ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ

တူတော်မောင်တယောက်က ခွေးကလေးနဲ့ကစားနေတဲ့ပုံတွေ့လို့။ ပြီကိုပီလိုရေးတဲ့မေးခွန်း တနေ့မှာ ၄၅-၁၀ ယောက် လာတယ်။ မင့်ပုံကိုယူသုံးလိုက်ရင် ပီလို့ရေးသူ အယောက် ၂၀ ဖြစ်မှာစိုးလို့။

၁။ ကျတော့်ကလေးက ၉လ ရှိပါပီ ဝမ်းသွားတာ ၅ရက်ရှိပါပီ အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ ပီးတော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး ကလေးတွက် ဝမ်းသွားနေချိန်မှာ အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပါပီ

၂။ Share ပါပီ ဆရာ

၃။ ဟုတ် ကျေးဇူးပါ ဆရာ ဖတ်ပီးပါပီ

ပီ
စကားပီပီ (စကားပြီပြီ)
ပီနံသီး
ပီပီပြင်ပြင်
ပီလာ = ဧကန်မုချ၊ အမှန်
ပီလားကောင်
ပီလာကြိုး
ပီသ
ပီလောပင်
ပီလောပီနံပင်
ပီအောင်ဆို
မိန်းမပီပီ
ရဟန်းပီပီ
ခွေးကလေးပါပီ
ယောက်ျားပီသသည်

ပြီ
ချစ်မိနေပြီ
ချမ်းသာပြီ
စကားပြီ
စားပြီးပြီ
တန်ပြီ
မွဲပြီ
မှန်ပြီ
များလေပြီ
ပြန်လာပြီ
ပြီးပါပြီ
ပြီတီတီ
ပြီပြီသသ
လာပါပြီ
သွားလေပြီ
ဟုတ်လှပြီ
အချိန်သင့်ပြီ
အဆင်သင့်ဖြစ်ပြီ
ကောင်းပြီ
တော်ပြီ
သေပြီ

ပြီး
ပြီးကပစ်လုပ်သည်၊
ပြီးခိုင် = ပြည့်စုံသည်
ပြီးစလွယ်လုပ်သည်၊
ပြီးစီးသွားပြီ၊
ပြီးဆုံးသည်၊
ပြီးငြိမ်း
ပြီးပြည့်စုံ၊
ပြီးပြတ်
ပြီးမြောက်
ပြီးမြောက်အောင်လုပ်သည်။
ပြီးအောင်လုပ်
သို့တပြီးကား
အပြီးတိုင်အောင်

ခွေးကလေးပါပီသီချင်းကို ပီပီသသသီဆိုလို့ ပြီးပါပြီ။

ဒေါက်တာတင့်ဆွေ
၂၈-၁၀-၂၀၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး