Questions 31-10-2018

Unknown woman # 1

မင်္ဂလာပါ ဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဆရာ ကျွန်မဆေးစားတာ တစ်နှစ်ကျော်စားပါတယ် အိမ်ထောင်သက်တမ်းက သုံးနစ်ကျော်ခဲ့ပါပြီ ကလေးရနိုင်အောင်ဘာဆေးစားရမှာလည်းလမ်းညွန်ပြပါအုံး

မေးနည်း ပို့ပြီး။ အသက် ရာသီ မပြောလိုသူအတွက် ဘလော့လင့် ပေးထား။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown man and woman # 1

အသက် မသိ ရာသီ မသိ

ဆရာရေ ကလေးအကြီး ၁ နှစ်နဲ့ ၃လ နောက်ကလေးယူချင်တယ် ရပါသလား

အသက် မသိ ရာသီ မသိ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown woman # 2

Diarrhea မေးနည်း ပို့ပြီး

ဆရာ မင်္ဂလာပါရှင့် သမီးမေးစရာရှိလို့ပါ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဒီကနေမေးလို့ရလားရှင့်

မေးနည်း ပို့ပြီး

အသက်က ၁၉နှစ်ပါ မ ပါ ဝမ်းသွားတာ ကြာပြီရှင့် ထမင်းလဲမစားနိုင်ဘူးသိပ်ပြီး လူလဲအရမ်းပိန်သွားတယ် လမ်းနည်းနည်းလျှောက်တာနဲ့မောတယ် အဲ့တာဘာဖြစ်တာလဲရှင့်

Diarrhea ဝမ်းပျက်ခြင်း https://doctortintswe.blogspot.com/2018/03/diarrhea.html
နာတာရှည်ဝမ်းပျက်ခြင်းက တမျိုးရှိသေးတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown man # 1

အသက် မသိ ဒါပေမဲ့ အဖြေလင့် ပို့ပါတယ်

မင်္ဂလာပါ ဆရာခင်ဗျ မေးစရာလေး ရှိလို့ပါဆရာ ကျွန်တော် တကိုယ်လုံး ဘာကြောင့်မှန်းမသိ ယားနေလို့ပါဆရာ ကုပ်ရင်လည်း အပိန့်တွေ ဖြစ်လာတယ်ဆရာ ပြီးတော့ အသားရောင်က အနီပြင်တွေ ဖြစ်တယ်ဆရာ တကိုယ်လုံး မနေနိုင်အောင်ယားပါတယ် ဆရာ ကျွန်တော်ထင်တာ allergic ဖြစ်တာများလားဆရာ မနေနိုင်အောက်ကို ယားတာပါဆရာ။ ဘာဆေးများ သောက်ရမလဲ လမ်းညွှန်ပေးပါဦး ဆရာခင်ဗျာ ကျေးဇူးတင်ပါတယ်

အသက် မသိ။ ဒါပေမဲ့ အဖြေလင့် ပို့ပါတယ်။ တစ် ၂ လုံးကို ပြင်လိုက်တယ်။ ဆောရီး။

Hives အင်ပျဉ် https://doctortintswe.blogspot.com/2018/09/hives.html

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown man and woman # 2

ကျား မ အသက်တွေ မသိ

ဆရာ မင်္ဂလာပါ ခင်ဗျ ကျနော် အိမ်ထောင်ကျတာ ၂နှစ် ကျော်ပါပီ ခင်ဗျ အိမ်ထောင်သက် ၂နှစ်ကျော်အတွင်း ကလေး မရသေးလို့ အကြံဥာဏ်လေး ပေး ပေးပါ ဆရာ ခင်ဗျ

ကျား-မ အသက်တွေ မသိ။ အမျိုးသမီး ရာသီ မသိ။ မေးနည်းပို့လိုက်တယ်။ အသက် အချက်အလက်တွေ မပြောလိုလည်း ဘလော့မှာ ဖတ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown man # 2

ဘီပိုးစီပိုးအကြောင်းမေးလို့ရလာဆရာ

အသဲရောင် ဘီ နဲ့ စီ စာတွေ ခဏခဏ (ခဏခဏ) တင်ထားတယ်။ မေးနည်းပါ ဘလော့မှာလည်း ဖတ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown man # 3

တစ် ၃ လုံး ပြင်လိုက်တယ်

ဆရာခင်ဗျာ ကျွန်တော့ ညာဘက် လက်သန်းကြွယ် အဖျားစွန်းဘက် လက်ဆစ်လေးက သွေးအလျှောက်သလို ထုံနေတာ တရက်ကျော်လောက်ကြာနေပါတယ် ခင်ဗျာ့ တချို့က လေဖြတ်တတ်တယ် လို့ပြောနေကြလို့ အန္တရာယ် ရှိနိုင်လား သိချင်လို့ပါ ဆရာခင်ဗျာ ကျွန်တော့အဖေ ကိုယ်တိုင်လည်း အဲ့လို သွေးမလျှောက်တာကနေ ခြေမလေးတဆစ်က ပုပ်သလိုဖြစ်ပြီး နောက်ဆုံးဖြတ်လိုက်ရလို့ပါ ဆရာကြီးခင်ဗျာ့

အသက် မသိ။ မပြောလည်းရ။ မေးနည်းပါ ဘလော့မှာ ဖတ်နိုင်။ တစ် ၃ လုံး ပြင်လိုက်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown man # 4

Hepatitis B ထက်ဆိုတာ ချွန်ထက်တာ

ဆရာရှင့် မေးချင်လို့ပါ အသက်က ၂၈နှစ်ပါ ယောက်ကျားလေးပါ သွေးစစ်တာ ဘီပိုးရှိတယ်လို့ သိရလို့ပါ အဲ့ဒါ ဘာဆေးတွေ ထက်သောက်သင့်လည်းရှင့်

Hepatitis B treatment (ဘီ) ပိုးကုသနည်း https://doctortintswe.blogspot.com/2016/02/hepatitis-b-treatment.html

ဆေးတွေထက်သောက် မဟုတ်။ ထပ်သောက်လို့ ရေးရတယ်။ ထက်ဆိုတာ ချွန်ထက်တာ။ ထပ်က ထပ်လkပ်တာ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown man and woman # 3

ကလေးလိုချင်လို့ပါဆရာ အိမ်ထောင်သက်၃နှစ်ကျော်ပါပြီ။ အကြံပေးပါဦးဆရာ။

ဘလော့မှာ ဖတ်နိုင်။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဟုတ်ကဲ့ပါ သေချာရေးပြီး gmail ကနေမေးလိုက်ပါမယ်ဆရာ

Og ပြခဲ့တာဆရာ Result နဲ့ ပေးတဲ့ဆေးတွေအရ ကလေးရနိုင်လားဆရာ မိန်းမဘက်ကတော့ ထူးထူးခြားခြား ချွတ်ယွင်းချက်မရှိဘူးတဲ့ခဗျ ဆေးသုံးလစာပေးခဲ့ပါတယ် နှစ်ယောက်လုံးကို

အသက်မပြောလိုသူတွေအတွက် ဘလော့လင့် ပေးထားတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown man # 5

ဆရာ ကျွန်တော့်ကို ကူညီပါအုံးဆရာရယ် ဆိုင်ကယ်အက်စီးဒန့်ဖြစ်တုံးက အမာရွတ်ကို ဘယ်လိုဆေးနည်းနဲ့ ပြောက်အောင်လုပ်ရမလဲဆရာ မျက်နာမှာဖြစ်နေတော့ လူကြားထဲဆိုအရမ်းအားငယ်မိတယ် ကျွန်တော့်ကို ကူညီပါအုံးဆရာ

အသက် မသိ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ပျောက်လို့ ရေးရတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown man # 6

မင်္ဂလာပါ ဆရာ ကျနော့့် ထိပ်မှာ အနီရောင်အဖု အရည်ကြည်ဖုလေးတွေ ထွက်နေပြီး အရေပြားပေါ်မှာလဲ အရည်ကြည်ဖုထွက်နေပါတယ် တခါတလေဆို အရမ်းယားပါတယ် မနေနိုင်အောင်ပါပဲဆရာ ဆေးသောက်လို့ ပျောက်ပါ့မလား ဘယ်လိုရောဂါမျိုးဖြစ်နေလဲ ပြောပြပေးပါလား ဆရာ (လေးစားစွာဖြင့်)

အသက် မသိ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ပျောက်လို့ ရေးရတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

လာပြန်ပြီ နောက်တယောက် နောက်တခု နောက်ထပ် လိမ်ချင်သူ နောက်ထပ် အလိမ်ခံချင်သူ

ဇွဲထက်မင်း ဆိုတဲ့နာမည်နဲ့ လာအပ်ရင် လက်မခံမိစေနဲ့။ အဲ့ဒီအကောင့်က မောင်တော ဘက်ကဘင်္ဂ်ါလီhacker!့

လာပြန်ပြီ နောက်တယောက်။ နောက်တခု။ နောက်ထပ် လိမ်ချင်သူ။ နောက်ထပ် အလိမ်ခံချင်သူ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

ကော်ဖီမစ် သောက်လို့ရပါသလားရှင့်

မင်္ဂလာပါဆရာ သမီးအသက် 25 ရှိပါပြီ သားဦးကလေးလေးမွေးထားတာဒီနေ့ နဲ့ဆို 11 ရက်ရပါပြီ ကော်ဖီမစ် သောက်လို့ရပါသလားရှင့် ကျေးဇူးတင်ပါတယ်ဆရာရှင် အစားအသောက် ဆောင်ရန်ရှောင်ရန်လေးတွေလဲ ပြောပြပေးပါရှင်

Myths of Pregnancy and Postpartum မီးတွင်းကျန်းမာရေး အယူအဆအမှားများ https://doctortintswe.blogspot.com/2017/06/myths-of-pregnancy-and-postpartum.html
Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2014/10/coffee-mix.html

သတ်ပုံပြင်စရာမလိုတဲ့မေးခွန်း။ ကွန်ဂရက်ကျူလေးရှင်း။ အတော်များများက သားဦးကို သက်ဦး၊ တချို့က သဦး၊ တချို့က တစ်ဦးလို့ရေးကြတယ်။ အတော်ကြီးများများက ပါပြီကိုပါပီလို့မှားရေးနေကြတယ်။ မြန်မာစာမှာ မစ် လုပ်တာတွေက များလှတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Common Cold in children ကလေးတွေ အအေးမိရင်

ဆရာရှင့် ကျွန်မရဲ့ကလေးတွေက အသက် ၂လခွဲသာရှိပါတယ် ညညဆိုနှာစေးတာနဲ့ နို့မစို့နိုင်အိပ်မပျော်ကြပါဘူး ရေငွေ့ထုတ်စက်လေးသုံးသင့်ပါသလားဆရာ ရေငွေ့ထုတ်စက်က အပူအအေးရှိတော့ ဘယ်စက်က ပိုကောင်းပါသလဲဆရာ

Common Cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Vomiting in babies ကလေးတွေအန်ရင်

ဆရာရှင့် ကျမသားလေး ၁၃ ရက်သားလေး ဒီနေ့နို့သီးခေါင်းတဝိုက် မာနေတယ် နှစ်ဖက်လုံး ဘာဖြစ်တာလဲ စိုးရိမ်ရလား

ခဏခဏမစမ်းသင့်။ စောင့်ကြည့်နိုင်။

ဆရာရှင့် ကျွန်မသားလေး ခုနှစ်လနှာစေးချောင်းဆိုးပြီးအန်နေတယ် ဆေးခန်းပြတာသုံးရက်ပြည့်ပြီဆေးသောက်ရတာ ကျန်တာသက်သာပြီးအန်တာကမပျောက်ဘူး တရက်ကို တခါနှစ်ခါအန်တယ် ဒီတိုင်းနေလဲအော့ အော့နေတာ ဘယ်လိုလုပ်ရမလဲ

Vomiting in babies ကလေးတွေအန်ရင် https://doctortintswe.blogspot.com/2016/02/vomiting-in-babies.html

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Unknown woman # 3

ဆရာရှင့် Allergic ချောင်းဆိုးနေတာကြာပါပြီ ဘယ်လိုသက်သာအောင်လုပ်ရမလည်း နည်းလမ်းတွေပြောပြပေးပါရှင့်

အသက် မသိ။ အမျိုးသမီးနဲ့ဆိုင်တဲ့ အချက်အလက်တွေ မသိ။ မပြောလည်းရ။ မေးနည်းစည်းကမ်းပါ ဘလော့မှာဖတ်နိုင်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

ကန်တော့ပါမေးခွန်း (၁)

ဆရာရေ သုံးလခံဆေးထိုးပြီး အတူတူနေဖို့ အချိန်ဘယ်လောက်စောင့်သလဲ ဗိုက်ခွဲမွေးပြီး နှစ်လဘဲရှိတော့ နောက်ကိုယ်ဝန်ရမှာ စိုးရိမ်းလို့ပါ ကျေးဇူးပြု၍ ပြောပေးပါဆရာ

Depo Provera သုံးလခံ ကိုယ်ဝန်တားထိုးဆေး https://doctortintswe.blogspot.com/2016/04/depo-provera.html

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

ကန်တော့ပါမေးခွန်း (၂)

ဆရာ ခင်ဗျာ ကျွန်တော့်အသက် က၂၃နှစ်ပါ ယောကျာ်းလေး လူပျိုပါခင်ဗျာ လွန်ခဲ့တဲ့၅ လခန့်က ကျွန်တော့့် နဲ့ ပျော်ပါးခဲ့ပါတယ်ဆရာ ကျွန်တော် စိုးရိမ်လို့ဆေးစစ်ထားပါတယ်ခင်ဗျာ နောက်ထပ်တခါ ထပ်စစ်ဖို့လိုသေးလားခင်ဗျာ

HIV ကိုတော့ ၃ လနေမှသာ စစ်နိုင်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

ကန်တော့ပါမေးခွန်း (၃)

မင်္ဂလာပါဆရာ ကျွန်မအသက်က ၃၂ နှစ်ပါ ၂ နှစ်အရွယ်သမီးလေးတဦးရှိပါတယ် ဒုတိယကလေးယူဖို့ သားဥကြွေတဲ့ရက် အောက်တိုဘာ ၂၃ ၂၄ ၂၅ မှာအမျိုးသားနဲ့ ပါတယ်ရှင် အခုဆိုတပါတ်ရှိပါပြီ ကိုယ်ဝန်ရှိမရှိစစ်လိုရပါသလားရှင် ဒီနေ့ စစ်တာ မျဉ်း၂ ကြောင်းမပေါ်လို့ပါ ဒါမှမဟုတ် နောက်လ ၁၂ ရက်သွေးမပေါ်မှစစ်ရမှာပါလားရှင် ဒီကြားထဲစစ်ရင် တလမပြည့်လို့ ရမရ သိချင်လို့ပါဆရာ

ခဏခဏ နေ့တိုင်းလိုလို ဖြေနေတယ်။ ရာသီ တပတ်နောက်ကျချိန်ကစပြီး ဆီးစစ်နိုင်။ တစ် ၃ လုံးပြင်လိုက်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Breast Pain အသက်ကို အရင်မရေးတာတိုင်းကို ၂ ခါဖတ်ရတယ်

(ကန်တော့)

ကျမကိုလဲ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ ရင်သားနှစ်ဖက်လုံး ကြွက်သားတွေနာနေတာ တပတ်လောက်ရှိပြီ မယ်မိုဂရမ်ရိုက်ဖို့လဲ မိုးကုတ်မှာမရှိဘူး အကျိတ်တော့မစမ်းမိဘူး ရင်သားတခုလုံးတော့ ပူစပ်နာကျင်ပြီး နေရခက်နေပါတယ် ဘာဖြစ်လို့များလဲ အရမ်းသိချင်ပါတယ်ရှင့် ကလေးနှစ်ယောက်နဲ့ပါ အသက်ကသုံးဆယ့်ခုနှစ်ထဲမှာပါ ဖြေပေးပါနော် ဒေါက်တာအားကိုးပါတယ်

Breast Pain ရင်သားနာတာ ဘာလို့ပါလဲ http://doctortintswe.blogspot.com/2016/04/breast-pain.html

အသက်ကို အရင်မရေးတာတိုင်းကို ၂ ခါဖတ်ရတယ်။ အဲလိုမရေးဘို့ နေ့တိုင်း ရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Respiratory tract infections အသက်ရှူလမ်း ပိုးဝင်ခြင်း

မင်္ဂလာပါ ဆရာရှင့် ကျွန်မအသက် (၂၃)နှစ်ပါ။ (၉၃)ပေါင်ပါရှင့်။ အသက် (၁၀)နှစ်ဝန်းကျင်မှာ တီဘီဖြစ်ခဲ့ပါတယ်ရှင့်။ တီဘီဆေး (၆)လသောက်ခဲ့ပါတယ်ရှင့်။ မေးစေ့အောက်မှာ အကြိတ်တစ်လုံးရှိပြီး လည်ပင်းဘေးနှစ်ဖက်မှာ အကြိတ်အသေး (၂)လုံးစီ ရှိပါတယ်ဆရာ။ စာကိုအသံထွက်ပြီး ကြာကြာဖတ်ကျက်မိသည့်အခါနှင့် ခရီးထွက်သည့်အခါတိုင်း မကြာခန အာသီးရောင်တတ်ပြီး ရာသီဥတုအကူးအပြောင်းတိုင်း ချောင်းရက်ရှည် ဆိုးပါတယ်ဆရာ။ ဆောင်းတွင်းရောက်လျှင် တစ်ရာသီလုံးနီးပါး ချောင်းဆိုးတတ်ပါတယ်။ ဆေးခန်းပြသော်လည်း မကြာခန ချောင်းဆိုးပြီး အာသီးရောင်နေဆဲပါဆရာ။ယခု ကျွန်မချောင်းဆိုးတာ ၃ပတ်ကျော်နေပါပြီဆရာ။ ရောဂါအမျိုးအစားနှင့် ချောင်းဆိုးပျောက်ရန် ဘယ်လိုဆေးမျိုးသောက်ရမည်ကို သိလိုပါသည်ရှင့်။

• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Scar အမာရွတ်

မင်္ဂလာပါဆရာ ကျွန်မအမျိုးသားအသက်၂၆ပါဆရာ ဆိုင်ကယ်မှောက်ပြီးမျက်နှာပေါ်အမာရွတ်ကြီးပါတယ်ဆရာ ပျောက်စေချင်လို့ဘာဆေးလိမ်းပေးရမလဲဆရာ

Scar (1) အမာရွတ် (၁) http://doctortintswe.blogspot.com/2015/03/scar-1.html
Scar (2) အမာရွတ် (၂) http://doctortintswe.blogspot.com/2014/11/scar-2_21.html
Scar (3) အမာရွတ် (၃) http://doctortintswe.blogspot.com/2015/03/scar-2.html

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၈

Mammogram မင်မိုဂရမ် အဖြေ

ကျွန်မ မျက်နှာအပါအဝင် ခန္ဓာကိုယ် အနှံ့အပြားမှာ အရည်ကြည်ဖုလေးတွေပေါက်လာပါတယ်။ ပထမဦးဆုံး အရေပြား နီရဲလာပြီး မှ အလယ်မှာ အရေကြည်ဖုတွေပေါက်လာတာမျိုးပါ။ တစ်ချက်တစ်ချက် စူးကနဲယားတတ်ပါတယ်။ တစ်လုံးစ နှစ်လုံးစ စပေါက်တဲ့နေ့မှ ယနေ့အထိဆို ၃ ရက်ရှိပါပြီ။(ပုံများလည်း အောက်မှာကြည့်ရှုလို့ရပါတယ်။) ကျွန်မက အသက် (၃၂) နှစ်၊ အပျိုပါ။ နိုင်ငံရပ်ခြားမှာ ၁၂ ရက်လောက် သွားနေခဲ့ရပြီး ပြန်ခါနီး နောက်ဆုံးရက်မှာ ဖြစ်ပေါ်လာတာပါ။ ကျွန်မ ဘယ်ဘက်ရင်သားမှာ အကျိတ်တွေ့လို့ Mammogram  (အသက်ငယ်သေးသော်လည်း) ရိုက်ထားဖူးသူပါ။ လွန်ခဲ့တဲ့ ၂၅ ရက်ခန့်က အကျိတ်စတွေ့ပြီး Mammogram ရိုက်ခဲ့ပါတယ်။ အဖြေအရ အကျိတ်မဟုတ်ဘဲ ရေအိတ်သာဖြစ်လို့ Fine Needle Aspiration (အပ်နဲ့စုပ်ထုတ်ခြင်း) ပြုလုပ်ပြီးစီးသွားပါပြီ။ BIRADS level II ရှိပါတယ်။ ဒီကုသမှုတွေကို ဘန်ကောက်ဆေးရုံသို့ သွားရောက် ကုသခဲ့တာဖြစ်ပြီး တနှစ်တကြိမ် ပြန်လာပြဖို့ ညွှန်ကြားထားပါတယ်ရှင့်။ ယခုလို အဖုတွေပေါက်တာဟာ Mammogram ရိုက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နေမလားလို့ ပြေါပြတဲ့သဘောပါရှင့်။ ဒီနေ့တော့ CALAMINE Lotion ကိုပါးပါးလေးလိမ်းထားပါတယ်။ အရက်ပြန်လည်း တို့တို့ပေးပါတယ်။ အဖုတွေပျောက်ဖို့နဲ့ ပေါက်ရတဲ့ အကြောင်းရင်းကိုသိလိုပါသဖြင့် ဆရာရဲ့ အကြံပြုချက် ညွှန်ကြားချက်လေးများ ကျေးဇူးပြု၍ တတ်နိုင်သမျှအမြန်ဆုံး သိပါရ ကြားပါရစေရှင့်။

အသက်ကို အရင်မရေးလို့ ၂ ခါထပ်ဖတ်ရ။

မင်မိုဂရမ်ကြောင့် မဟုတ်လောက်။ အလာဂျီ သို့ အင်းဆက်တမျိုးမျိုးကိုက်သလား စဉ်းစားရ။ ပုံပါလိမ်းဆေးသင့်။ တချို့နေရာတွေမှာ ပြည်တွေ့။ အလိုလိုမပျောက်ရင် ပိုးသေဆေးလိုနိုင်။ Cipladine cream လိမ်းနိုင်။ စားဆေး မလိုလောက်လို့ထင်ရ။

BI-RADS ရင်သား မင်မိုဂရမ်အဖြေ
Category 0 = စစ်ဆေးခြင်းမပြည့်စုံ
Category 1 = ကင်ဆာမရှိ၊ သိပ်သည်းမှု ပုံမှန်။
Category 2 = ပုံမှန်။ ကင်ဆာမရတွေ့။ တချို့ကို ပုံမှန်ပြန်စစ်ဘို့ အကြံပြုမယ်။ မေးခွန်းပါလူနာအဖြေ။
Category 3 = ပုံမှန်ဖြစ်နိုင်။ ၂% တော့ ကင်ဆာအလားအလာရှိ။ ၆ လတကြိမ် ထပ်စစ်ပါ။
Category 4 = ပုံမှန်မဟုတ်တာတွေ့ရှိ။ ၂၀% ကနေ ၃၄% ကင်ဆာဖြစ်လမ်းရှိ။ ဘိုအော့ပစီလုပ်မယ်။ 4A အေ၊ 4B ဘီနဲ့ 4C စီလို့ထပ်ခွဲသေးတယ်။
Category 5 = ကင်ဆာသံသယရှိ။ ၉၅% ကင်ဆာဖြစ်နိုင်။ ဘိုအော့ပစီ သေချာပေါက်လုပ်ရမယ်။
Category 6 = ဘိုင်အော့်ပစီလည်းစစ်ပြီး၊ ရင်သားကင်ဆာ

ဒေါက်တာတင့်ဆွေ
၃၁-၁၀-၂၀၁၈

ဆရာမင်္ဂလာပါ

ကျွန်မရဲ့အသက်ကတော့ ၂၅ ပြည့်မှာပါ နယ်ကပါ ရန်ကုန်မှာအလုပ်လုပ်ဖို့ရောက်နေတာပါ ညတည အိပ်နေရင်း တကိုယ်လုံးတုန်ပြီးတက်တယ်လို့ အခန်းဖော်သူငယ်ချင်းတွေကပြောပါတယ် သတိရလာတော့ အဲ့လိုဖြစ်တာကို ကျွန်မလုံးဝမသိပါဘူး သူငယ်ချင်းတွေနဲ့ ကျွန်မကသရဲဝင်ပူးတယ်လို့ထင်မှတ်ခဲ့ကြတယ် မနက်မှ တကိုယ်လုံးနာနေမှန်း သိတယ် ပါးကြောတွေရောနာတယ် အဲ့ဒါကိုလည်းဂရုမစိုက်ခဲ့မိဘူး အလုပ်သွားမြဲသွားခဲ့ပါတယ် နောက်ဆယ်ရက်လောက်ကြာတော့ အလုပ်ထဲမှာလုပ်နေရင်းသတိလစ်ပြီး တက်သွားလို့ ဆေးရုံပို့လိုက်ကြတော့မှဆေးရုံရောက်မှ သတိရတယ် ECG ရိုက်ကြတယ် စမ်းသပ်ကြတယ် သွေးစစ်တာနဲ့ခေါင်းကို EEG ရိုက်ခိုင်းတယ် ဒါပေမယ့် မလုပ်ခဲ့ရဘူး အဲ့ဒါနဲ့လေ ညတက်တုန်းကတော့ နောက်ရက်တွေဆိုကိုယ်ခန္ဓာမှာပုရွက်ဆိတ်တွေတက်တယ် ဘာဖြစ်တယ်ဆိုတာတော့ ခုထိသိရသေးဘူး။

ဘာကြောင့်လဲ ဘာဖြစ်ခဲ့သလဲ သေချာ မသိသေး မေးချင်တာတွေတော့ မရှိတယ်။ မမေးတော့ပါ။ လင့်တွေပို့မယ်။ ဖတ်ပြီး ကိုယ့်မှာဘာဖြစ်သလဲ စဉ်းစားပါ။

1. Elastic epilepsy အတက်ရောဂါတမျိုး http://doctortintswe.blogspot.com/2015/10/elastic-epilepsy.html
2. Epilepsy အတက်ရောဂါ http://doctortintswe.blogspot.com/2016/11/epilepsy-1.html
3. Epilepsy အတက်ရောဂါ https://doctortintswe.blogspot.com/2016/11/epilepsy-1.html
4. Fainting မူးမေ့ခြင်း https://doctortintswe.blogspot.com/2018/01/fainting.html
5. Night terrors အိပ်မက်ထဲ သူရဲစီးခံရခြင် https://doctortintswe.blogspot.com/2018/07/night-terrors.html
6. Seizure First Aid တက်နေသူကို ရှေးဦးသူနာပြုစုခြင်း http://doctortintswe.blogspot.com/2017/03/seizure-first-aid_9.html
7. Sleep paralysis ဘီလူးစီးခြင်း https://doctortintswe.blogspot.com/2016/10/sleep-paralysis.html

ဒေါက်တာတင့်ဆွေ
၃၁-၁၀-၂၀၁၈

A Humble Request

အီမိုကွန်အရုပ်တွေ စတစ်ကာတွေ အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေ သတင်းတွေ သီချင်းတွေ တရားတွေ ဘုရားပုံတွေ ဆုတောင်းစာတွေ ခြိမ်းခြောက်စာတွေ ဟက်ကာဆိုတာတွေ ရွှေပေလွှာတွေ မပို့ပါရန် မကပ်ပါရန်လို့ အကြိမ်ပေါင်း တရာလောက်ရေးထားတယ်။

လက်နဲ့ ကြိုက် မကြိုက်သာ ရေးပါရန်။

ဒေါက်တာတင့်ဆွေ

Rash ယားနာပုံစံက ပွေးကွက်လိုပုံမျိုးဖြစ်ပြီး

သမီးအသက်က ၂၉ ပါ သမီးအရေပြားယားယံတဲ့ဝေဒနာခံစားနေရပါတယ် ပေါင်နှင့် အတွင်းခံဝတ်တဲ့နေရာအပါအ၀င် ခြေထောက်မှာလဲ အနည်းငယ်ရှိနေပါတယ် ယားနာပုံစံက ပွေးကွက်လိုပုံမျိုးဖြစ်ပြီး ဆေးလိမ်းပြီး၂ ရက်လောက်ကြလျှင် အရေခွံလေးတွေလန်သွားပြီးခဏ သက်သာသွားပါတယ် နောက်ရက်အနည်းငယ်ကျရင် ပြန်ယားလာပါတယ်ဆရာရှင့် နီးစပ်ရာဆရာဝန်နှင့် ဆေးပြတော့ သောက်ဆေးနှင့် zaricort လိမ်းဆေးပေးပါတယ် အရှင်း ပျောက်မသွားလို့ သမီးကို ဆေးလေးပြောပြပေးပါရှင် လိုအပ်လို့ ဆေးသောက်ရမယ်ဆိုလဲသောက်ပါမယ်ရှင့် ဖြစ်နေတာ ၁ နှစ်လောက်ရှိပါပြီဆရာ

ပွေး၊ ယားနာ၊ ဖန်းဂတ်၊ အလာဂျီ၊ နှင်းခူ မတူကြပါ။ ဆေးနည်းလည်း တခြားစီ။ မေးတဲံသူ ဘာဖြစ်နေ မသိသေးပါ။ ရောဂါစာအားလုံး ဘလော့မှာ ဖတ်နိုင်တယ်။

Ringworm ပွေး https://doctortintswe.blogspot.com/2014/12/ringworm.html
Fungus မိုးစိုစို မှိုသတိထား http://doctortintswe.blogspot.com/2015/08/fungus.html
Scabies ယားနာ (ဝဲ) https://doctortintswe.blogspot.com/2016/09/scabies.ht
Hives အင်ပျဉ် https://doctortintswe.blogspot.com/2018/09/hives.html
Dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားအနာ https://doctortintswe.blogspot.com/2014/12/eczema.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး