရက်ပျံနဲ့ လိုက်ဇောနံ့သင်းနေတဲ့ မန္တလေးဆေးရုံကြီးရှေ့က ဖြတ်ရင်း ဖေါ်မလင်နုံ့ပြင်းရှိရာ ဆေးတက္ကသိုလ်မှာ ဖရက်ရှာခေါ် ကျောင်းသားသစ်လေးတယောက်ဟာ အားသစ်အင်သစ် အပြည့်နဲ့ရောက်လာပါတယ်။ သူဟာ နောင် (၇) နှစ်မှာ ဆရာဝန်ဖြစ်ဖို့တခုတည်းသာ သိသေးတယ်။ နောင်ရေး မတွေးမိ။ နှစ်အစိတ်ရှိရင် နိုင်ငံရေးထဲ ဝင်ရမယ်လို့ကလည်း စိုးစဉ်းမျှ စိတ်ကူးထဲမှာမရှိ။ နောင် (၂၆) နှစ်တိတိမှာ ကိုယ့်မွေးရာတိုင်းပြည်ကြီးကို ကျောခိုင်းပြီး ထွက်ရလမ်းလည်း မှန်းမထားမိ။ အခုရှိတဲ့တိုင်းပြည်ဆိုတာလည်း သူ့အိပ်မက်ထဲမှာ နတ္ထိ။ နိုဝင်္ဘာတညမှာ သူ့ကိုလာဖမ်းကြတယ်။ နိုဝင်္ဘာတရက်ကြောင့် ဆရာဝန်ဖြစ်။ နိုဝင်္ဘာတရက်မှာ မင်းပြေးဖြစ်။ နိုဝင်္ဘာဆိုတာ ကျွန်တော့်ဘဝမှာ အဓိပ္ပါယ်တွေ အများကြီးရှိတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၆ ၃၁-၁ဝ-၂ဝ၁၈

Hello November ဟယ်လို နိုဝင်္ဘာ

Image
နိုဝင်္ဘာလမှာ ရာသီဥတု သင့်တင့်အေးမြလို့ ခြေခင်းလက်ခင်းသာပါတယ်။ ကျွန်တော်တို့ ဆေးကျောင်းစတက်ရတာက ၁၉၆၅ နိုဝင်္ဘာလဆန်းတစ်ရက်နေ့ဆိုတာ မမေ့ပါ။ ၇ နှစ်ကြာစာသင်ပြီးတော့ ဟောက်ဆာဂျင်ခေါ်တဲ့ အလုပ်သင်ဆရာဝန် လုပ်ရတာလဲ ၁၉၇၂ နိုဝင်္ဘာလထဲမှာပါ။ ဆေးမန်းက သူငယ်ချင်းတသိုက် မေမြို့စစ်ဆးရုံမှာ တာဝန်ကျကြတယ်။ မေမြို့ဆိုတာက နွေမှာတောင်အေးလို့ နိုဝင်္ဘာဘာလဆိုတော့ ကျွန်တော်တို့လို အညာသားတွေအဖို့ အေးလွန်းနေပါတယ်။ ကျွန်တော်တို့ စစ်ဆေးရုံထဲက အိုဟောင်းနေတဲ့ တိုက်တလုံးမှာ စုနေကြရပါတယ်။ ရေချိုးခန်းမှာ ရေနွေးပေးတာက ပျက်နေတော့ ရေချိုးဘို့ဆိုတာ စစ်ဆေးရုံထဲမှာ အရပ်သားတွေအချင်းချင်း သူရဲကောင်း ရွေးရသလိုပဲ။ အလုပ်ရပြန်တော့လဲ အရပ်သားတွေဟာ စစ်သားတွေကြားမှာ အထာမကျလှပါ။ အဲလိုပဲ အရပ်သားတွေကြားမှာလဲ စစ်ဗိုလ်စစ်သားတွေ အထာကျမှာမဟုတ်ပါ။ ကျွန်တော်တို့ အထာမကျတာက ဟောက်ဆာဂျင်လုပ်ရတာ တနှစ်တိတိသာ ကြာလို့ ကံကောင်းတယ်။ စစ်ဗိုလ်တွေ နှစ်လေးငါးဆယ်ကြာ အုပ်ချုပ်နေတာ အထာမကျတော့ အရပ်သားလူအများမှာ အတော်ကို ကံဆိုးကြပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၄ ၃၁-၁ဝ-၂ဝ၁၈

ဆောင်းဦးပေါက်

Image
လွန်ခဲ့တဲ့ ၄ နှစ်တိတိက ဒီလိုညမှာ နှင်းပွင့်ဖတ်တွေ ကျခဲ့တယ်။ တမြန်နှစ်ကတော့ ဒီနေ့မှာ ဖလန်နယ်ရှပ်အင်္ကျီ လက်ခေါက်ဝတ်ပြီး လမ်းလျှောက်လို့ရတယ်။ မနှစ်ကတော့ ဆွယ်တာပါးပါးနဲ့ ကျောင်းသွားတယ်။ ကနေ့မှာ ဆွယ်တာမလိုသေး။ လရေးရေးနဲ့ ခပ်အေးအေးသာရှိပါတယ်။ မကြာမီ နှင်းဆိုတာ လာပါတော့မည်။ • လေလည်းရောရာ၊ မိုးမပါဘဲ၊ • သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ • မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ • ဧကန် ဟေမန်လာချေပြီ၏တည်း။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၄ ၃၁-၁ဝ-၂ဝ၁၈

မျှော် မြော် မြှော်

Image
ဆရာ မျှော် နဲ့မြှော် သုံးစွဲပုံလေး သိချင်ပါတယ်။ မျှော်လင့် မြှော် လင့် အပေါ်ကယပင့်က မှန်မယ်ထင်ပါတယ် ၂၄-၉-၁၀၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာပါတဲ့ ခေါင်းစဉ်တခုက အရှေ့အဖုံးမှာကျတော့ ကမ္ဘာ့အရေးမြော်တွေးရှုဆ ကုလသမဂ္ဂ၊ အတွင်းပိုင်းမှာကျတော့ ကမ္ဘာ့အရေးမျှော်တွေးရှုဆကုလသမဂ္ဂ ဆိုပြီး ကွဲလွဲနေပါတယ်ဆရာ ဘယ်တခုက အမှန်ပါလဲဆရာ။ မျှော် တခုခုကိုမျှော် တမျှော်တခေါ် ဖူးမျှော်ကန်တော့ ရှုမျှော် ရှုမျှော်ခင်း အစာကိုမျှော် မျှော် = မျက်စိဖြင့်ကြည့်ရှုသည် မျှော်ကိုး မျှော်ငံ့ မျှော်စင် မျှော်ကြည့် မျှော်မှန်း မျှော်ရှု မျှော်လင့် မျှော်တော်ယောင် မြော် ဖူးမြော် မျက်မြော် မြင်မြော် အမြော်အမြင် မြော်ကဝမ်းသာ (မြင်ကဝမ်းသာ) မြော်ချင့် မြော်ဆ မြော်မြင် = ပညာမျက်စိဖြင့် အရှည်ကြည့်သည် မြော်လည်းမရဲ = ကြည့်မြင်၍ မရောင့်ရဲနိုင် မြော်သည် = မြင်သည်၊ ကြည့်သည်၊ တွေးခေါ်သည် မြော်တွေးသည် = မြော်ထောက်သည်၊ မြော်လင့်သည် မြှော် စိတ်ကမြှော်သည် ဥာဏ်မြှော်မြင် အဝေးသို့မြှော် မြှော်ခေါ် မြှော်တွေး မြှော်ထောက် မြှော်လင့်တောင့်တ မမြှော်ဘဲနှင့် စော်ကဲမင်းဖြစ်

နိုဝင်္ဘာ (၁) ရက်နေ့

Image
လူတိုင်းဟာ ဘဝတသက်တာမှာ ကျောင်းစတက်ရတဲ့နေ့ကို မမေ့တတ်ကြပါ။ ကျွန်တာ် သူငယ်တန်း စတက်ရတဲ့ နေ့ကိုတော့ မမှတ်မိပါ။ အလည်ပြန်တော့ အဲဒီမူလတန်းကျောင်းကို ရောက်အောင်သွားခဲ့တယ်။ နိုဝင်္ဘာ (၁) ရက်နေ့ဆိုရင် ကျွန်တော့်မှာ မမေ့စရာတခုရှိပါတယ်။ ၁၉၆၅ ခုနှစ် နိုဝင်္ဘာ (၁) ရက်နေ့မှာ ဆေးကျောင်းသား ဖြစ်ပါတယ်။ ဆောင်းဝင်စ အေးမြမြရှိတယ်။ ကြည့်လေရာရာ မြူမှုန်တွေနဲ့ ခပ်ဝါးဝါးသာမြင်ရတယ်။ မန္တလေးဘူတာကြီးကလာတဲ့ ကျောက်မီးသွေး မီးခိုးနံ့က ရနေသေးတယ်။ ကောလိပ်ကျောင်းသားတယောက်ရဲ့ စိတ်ခံစားမှုနဲ့အတူ သူငယ်ချင်းသစ်တွေ တွေ့ရတယ်။ သူတို့အားလုံးနဲ့ သိရခင်ရတာ (၅၃) နှစ်ပြည့်တဲ့နေ့လို့ ပြောနိုင်ပြီ။ အလည်ပြန်တော့ မန္တလေးဆေးကျောင်းရှေ့က လေးငါးခေါက်ဖြတ်ရပေမဲ့ အထဲမဝင်ခဲ့ရပါ။ ကိုယ့်သိသူမရှိ။ ကိုယ်ကသိသူလည်း မရှိလောက်။ အဲဒီကျောင်းမှာ ဆေးပညာမူလတန်းတက်ခဲ့ပါတယ်။ သူငယ်ချင်းတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ

မလုပ်သင့်မလုပ်ထိုက်တဲ့ အွန်လိုင်းပေါ်ကစာအုပ်များ

Image
အွန်လိုင်းမှာ ဒေါင်းလုဒ်လုပ်နိုင်တဲ့စာအုပ်တွေ အများကြီးတင်ထားကြတယ်။ တချို့စာအုပ်တွေက အတော်ကို တန်ဖိုးရှိတယ်။ တချို့စာအုပ်တွေကတော့ မြန်မာ့စွယ်စုံကျမ်း (ဦးနု) လိုတင်ထားတကို နှိပ်ကြည့်လိုက်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းကို ဝန်ကြီးချုပ်ဦးနုက ပြုစာထားခဲ့တာ မဟုတ်ပါ။ ကျွန်တော်က မူရင်းစာအုပ်တစုံလုံးကို အခုတိုင်းပြည်အထိ ရအောင်သယ်ယူလာခဲ့ပါတယ်။ အွန်လိုင်းတင်ထားတာမှာ ပြင်ထားတယ်။ နမူနာနည်းနည်းလေးသာ ထောက်ပြပါမယ်။ အတွဲ (၁) စာမျက်နှာ (၁)။ ကကတစ်။ မူရင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတလျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတမျိုးဖြစ်သည်။ အွန်လိုင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတစ်လျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတစ်မျိုး ဖြစ်သည်။ တ နှစ်လုံးကို တစ် လို့ပြင်ထားတယ်။ ကကုသန်မြတ်စွာဘုရား။ မူရင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပဌမဆုံးပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ အွန်လိုင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ပဌမ ကို ပထမ လို့ပြင်ထားတယ်

High School Drop Out အတန်းပညာ ပမာမထား အောင်မြင်ကြသူများ

Image
အထက်တန်း လောက်တက်ခဲ့ဖူးသူတချို့က ဘွဲ့လွန် ရထားတဲ့ သူတွေထက် အသိဉာဏ် တွေးခေါ်မှုပိုင်း သာတဲ့သူ ဒီကမ္ဘာမှာ ရှိလားဆရာ။ ရှိ။ 1. Abraham Lincoln left school at 12 to help his family farm, and then he became THE PRESIDENT. 2. After failing every subject except English, Al Pacino dropped out of his New York high school to pursue acting. 3. Aretha Franklin dropped out at 15. 4. Before YOLO, there was POLO. Ralph Lauren left Baruch College after two semesters to serve in the U.S. Army. 5. Bill Gates dropped out of Harvard to pursue his love of poetry. Just kidding, he founded Microsoft. 6. Brad Pitt was set to be a JOURNALIST when he dropped out of the University of Missouri two weeks before graduation. 7. David H. Murdock dropped out at 14. 8. David Karp dropped out at 15. 9. F. Scott Fitzgerald left Princeton University because of poor grades. 10. Fierce songstress Natasha Bedingfield withdrew from the University of Greenwich after a year to focus on singing. Good ch

နံရံပေါ်ကစာ

Image
ဆရာရှင့်။ ကလေးကတနှစ်ခွဲ ယောက်ျားလေးပါ။ နေကြာစေ့လိုအစေ့အဆံတွေကျွေးရင် ဦးနှောက်ဖွံ့ဖြိုးစေတယ်လို့ ပို့စ်တခုမှာဖတ်ဖူးပါတယ်။ တချို့ကလည်း ကလေးငယ်ရင် မကျွေးရဘူးလို့ပြောကြတယ်။ ကျွေးလို့ရမရ သိပါရစေဆရာ။ ဘယ်စာမဆို ဘယ်သူရေးသလဲ သိရမယ်။ ဆေးပညာနဲ့ ကျန်းမာရေးစာ ဆရာဝန်ရေးတာ ဟုတ်ရဲ့လား သိရမယ်။ သတင်းကို လူလေးစားခြင်းခံရတဲ့ သတင်းဌာနကလာတာ ဟုတ် မဟုတ် သိရမယ်။ ဖေ့စ်ဘွတ်ဆိုတာ သာလာယံဇရပ်လိုပဲ။ လူ ၂ ယောက် တပိုင်းကပြောတာကို နာမည်ကြီးလို့ဆိုပြီး နေ့တိုင်းမေးနေကြတယ်။ လမ်းဘေးမှာ လော်စပီကာနဲ့အော်တိုင်း အမှန်တွေလို့ မထင်ပါနဲ့။ စင်မြင့်ပေါ်မှာ ပရိုဂျက်တာနဲ့ထိုးပြတိုင်း ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဆရာဝန်တောင်မှ သက်ဆိုင်ရာရောဂါအတွက် အထူးကုဆရာဝန်က ကျွန်တော်လို ရိုးရိုးဆရာဝန်ထက် ပိုမှန်တယ်။ သင့်အသံ တုန်ရီနေပေမဲ့ အမှန်ကိုသာပြောပါ။ ဒေါက်တာတင့်ဆွေ

ASV မြွေဆေး သို့မဟုတ် ဝေါဟာရနိုင်ငံရေး

Image
လူရင်းတယောက်ကတင်ထားတယ်။ တချိန်ကတိုင်းပြည်မှာ BPI ဆေးဟာ ပြည်ပထိနာမည်ကြီးခဲ့ပါတယ်။ အခုပြန်လုပ်ဖို့ အချိန်ရောက်ပါပြီတဲ့။ မဆလ ခေတ်မှာ တခုတည်းသာရှိတဲ့၊ ဘီပီအိုင်ကနေ ဆေးတွေထုတ်တယ်။ မြန်မာ့ဆိုရှယ်လစ်ခေတ်စက်ရုံတွေ ရာထောင် ရှိခဲ့တာထဲမှာ တခုတည်းသော အရည်အသွေးမီစက်ရုံဖြစ်တယ်။ ဆေးရုံတွေက ခွဲတမ်းနဲ့သာဆေးတွေရတယ်။ ဆေးဂိုထောင်က တာဝန်ရှိသူတွေနဲ့ ခင်အောင်မင်အောင် ပေါင်းခဲ့လို့ မြွေဆေး လုံလောက်လုနီးပါးရခဲ့တယ်။ မြန်မာပြည်က လူနာတွေအတွက် ဘီပီအိုင်ကထုတ်တဲ့ မြွေဆေးကို အမေရိကန်ထုတ် အင်္ဂလန်ထုတ်တွေက မမီပါ။ ကိုယ့်မြွေနဲ့ထုတ်တဲ့ဆေးဖြစ်လို့။ အခု ဘီပီအိုင်အမည်နဲ့ လုပ်နေပြီလို့ မေးခွန်းတွေအရသိရတယ်။ ဘီ ကို အင်မ် ပြောင်းလို့ ပိုမကောင်းနိုင်တာတွေ အများကြီးတွေ့ရတယ်။ အဲလိုမပြောင်းရင် လုပ်ခွင့်မရှိတဲ့။ တနေ့က ကုမ္ပဏီအမည်အတွက် အင်္ဂလိပ်စာလုံးပေါင်း တယောက်က မေးပါတယ်။ ယျ ကို ဘယ်လိုပေါင်းမလဲတဲ့။ ဝိုင်အေ နဲ့ ပေါင်းမရတဲ့။ ဟာ့ ဘာလို့လဲ။ အရင်တခုက အဲဒီစာလုံးပေါင်းနဲ့ မှတ်ပုံတင်ပြီးသားရှိလို့တဲ့။ အော့့် ဝေါဟာရကို နိုင်ငံရေးလုပ်တာနဲ့ အလုပ်များနေကြတယ်။ အရေးကြီးတာက မြွေဆေးကောင်းကောင်းကို လုံလောက်အောင် ထုတ်ဖို့သာဖြစ်တယ်။ ဒေါက

Footsteps ခြေရာ

Image
ဆေးကျောင်းနေဘက်တယောက်က သြစတြေးလျရောက်နေသတဲ့။ အဲဒီနေရာတခေါက်ရောက်ခဲ့တယ်။ ကျွန်တော့်ခြေရာ ရှာခဲ့ပါ။ သမီးကလည်း ကမ္ဘောဒီးယားရောက်နေသတဲ့။ အဲဒီကို ၄-၅ ခေါက်ရောက်တယ်။ အန်ကာဝပ်မှာ အဖေ့ခြေရာကျန်ခဲ့တယ်။ ပြည်ပြေးတယောက် ဟိုရောက်သည်ရောက်။ ခြေရာတွေသာ ထပ်လိုက်ရင် မင်းရွာနဲ့ ကျောက်တောင်ကြားက ယမားချောင်းထဲက လက်ယက်တွင်းထက် နက်မယ်။ လက်ယက်တွင်းရေ စိတ်ရှည်ရှည်နဲ့ ခပ်ယူရတယ်တယ်။ ပြည်ပနိုင်ငံရေးမှာ ရေတစက်နှစ်စက်ထွက်ဖို့ရာ နှစ် ၂ဝ ကျော်ကြာခဲ့တယ်။ ဒေါက်တာတင့်ဆွေ ၃၀-၁၀-၂၀၁၈

ဥတုဘောဇန သင်္ဂဟကျမ်း

Image
သားတယောက်က လှမ်းပြောတယ်။ ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇန သင်္ဂဟကျမ်း ရောက်လာပြီဗျ။ အော့့် ပြင်ရိုက်လား ဟုတ်မယ်။ ၁၉၉၆ ထုတ် အဲတာဆိုရင်တော့ မဖတ်ချင်။ ရွှေပြည်ဝန် ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့စာအုပ်ကို ဒုတိယအကြိမ်ရိုက်နှိပ်စဉ်က စစ်အစိုးရလက်ထက်ထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းအတိုင်း ပြင်ဆင်ထုတ်ဝေခဲ့ရကြောင်း ပါရှိပါတယ်။ မူရင်းကျမ်းကို ဦးဘိုးလှိုင်ရဲ့ ရေးထုံးမူအတိုင်း ထားရှိပါသည်လို့လည်းပါရှိပါတယ်။ အဲလိုတိကျရှင်းလင်းစွာ ရေးသားဖေါ်ပြထုတ်ဝေခြင်းဟာ အလွန်လေးစားစရာကောင်းပါတယ်။ ခုခေတ်မှာ သတ်ပုံပြင်ထုတ်စာအုပ်တွေက ပြင်ထုက်ပြန်ထုတ်တွေပဲ မှန်သလိုလို ရောင်ဝါးဝါးလုပ်နေကြတယ်။ ပညာရှိရာမကျကြောင်းပါ။ ဒေါက်တာတင့်ဆွေ ၃၀-၁၀-၂၀၁၈

ကျွန်ုပ်၏နှမများကို အောက်မေ့ပါသည်

Image
အောင်းမေ့လား အောက်မေ့လားဆရာ။ မောင်နှစ်မလား မောင်နှမလားဆရာ။ အောက် အထက်အောက် အောက်ကျို့ အောက်ကျနောက်ကျ အောက်ခံ အောက်ချင်းငှက် အောက်တိုဘာလ အောက်ပိုးကျိုက် အောက်မားဆင် အောက်မဲညို အောက်ပြန်သံစဉ် အောက်သက်ကျေ အောက်မေ့လွမ်းဆွတ် အောက်ခြေ အောက်ခြေလွတ် အောက်ခြေသိမ်း နှ စိတ်နှလုံး နှစ်မသားချင်း နှမသားချင်း နှမိနှမြော = စုံမက်ချစ်ခင်ခြင်း နှရွဲ = ရှုံ့မဲ့၍ငိုသည် နှရား = ကြော်ဖွယ်လုလု၊ ကြောက်ကြိမ်းသည် နှလုံးကျဉ်းမြောင်း နှလုံးခုန် နှလုံးတုန် နှလုံးမရွှင် နှလုံးရည် နှလုံးကောင်းဝန်စီး နှလုံးမွေ့လျော် နှမြော = စုံမက်မြတ်နိုင်းသည် ဒေါက်တာတင့်ဆွေ

Prenatal Diagnosis of Microcephaly ကိုယ်ဝန်မှာ ကလေးဦးခေါင်းအရွယ် စစ်ဆေးခြင်း

Image
မင်္ဂလာပါဆရာ။ သမီးက အသက် ၃၅ နှစ်၊ ကိုယ်ဝန်ဆောင်တဦးပါ။ ဇီကာပိုးရှိတဲ့ခြင် ကိုက်ခံရရင် တချို့က ရောဂါလက္ခဏာပြတယ်၊ တချို့ကမပြဘူးလို့ သိထားပါတယ်။ သမီးသိချင်တာက ဇီကာဖြစ်ပင်မယ့် ရောဂါလက္ခဏာမပြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင် Ultrasound ရိုက်ခြင်းဖြင့် ဇီကာဖြစ်နေကြောင်း သိနိုင်ပါလားဆရာ။ ဘာဖြစ်လို့လဲဆိုတော့ Ultrasound ရိုက်တဲ့အခါ ကလေးဦးခေါင်းပိုင်း အတိုင်းအတာ (HC) ကိုကြည့်ခြင်းဖြင့် ကလေးဟာ ဦးခေါင်းသေးနေလား ပုံမှန်လား သိရခြင်းဖြင့် ဇီကာဖြစ်မဖြစ် ခန့်မှန်းနိုင်သလားလို့ပါ။ တကယ်လို့ ကိုယ်ဝန် ၈လ/၉ လမှာ Ultrasound ရိုက်တဲ့အထိ HC ပုံမှန်ဆိုရင် ဇီကာမဖြစ်ဘူးလို့ ယူဆလို့ရနိုင်ပါသလားဆရာ။ ကိုယ်ဝန်ဆောင်တိုင်းမှာ အာလ်ထွာဆောင်းရိုက်တယ်။ အများအားဖြင့် ကိုယ်ဝန် ၁၈ ပတ်နဲ့ ၂ဝ ပတ်မှာစရိုက်ပါတယ်။ အထဲကကလေးမှာ Microcephaly ဦးခေါင်းအရွယ်အစား သေးနေတာနဲ့ Intracranial calcifications ဦးခေါင်းတွင်း ကယ်လ်စီယန်ဖြစ်စဉ်ကိုတော့ ၃ လနဲ့ ၆ လကြားမှသာသိမယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရရင် ကလေးဦးနှောက်သေးတာ ဖြစ်နိုင်တယ်။ ခေါင်းသေးတာသာမက တခြားဦးနှောက်ရောဂါလည်းဖြစ်တတ်တယ်။ ကလေးအထဲမှာ ဆုံးတာလည်း ဖြစ်နိုင်တယ်။

မတောက်တခေါက်

Image
ဒေလီမှာနေစဉ်ကဖွင့်ခဲ့တဲ့ ယမုန်ဆေးခန်းက ဆရာမလေးတယောက်က တင်ထားတယ်။ သူက တီးတိန်သူ၊ ခရစ်ယန်။ မတတ်တခေါက် တက်တခေါက်နဲ့ အရိုနချာ ကောလိပ်ကျောင်းသားတွေကို တရားသွားဟောခွင့်ရတယ် မတတ်တတတ်လို့ ရေးရတယ်။ မတောက်တခေါက်လို့ ရေးရတယ်။ တစ်ခေါက်လို့မရေးတာ ရွှေဗမာတွေထက် မှန်တယ်။ ဒေါက်တာတင့်ဆွေ Niang Bawi

သူငယ်ချင်းဖြစ်၏

Image
ဆေးမန်းမှာ အတူစာသင်ခဲ့တဲ့ သူငယ်ချင်းတယောက်ကရေးတာလို့ တခြားသူငယ်ချင်းကတင်ပေးထားတာတွေ့တယ်။ ကျေးဇူး။ တစ်ခဏသာ၊ နေ့တစ်ဒူဝလို့ မရေးသူသည် သူငယ်ချင်းဖြစ်၏။ မကြာမီ တစ်ရားလို့ ရေးကြတော့လတ္တံ။ ဒေါက်တာတင့်ဆွေ

အဲ အဲ့ အိုက် အာ

Image
၁။ ဆရာရှင့် အသက်က ၂၂ ပါ ရာသီရက်မမှန်လို့ပါရှင့့် အိုက်တုံးကလဲရက်ကျော်လို့စိတ်ပူပြီးဆီးစစ်ခဲ့ပေမယ့့် အိုက်ဆိုတာ ပူအိုက်တာ။ ၂။ အိုက်ကလည်း အစားထိုး စာလုံးတခုတိုးတာဖြစ်မယ်ထင်ရဲ့ အိုက်ဆိုတာ ပူအိုက်သည်၊ အိုက်စပ်စပ်၊ အိုက်စပ်ပူလောင်။ အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်းကို အလွယ်ခေါ်တာ အိုက်။ ၃။ သမီးက ဒုတိယကိုယ်ဝန်လိုချင်ပါတယ် တားဆေးလည်းမစားပါဘူးရှင့် သက်ဦးခလေးတုန်းက ၁နှစ်ပြည့်တဲ့အချိန်မှာ ၅နှစ်ခံထည့်ထားပါတယ် အာလာထုတ်ပီကတည်းက ကိုယ်ဝန်မရတာဘာကြောင့်ပါလဲ့ သက်ဦးခလေး မဟုတ်။ သားဦးကလေးလို့ ရေးရတယ်။ အာလာထုတ်ပီ မဟုတ်။ အဲတာထုတ်ပြီးလို့ ရေးရတယ်။ အဲတာ၊ အဲဒါလို့ ပြောကြတယ်။ အဲတာက စာဆန်တယ်။ အဲဒါက စကားပြောဆန်တယ်။ အဲဒီဟာ၊ အဲသည်ဟာ၊ အဲဟာလို့လည်းပြောကြတယ်။ ဟာဆိုတာ မရေတာတခုခု။ တာက သေချာတယ်။ အဲ့လို့ရေးရင် အောက်မြင့်က ၏သဘောဖြစ်တယ်။ အဓိပ္ပါယ်ကတော့ ဆိုးတယ်။ အညစ်အကြေးကို အဲ့အဲ့လို့သုံးပါတယ်။ ကလေးငယ်လေးတွေကို မထိမကိုင်စေချင်ရင် အဲ့အဲ့တွေလို့ ပြောကြတယ်။ သတ်ပုံစာအုပ်တွေမှာ အဲတာလည်းမပါ။ အဲဒါလည်းမပါ။ အဲ့တာလည်းမပါ။ စကားအသုံးတွေသာဖြစ်တယ်။ ဤ၊ ၎င်း၊ ယင်း၊ အနှီ၊ ထို၊ သဘောသုံးတယ်။ ပြောပြီးသားအရာလို့ ပြောတဲ့သူရော

Trafficking for Organ Trade ကိုယ်အင်္ဂါအစိတ်အပိုင်း မှောင်ခိုရောင်းဝယ်ရေး

Image
ဒေါက်တာ ဦးတင့်ဆွေရှင့် အာအက်အေက ကိုယ်တွင်းအင်္ဂါ မှောင်ခိုဈေးကွက်နှင့် မြန်မာနိုင်ငံအကြောင်း ဆရာ့ရဲ့ ဆွေးနွေးချက်ကို နားဆင်လိုက်ရပါတယ်။ ဆရာက ဆရာဝန်လဲဖြစ် ၁၉၉ဝ အနိုင်ရအမတ်၊ နိုင်ငံရေးသမားလဲဖြစ်လို့ ဒိကိစ္စကိုစဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာပေးပါရန် အထူးမေတ္တာရပ်ခံပါတယ်။ ဒီကိစ္စဟာ မြန်မာပြည်အတွက် issue အသစ်တခုဖြစ်လာနိုင်တာသေချာပါတယ်။ ဆွေးနွေးချက်များကို ကျွန်မတို့လဲ သဘောတူပါတယ်။ စိတ်ဝင်စားပါတယ်။ ကျေးဇူးပါဆရာ။ လေးစားစွာဖြင့် ကျေးဇူး။ RFA ကနေမေးလို့ လက်တန်းဖြေလိုက်ရပါတယ်။ ထိုင်းနယ်စပ်မှာ ကိုယ်အင်္ဂါအစိတ်အပိုင်း မှောင်ခိုရောင်းဝယ်ရေးဂိုဏ်းတခု ဖမ်းမိတဲ့သတင်းနဲ့ ဆက်မေးတာဖြစ်ပါတယ်။ အဓမ္မခိုင်းစေမှု၊ လူမှောင်ခိုမှု၊ ကလေးသူငယ်ရောင်းဝယ်မှု၊ မိန်းကလေးတွေနဲ့ ကလေးသူငယ်တွေကို လိင်အတွက် ရောင်းဝယ်မှု စတာတွေနဲ့အတူ အသစ်ဖြစ်လာတဲ့ နယ်စပ်ဖြတ်ကျော်မှောင်ခိုရောင်းဝယ်ရေးဖြစ်လာပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်း မှောင်ခိုရောင်းဝယ်တာဟာ ရာဇဝတ်မှုဖြစ်ပါတယ်။ ခံရသူဆိုတာ အသက်အရွယ်မရွေးပါ။ ကျောက်ကပ်၊ အသည်းတွေကိုအများဆုံးဖြစ်တယ်။ (၃) မျိုးရှိတယ်။ ပဌမအမျိုးအစားမှာ အတင်းအကြပ် ဒါမှမဟုတ် လိမ်လည်လှည့်ဖျားပြီးလုပ်တာ။ နောက် လှူမဲ့၊ ရောင်း

Interviews အသံကြား အားတက်ပါစေ

Image
တချိန်က BBC မှာ ဆရာ လွှင့်ဖူးသလားလို့ပါ BBC လား BOA လား သမီးငယ်ငယ်ကတည်းက ဒေါက်တာတင့်ဆွေဆိုတဲ့ နာမည်ကို ကြားဖူးတယ် အသံလွှင့်ဖူးတယ်လို့ ထင်လို့ပါဆရာရှင့် သမီးငယ်ငယ်ကဆို ရေဒီယို အမြဲ နားထောင်ခဲ့တာလေ ဟုတ်တယ်။ အရင်က BBC, VOA, RFA, DVB ရေဒီယိုတွေက မကြာခဏ မေးလို့ ဖြေခဲ့တယ်။ ပြည်ပနိုင်ငံရေးကာလ ၁၉၉၁ ကနေ ၂ဝ၁၄ အထိကြာခဲ့တယ်။ ကျွန်တော်က အိန္ဒိယမှာနေခဲ့တယ်။ အဲဒီ ပြည်ပရေဒီယိုတွေကနေ မေးကြပါတယ်။ အထူးသဖြင့်တော့ အိန္ဒိယမှာဆောင်ရွက်နေတာတွေကိုမေးတယ်။ DVB TV ပေါ်လာတော့လည်း အသံသာမက လှုပ်ရှားမှုတွေပါ လွှင့်ပေးပါတယ်။ အဲတော့မှ ရွာကအမျိုးတွေက ကျွန်တော် သေပြီလိုလို ထောက်လှမ်းရေးကသတင်းလွှင့်တာ ကြားနေရတာမို့ ဝမ်းသာကြသတဲ့။ ကျေးဇူး။ ဒေလီမြို့မှာ အင်္ဂလိပ်ဘာသာနဲ့လွှင့်တဲ့ တီဗွီတွေကနေလည်း အတော်များများဖြေခဲ့ရသေးတယ်။ တခါတခါ စတူဒီယိုတွေအထိသွားပြီး စကားပြိုင်ပြောရတယ်။ ဒေါ်စုနေအိမ်အကျယ်ချုပ်ကလွတ်တော့ ကျွန်တော်နေတဲ့အိမ်အထိ ကားခေါင်မိုးမှာ စလောင်းကြီးနဲ့ လာပြီးဗျူးတယ်။ အိမ်ရှေ့လမ်းက သိပ်မကျယ်လို့ ကျယ်တဲ့လမ်းဆုံမှာ ကုလားထိုင်တလုံးနဲ့ ဖြေရတယ် တချို့က ဘောလီဝုဒ်ရုပ်ရှင်ရိုက်တာမှတ်နေကြတယ်။ Smile! ၂၀၀၇ သံဃာတော်များလှုပ်ရှားမှုကာလမှာတော

ဘုရားစင်

Image
ဘုရားစင်ပုံနဲ့စာတင်တိုင်း လာတတ်တဲ့ကွန်မင့်တွေရှိတယ်။ နမူနာနည်းနည်းသာထည့်ပါမယ်။ ၁။ ဘုရားကျောင်းဆောင် (ဘုရားစင်လို့ရေးတာအောက်က ကွန်မင့်) ၂။ ဆရာ တခုနော် ဘုရားစင်လို့ ခေါ်တာထက် ဘုရားကျောင်းဆောင်လို့ ခေါ်တာက ပိုများသပ္ပါယ်မလားလို့ပါဆရာ။ ဆရာလုပ်တာမဟုတ်ပါဘူး။ ကျနော့်အတွေးလေးကို ပြောပြတာပါ။ ၃။ ဘုရားစင်မဟုတ်ပါဘူး။ ဘုရားကျောင်းဆောင်လို့ ခေါ်သင့်ပါတယ်ရှင့်။ ဖိနပ်စင် ပန်းကန်စင် စာအုပ်စင်တို့လို အရာဝတ္ထုတွေတင်တဲ့ စင်မျိုးမဟုတ်ဘဲ မြတ်စွာဘုရား ကိန်းစံဝတ်စံမြန်းရာ ဘုရားကျောင်းဆောင်ပါရှင့်။ မြတ်စွာဘုရားဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ်ကို ရောက်ခဲ့ပါတယ်။ ကျောင်းတော်ကြီးမှာ မဟုတ်ပါ။ သတ္တဌာနမှာ ခုနစ်ရက်ခုနစ်လီ မဟာဗောဓိညောင်ပင်ကို စူးစိုက်ကြည့်တော်မူခဲ့တယ်။ (၄၉) ရက်တိတိ ဘယ်ကျောင်းမှ မရှိသေးပါ။ အဲဒီနောက်မှာ မိဂဒါဝုန်ကို ခြေလျင်ခရီးကြွတယ်။ လမ်းမှာ ကျောင်းတော်၊ ဇရပ်ရှိတယ်လို့ မဖတ်ဖူးပါ။ မြတ်စွာဘုရားဟာ သံဃာတော်တချို့ကိုအကြောင်းပြုပြီး၊ ပလလဲတောမှာ တပါးတည်း ဝါကပ်တော်မူပါတယ်။ မီးတင်းကုပ်မှာလည်း သီတင်းသုံးဖူးသေးတယ်။ နောက်ဆုံး ကုသိနာရုံ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံဝင်ပါတယ်။ ကျောင်းတော်ကြီးတွေမှာ မဟုတ်ပါ။ က

FB Medicines သူများစီးပွါးရေးလည်း အားနာရတယ်

Image
ဆရာ ဒီလိုသောက်ရင် တကယ်ပဲ အဆုတ် သန့်စေပါသလား ခဗျ fb ပေါ်ခဏ ခဏ တွေ့တွေ့နေလို့ပါ အဲလိုဟာတွေအတွက် အချိန်ပုပ်မခံလိုပါ။ တမျိုးပြီးတမျိုး တခုပြီးတခု တယောက်ပြီးတယောက်က မေးကြတယ်။ ကျွန်တော့်မှာ သူများစီးပွါးရေးလည်း အားနာရတယ်။ မနေ့ကပဲတင်ထားသေးတယ်။ ဗြိတိန်နိုင်ငံသားတယောက် လက်ဖက်ရွက်ဆေးတမျိုးသောက်ရာကနေ အသဲပျက်စီးလို့ အစားထိုးရတယ်။ အဆုတ်သန့်ဆေး မရှိပါ။ သားအိမ်သန့်ဆေး မရှိပါ။ သွေးသန့်ဆေး မရှိပါ။ ဦးနှောက်ကောင်းဆေးမရှိပါ။ ၁၆ နှစ်သမီးလိုပြန်ဖြစ်တဲ့ဆေး မရှိပါ။ မေးခွန်းပါပုံတွေတင်ရင် ကျွန်တော့်မှာ သူများစီးပွါးရေး အားနာရတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁၀-၂၀၁၈

Feedback ဖိဒ်ဘက် ဖေ့စ်ဘွတ်မဟုတ်

Image
မြန်မာပြည်ကအလည်ပြန်လာသူ အိမ်ကိုလာလည်တယ်။ ကျွန်တော်က ပြည်ပနိုင်ငံရေးလုပ်နေစဉ် နှစ် ၂ဝ ကျော်အတွင်း ပြည်တွင်းကနေလာသူတိုင်းကို သွားတွေ့တယ်။ အိမ်ကို ထမင်းဖိတ်ကျွေးတယ်။ ဆွမ်းကပ်တယ်။ မြန်မာပြည်အကြောင်း မေးပါတယ်။ ၁၉၆၁-၁၉၈၈ အတွင်းမှာ ၅ နှစ်စီမံကိန်းတွေ ၅ နှစ်တခါအောင်မြင်တယ်လို့ ဖတ်ရတယ်။ ၁၉၈၈-၂၀၁၅ အတွင်းမှာ လမ်း မိုင်ဘယ်လောက်၊ တံတားဘယ်နှစ်ခု၊ ကျောင်းဘယ်နှစ်ကျောင်း၊ ဆေးရုံဘယ်နှစ်ရုံဆိုတဲ့ တိုးလာတဲ့ကိန်းဂဏန်းတွေ နေ့တိုင်း သတင်းစာမှာပါတယ်။ ကနေ့လာသူက သူအရင် ၃ နှစ်ကတခေါက်ပြန်တာနဲ့ ကွာတာတွေတွေ့တယ်တဲ့။ ခက်ခက်ခဲခဲတွေရှိနေသေးတာမှန်ပေမဲ့ လူတွေက အသိတရား ပိုရှိလာကြတယ်လို့ ထင်ပါသတဲ့။ ကျွန်တော်က လူတွေကို ပိုသိချင်တာ။ အသိဉာဏ်ပညာနဲ့ စိတ်နေစိတ်ထား။ ခပ်တုံးတုံးတွေ နည်းစေချင်တာ။ အညာခံချင်သူတွေ နည်းစေချင်တာ။ ခြေနဲ့လက်သာသုံးသူတွေ နည်းပြီး၊ နှလုံးသားနဲ့ ဦးနှောက်သုံးတတ်သူတွေ များစေချင်တာ။ ဒေါက်တာတင့်ဆွေ ၂၈-၁၀-၂၀၁၈

ပတ်ဝန်းကျင်

Image
သီချင်းတပုဒ်တင်ထားတာ တွေ့တယ်။ ပါတ်ဝန်းကျင်လို့ရေးတာ မှားနေတယ်။ ပတ်ဝန်းကျင်လို့ ရေးသင့်တယ်။ တဖက်သတ်နဲ့ လူတဖက်သား ရေးတာတွေက မှန်တယ်။ ပတ် ကမ္ပတ်အိမ်၊ ခရုပတ်၊ ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊ ငါးကြီးအန်ပတ်၊ စီကာပတ်ကုံး၊ ညစ်ပတ်၊ တံခါးပတ္တာ၊ တသက်ပတ်လုံး၊ တာလပတ်၊ တနှစ်ပတ်လုံး ပဋ္ဋိပတ်၊ ပတ္တမြား၊ ပတ္တလား၊ ပတ္တရောင်လှည့်၊ ပတ္တကျည်ပင် ပတ္တပိုဏ်ဓူတင် ပတ္တမြား ပတ္တလား ပတ္တာ (တံခါး) ပတ္တာခံ ပတ္တာမြေ ပတ္တူစ ပတ္ထနာဆုတောင်း ပတ်ကုံးဝန်းကျင် ပတ်ချွဲနပ်ချွဲ ပတ်ချာလည် ပတ်စာခွာဖျာသိမ်း ပတ်တီးစည်း ပတ်တုတ် ပတ်ပတ်နပ်နပ် ပတ်ပတ်လည် ပတ်ပျိုးသီချင်း၊ ပတ်ကြမ်းတုတ် ပတ်ခြံ ပတ်မကြီး ပတ်ယတ်လက္ခဏာ ပတ်ရံ ပတ်ရစ်၊ ပတ်လည် ပတ်လမ်း၊ ပတ်လွှမ်း၊ ပတ်ဝန်းကျင် ပတ်သက် ပတ်ခြောက်က ပတ်မြှောင် ကြိုးနဲ့ပတ်၊ ရင်ပတ်၊ ရိုင်ပတ်ဖျာ၊ ရုပ်ပတ်၊ လုံးပတ်ပင်စည်၊ လည်ပတ်ပုဝါ၊ သုံးလေးပတ် (ပတ်လှည့်ခြင်း)၊ သမာပတ်၊ အနားပတ်၊ အပတ်တကုတ်၊ အာပတ်၊ အကြောင်းဗျုပ္ပတ်၊ ဥပပတ်၊ ကွေ့လည်ကြောင်ပတ်၊ ထောပတ်၊ လျောက်ပတ်တင့်တယ်၊ ဝေ့လည်ကြောင်ပတ်၊ ပါတ် ဇာတ်နိပါတ်တော်၊ တနင်္ဂနွေပါတ် (ကဝိဓဇသတ်ပုံကျမ်း)

တော်သလင်း ဆီးနှင်းတပြိုက် မိုးတလိုက်

Image
မောင်ထွန်းသူဘာသာပြန်စာအုပ်အဖုံးမှာ နှင်းကြွင်းတစ်ပြိုက် နွေတစ်ရှိုက်လို့ဖတ်ရတော့ အတော်ကို ထောင့်နေ ထစ်နေတယ်။ ကျွန်တော်တို့ စာတတ်ကတည်းကဖတ်လာ ရွတ်ဆိုလာတာက ဆီးနှင်းတပြိုက် မိုးတလိုက်လို့ တန်ဆောင်မုန်းလကို ဖွဲ့ဆိုပါတယ်။ တန်ဆောင်မုန်းမိုး၊ ကန်ကျိုးအောင်ရွာ။ တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ။ တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ။ မီးပန်းပွင့်တုန်း တန်ဆောင်မုန်း။ ဥတု ရာသီတွေ မှန်ပါစေ။ သဒ္ဒါ သတ်ပုံတွေ မှန်ပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၁၀-၂၀၁၈

ဝေ

Image
သူ့ဘုရားစင် ဓါတ်ပုံရိုက်ပါဦးတဲ့။ ပန်းတွေနဲ့ အသီးတွေ ဝေနေတယ်။ ဝေတယ်ဆိုတာ လိုချင်သူတွေကို ပေးတာမှာလည်းသုံးတယ်။ ယူလိုသူတွေကို ညီတူမျှတူဝေလိုက်ပါတယ်။ ရကြပါစေသတည်း။ အနည်းဆုံးတော့ ပသာဒ။ ယူတတ်သူတွေက ဒိထက်မက။ ဒေါက်တာတင့်ဆွေ ၂၈-၁၀-၂၀၁၈

ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ

Image
တူတော်မောင်တယောက်က ခွေးကလေးနဲ့ကစားနေတဲ့ပုံတွေ့လို့။ ပြီကိုပီလိုရေးတဲ့မေးခွန်း တနေ့မှာ ၄၅-၁၀ ယောက် လာတယ်။ မင့်ပုံကိုယူသုံးလိုက်ရင် ပီလို့ရေးသူ အယောက် ၂၀ ဖြစ်မှာစိုးလို့။ ၁။ ကျတော့်ကလေးက ၉လ ရှိပါပီ ဝမ်းသွားတာ ၅ရက်ရှိပါပီ အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ ပီးတော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး ကလေးတွက် ဝမ်းသွားနေချိန်မှာ အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပါပီ ၂။ Share ပါပီ ဆရာ ၃။ ဟုတ် ကျေးဇူးပါ ဆရာ ဖတ်ပီးပါပီ ပီ စကားပီပီ (စကားပြီပြီ) ပီနံသီး ပီပီပြင်ပြင် ပီလာ = ဧကန်မုချ၊ အမှန် ပီလားကောင် ပီလာကြိုး ပီသ ပီလောပင် ပီလောပီနံပင် ပီအောင်ဆို မိန်းမပီပီ ရဟန်းပီပီ ခွေးကလေးပါပီ ယောက်ျားပီသသည် ပြီ ချစ်မိနေပြီ ချမ်းသာပြီ စကားပြီ စားပြီးပြီ တန်ပြီ မွဲပြီ မှန်ပြီ များလေပြီ ပြန်လာပြီ ပြီးပါပြီ ပြီတီတီ ပြီပြီသသ လာပါပြီ သွားလေပြီ ဟုတ်လှပြီ အချိန်သင့်ပြီ အဆင်သင့်ဖြစ်ပြီ ကောင်းပြီ တော်ပြီ သေပြီ ပြီး ပြီးကပစ်လုပ်သည်၊ ပြီးခိုင် = ပြည့်စုံသည် ပြီးစလွယ်လုပ်သည်၊ ပြီးစီးသွားပြီ၊ ပြီးဆုံးသည

Widowhood မုဆိုးမ

Image
မနေ့က တခုလပ်။ ကနေ့ မုဆိုးမ။ နိုင်ငံရေး မဟုတ်ပါ။ သူအရင်လား၊ ကိုယ်အရင်လားဆိုတာ စဉ်းစားမိကြတယ်။ သူရဲကောင်းတယောက်ရဲ့ မုဆိုးမဖြစ်ရတာဟာ သူရဲဘောကြောင်သူရဲ့ မိန်းမဖြစ်ရတာထက် သာလွန် ကောင်းမွန်တယ်တဲ့ ဒေါ်လိုရီ အီဗာရုရီကပြောတာ။ ကျမဟာ ပျော်စရာကောင်းပြီး ပြည့်စုံတဲ့ဘဝတခုထူထောင်ဘို့ကြိုးစားနေမိတာ မှားတာပဲ။ ဘာလို့လဲဆိုတော့ ကျမရဲ့ နှလုံးသားက သေဆုံးသွားတဲ့ယောက်ျားရဲ့ရင်ထဲမှာ မြုပ်ထားပြီးခဲ့ပြီမဟုတ်လားတဲ့ ခရစ်စတိန် ဟုပ် မက်ဇိုလာကရေးတာ။ ကျွန်တော်တို့လည်း သူအရင်လား၊ ကိုယ်အရင်လားဆိုတာ စဉ်းစားမိကြ၊ စကားစပ်မိကြတာ သုံးလေးနှစ်လောက် ရှိပြီ။ ကျွန်တော်ဇနီးက သူအရင်သာဖြစ်ချင်တယ်လို့ ပြောဘူးတာကို ထည့်ရေးရမလား၊ မရေးပဲ ထားရမလားနဲ့ အခုသာ ရေးပါတယ်။ ဒီစာရေးတာ လေးနှစ်တိတိ ကျွန်တော်တို့နှစ်ယောက် ဂုံနီအိတ်စွပ် သုံးချောင်းထောက် လျှောက်နေကြဆဲ။ ဒေါက်တာတင့်ဆွေ ၂၈-၁ဝ-၂ဝ၁၄ ၂၈-၁ဝ-၂ဝ၁၈