မျှော် မြော် မြှော်



ဆရာ မျှော် နဲ့မြှော် သုံးစွဲပုံလေး သိချင်ပါတယ်။ မျှော်လင့် မြှော် လင့် အပေါ်ကယပင့်က မှန်မယ်ထင်ပါတယ်

၂၄-၉-၁၀၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာပါတဲ့ ခေါင်းစဉ်တခုက အရှေ့အဖုံးမှာကျတော့ ကမ္ဘာ့အရေးမြော်တွေးရှုဆ ကုလသမဂ္ဂ၊ အတွင်းပိုင်းမှာကျတော့ ကမ္ဘာ့အရေးမျှော်တွေးရှုဆကုလသမဂ္ဂ ဆိုပြီး ကွဲလွဲနေပါတယ်ဆရာ ဘယ်တခုက အမှန်ပါလဲဆရာ။

မျှော်
တခုခုကိုမျှော်
တမျှော်တခေါ်
ဖူးမျှော်ကန်တော့
ရှုမျှော်
ရှုမျှော်ခင်း
အစာကိုမျှော်
မျှော် = မျက်စိဖြင့်ကြည့်ရှုသည်
မျှော်ကိုး
မျှော်ငံ့
မျှော်စင်
မျှော်ကြည့်
မျှော်မှန်း
မျှော်ရှု
မျှော်လင့်
မျှော်တော်ယောင်

မြော်
ဖူးမြော်
မျက်မြော်
မြင်မြော်
အမြော်အမြင်
မြော်ကဝမ်းသာ (မြင်ကဝမ်းသာ)
မြော်ချင့်
မြော်ဆ
မြော်မြင် = ပညာမျက်စိဖြင့် အရှည်ကြည့်သည်
မြော်လည်းမရဲ = ကြည့်မြင်၍ မရောင့်ရဲနိုင်
မြော်သည် = မြင်သည်၊ ကြည့်သည်၊ တွေးခေါ်သည်
မြော်တွေးသည် = မြော်ထောက်သည်၊ မြော်လင့်သည်

မြှော်
စိတ်ကမြှော်သည်
ဥာဏ်မြှော်မြင်
အဝေးသို့မြှော်
မြှော်ခေါ်
မြှော်တွေး
မြှော်ထောက်
မြှော်လင့်တောင့်တ
မမြှော်ဘဲနှင့် စော်ကဲမင်းဖြစ်

မြှော်တလင့်လင့် ရွှေဥဒေါင်းစာအုပ်အဖုံးက မြန်မာစာသတ်ပုံကို တင်ပြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး